Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

လူတစ်ယောက် သင့်အကြောင်း အိပ်မက်မက်စေချင်ရင် ဒါတွေလုပ်ကြည့်ပါ

Image



လူတစ်ယောက်ကို ကိုယ့်အကြောင်း အိပ်မက်စေဖို့ဆိုတာ တော်တော် ခက်ခဲပါတယ် ။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်အိပ်မက်တောင် ဘာကို မက်ချင်တယ်ဆိုပြီး ကြိုတင်ပြီး အစီအစဉ်ချထားလို့မှ မရတာကိုး ။ ဒါပေမဲ့ မဖြစ်နိုင်ဘူးရယ်တော့ မဟုတ်ပါဘူး ။

အိပ်မက်ဆိုတာ မသိစိတ်က ကျွန်တော်တို့ ကြုံတွေ့နေရတဲ့ ပြဿနာတွေကို ညဘက်မှာ အိပ်မက်အဖြစ် အသွင်ပြောင်းလိုက်ခြင်း ဖြစ်ပါတယ် ။ မသိစိတ်ဆိုတာကလဲ ကျွန်တော်တို့ လူသားတွေအနေနဲ့ လုံး၀မသိတဲ့ အတွက် မသိစိတ်ရယ်လို့ နာမည်ပေးထားခြင်း ဖြစ်ပါတယ် ။ ဒါပေမဲ့ မသိစိတ်အကြောင်းကို လုံးလုံးလျားလျားကြီး မသိကြတာမဟုတ်ဘဲ မသိစိတ်မှာ စိုးမိုးသွားစေနိုင်တယ်လို့ ယူဆထားတယ် အချက်လေးတွေရှိပါတယ် ။

အခုတော့ လူတစ်ယောက် မိမိအကြောင်းကို အိပ်မက်မက်စေဖို့ သူရဲ့ မသိစိတ်ထဲမှာ စိုးမိုးသွားစေနိုင်မဲ့ နည်းလမ်းလေးတွေကို ဖော်ပြလိုက်ပါတယ် ။

၁။ မသိစိတ်ထဲရောက်အောင်လုပ်ပါ ။

အထက်က ပြောခဲ့သလိုပါပဲ မသိစိတ်က ကျွန်တော်တို့ရဲ့ အိပ်မက်ကို ဖန်တီးတာ ဖြစ်ပါတယ် ။ ဒါပေမဲ့ မသိစိတ်ဟာ လူတွေ မသိကြတဲ့အတွက် မသိစိတ်လို့ နာမည်ပေးထားတာ ဖြစ်ပေမဲ့ သူမရဲ့ မသိစိတ်ထဲ ရောက်စေတယ်လို့ ယေဘုယျအားဖြင့် ယုံကြည်ကြတဲ့ အချက်တွေရှိပါတယ် ။ သူ့ကို မိမိရဲ့ ဓာတ်ပုံ ပေးပို့ထားပါ ။

သူကလည်း သင့်ကို တကယ်စိတ်၀င်စားနေပြီး သူအိပ်ယာမ၀င်ခင်ကြည့့့့့့့့့့့့့့့့့့်မိတဲ့ ပုံဟာ သင်ပုံဖြစ်မယ်ဆိုရင် သင့်အကြောင်း အိပ်မက်မက်ဖို့ အထောက်အကူ ပြုပါလိမ့်မယ် ။ ညအိပ်ယာမ၀င်ခင် ဖုန်းခေါ်ပါ ။ ဒီလိုပြုလုပ်ပေးခြင်းကလည်း ခုနတုန်းက ဓာတ်ပုံပေးသလိုမျိုးပဲ သင့်အကြောင်းကို သူရဲ့ မသိစိတ်ထဲရောက်ရှိဖို့ ကူညီနိုင်ပါလိမ့်မယ် ။

၂။သင့်ရဲ့ ပင်ကို အနံ့တစ်ခုခုရှိပါစေ ။

သင်ဟာ သီးခြားရေမွှေး တစ်မျိုးမျိုး၊ ဒါမှမဟုတ် သီးခြား ဆပ်ပြာ တစ်မျိုးကို သုံးတယ်ဆိုရင် ထိုအနံ့အသက်ကလည်း သင့်အကြောင်း အိပ်မက်မက်ဖို့ အထောက်အကူ ပြုပေးမှာ ဖြစ်ပါတယ် ။ ဖြစ်နိုင်ရင်တော့ သူမအိပ်ခင် သင့်ရဲ့ ကိုယ်ပိုင် အနံ့အသက်လေးရနေတာ အကောင်းဆုံးပါပဲ ။

၃။သင့်ရဲ့ ပင်ကိုပုံစံ တစ်ခု ရှိနေပါစေ ။

ဥပမာ သင့်မှာ ကြောင်အကောင် ၂၀ လောက်ရှိနေတာ မျိုး စတဲ့ ထူးခြားတဲ့ ပင်ကိုယ်ပုံစံတွေကို ပြောပြပါ ။ သင့်အကြောင်းကို သူ့ကို အိပ်မက်မက်စေချင်တယ်ဆိုရင် မဖုံးကွယ်ပါနဲ့ ။ ဥပမာ သင့်အကြောင်းကို အိပ်မက်မက်စေချင်တဲ့ လူတစ်ယောက်က သင့်ကို ” ဘာရုပ်ရှင်ကားမျိုးတွေကြိုက်တတ်လဲ” လို့မေးလာခဲ့ရင် အင်း ” သရဲကားတွေတော့ ကြိုက်တယ် ” ဆိုတာမျိုး ၀ုိးတ၀ါး သွားမဖြေလိုက်ပါနဲ့ ။ ဥပမာ Cast away ဇာတ်ကားလေးကို ကြိုက်တယ်ပေါ့ ။ ဒီအထဲမှာ တွမ်ဟန့် သရုပ်ဆောင်သွားတာ အရမ်းကောင်းတာပဲ စသဖြင့် တိတိကျကျပြောပါ ။

၄။ စစ်မှန်သော ချီးမွမ်းစကား ပြောပါ ။

လူတိုင်းဟာ ကဲ့ရဲ့စကားပြောခဲ့တဲ့ လူတွေကို အမြဲမမှတ်ထားနိုင်ကြပေမဲ့ ချီးမွမ်းစကား ပြောခဲ့တဲ့ သူတွေကိုတော့ တစ်သက်လုံး မှတ်ထားနိုင်ကြပါတယ် ။လူတစ်ယောက်ရဲ့ စစ်မှန်သော အရည်အချင်း တစ်ခုခုအတွက် ချီးမွမ်းစကား ပြောပါပေးပါ ။ ချီးမွမ်းစကားပြောပေးခြင်းဖြင့် သင့်အကြောင်းကို သူ့အနေနဲ့ ပိုမှတ်မိနိုင်ပြီး သူ့ရဲ့ မသိစိတ်ထဲကို ရောက်သွားဖို့လည်း အခွင့်အလမ်းရှိပါတယ် ။

ဖိုးသူတော် (www.phothutaw.com)

Credit:santhitsa

#

Tags:
  • ,

Latest Comments

Leave a Comment