Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

လူဆယ်သန်းမှာ တစ်ယောက်တောင်ဖြစ်ခဲလှတဲ့ မျက်နှာနှစ်ဖက်နဲ့ လူသား

Image



အရင်တုန်းက အလွန်ထူးဆန်းပြီး သနားဖို့လည်းကောင်းတဲ့ အဖြစ်အပျက်လေးတစ်ခု ဖြစ်ပျက်ခဲ့ပါတယ်။ ခရစ်နှစ် ၁၈၀၀ ဝန်းကျင်လောက်မှာ Edward Mordrake ဆိုတဲ့ လူ တစ်ယောက်ဟာ မွေးလာကတည်းက သူ့ရဲ့ သဘာဝမျက်နှာအပြင် နောက်ထပ် မျက်နှာအပိုတစ်ပါ ပါလာပါတယ်။ အာ့ဒီ ဒုတိယမျက်နှာဟာ ထူးဆန်းပြီး အလွန်လည်း ကြည့်ရဆိုးလှပါတယ်။ သူ့ရဲ့ အပိုပါလာတဲ့ ဒုတိယမျက်နှာမှာ သာမန်မျက်နှာအတိုင်း မျက်လုံး ၊ နှာခေါင်း နဲ့ ပါးစပ်တို့ အကုန်ပါဝင်ပါတယ်။ အခုလို ထူးဆန်းလှတဲ့ အကြောင်းကို ဘော်စတွန် ပိုစ့် သတင်းစာမှာ ၁၈၉၅ ခုနှစ်က ဖော်ပြခဲ့ပါတယ်။

Edward ဟာ ယခုဖြစ်ရပ်ကြောင့် အလွန်ပဲ ရှက်ခဲ့ရပြီး သူ့အသက် ၂၃နှစ်မှာ ကိုယ့်ကိုကိုယ် သတ်သေဖို့ ကြိုးစားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သူဟာ တစ်ယောက်တည်း သီးသန့်နေထိုင်ခဲ့ပြီး သူ့ရဲ့မိသားစုတွေကိုလည်း အတွေ့မခံခဲ့ပါဘူး ။ ဒီနောက်သူဟာ ဆရာဝန်များစွာနဲ့ ပြခဲ့ပြီး ဆရာဝန်တိုင်းက ခွဲစိတ်ပေးဖို့ကို ငြင်းပယ်ခဲ့ကာ သေတဲ့အထိ ဒီဒုတိယမျက်နှာကို ဒီအတိုင်းထားဖို့ သာ အကြံပေးခဲ့ကြပါတယ်။ နောက်ပိုင်းမှာတော့ Edward ဟာ သူ့ရဲ့ ဒုတိယမျက်နှာကို ဖယ်ရှားဖို့ အကြံအစည်ကို လက်လွှတ်ခဲ့ပြီး သူဝါသနာ ပါတာလေးတွေကိုပဲ လေ့လာသင်ကြားခဲ့ပါတယ်။

Edward ဟာ ဂီတပညာရပ်ကို လေ့လာလိုက်စားခဲ့ပြီး တူရိယာအတီးပိုင်းမှာ အတော်လေးထူးချွန်ခဲ့ပါတယ်။ နောက်ပိုကင်းမှာတော့ Edward ဟာသေဆုံးသွားခဲ့ပြီး သမိုင်းအထောက်အထားတွေမှာ Edward ဘယ်လိုသေသွားတယ်ဆိုတာနဲ့ ဘယ်နေ့မှာသေဆုံးခဲ့တယ်ဆိုတဲ့ မှတ်တမ်းတွေကို မတွေ့ခဲ့ရပါဘူး။ အခုအခါမှာတော့ ဗြိတိန်နိုင်ငံရဲ့ ပြတိုက်တစ်ခုမှာ Edward ရဲ့ ဆေးစိမ်ထားတဲ့ မျက်နှာကို ပြသထားပြီး ယနေ့အချိန်အထိ လေ့လာသူတွေ များပြားလျက်ရှိနေပါတယ်။

ဖိုးသူတော် (www.phothutaw.com)

Credit: No One Cares

Latest Comments

Leave a Comment

Related News