Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

လိပ်ခေါင်းရောဂါကုသနည်း

Image



လိပ်ခေါင်းဆိုတာ လူတွေကို စိတ်ဒုက္ခပေးတဲ့ ရောဂါတွေထဲက တစ်ခုဖြစ်တယ်။

ကမ္ဘာပေါ်မှာ ကျား၊ မ၊ အသက်အရွယ်မရွေး ဒီရောဂါဖြစ်နိုင်တယ်။ အထူးသဖြင့် အသက် ၄၅-၆၅ အတွင်း အသက်ကြီးသူတွေမှာ အဓိကဖြစ်ကြပါတယ်။

လိပ်ခေါင်းဆိုတာ စအိုသွေးကြောရောင်ရမ်းရာက ဖြစ်လာတဲ့ ရောဂါပါ။

လိပ်ခေါင်းဖြစ်စေတဲ့ နောက်ခံအကြောင်းရင်း များစွာရှိပါတယ်။ အစားအသောက်၊ အနေအထိုင်၊ အလုပ်အကိုင်တွေနဲ့ ဆက်စပ်မှုရှိတယ်။

အမျှင်ဓာတ်ပါတဲ့ အသီးအနှံ အစားနည်းသူ၊ ဝမ်းချုပ်လွယ်သူ၊ အဆီအဆိမ့် အစားများသူတွေမှာလည်း ဖြစ်ကြတယ်။

အထိုင်များသူ၊ ဝမ်းသွားချိန်ကြာသူ၊ အလေးအပင်မသူ၊ လှုပ်ရှားမှုနည်းသူတွေမှာ အဖြစ်များတယ်။

အဝလွန်သူ၊ နာတာရှည် ဝမ်းချုပ်သူတွေမှာ အဓိကတွေ့ရတယ်။

ကိုယ်ဝန်ဆောင်တွေမှာ ပိုတွေ့ရတယ်။

ဂေးတွေမှာလည်း ဒီရောဂါနဲ့မကင်းပါ။

အသည်းရောဂါတွေက စအိုသွေးပြန်ကြောတွေကို ဖိအားသက်ရောက်စေလို့ လိပ်ခေါင်းပိုဖြစ်နိုင်တယ်။

နှာချေ၊ချောင်းဆိုး၊ ဝမ်းညှစ်လိုက်တာတွေက ဗိုက်ဖိအားများပြီး စအိုသွေးကြောတွေကို ဖိထားသလိုဖြစ်တယ်။

ကြာလာတော့ လိပ်ခေါင်းဖြစ်လာတယ်။ အနောက်နိုင်ငံတွေမှာ လူဦးရေရဲ့ ၅% နီးပါးဟာ ဒီဝေဒနာ ခံစားရသတဲ့။

လိပ်ခေါင်းဆိုတာ စအိုကနေ အပြင်ပြူထွက် ကျလာတဲ့ သွေးပြန်ကြောတွေ ဖြစ်ပါတယ်။

စအိုဆိုတာ မစင်အညစ်အကြေးစွန့်ရာ နောက်ဆုံး အစိတ်အပိုင်း ဖြစ်ပါတယ်။

အူမကြီးရဲ့ အောက်ဆုံးအပိုင်းလည်း ဖြစ်တယ်။

စအိုဆိုတာ ၂ လက်မလောက် ရှည်တဲ့ ကျုံ့နိုင်ဆန့်နိုင်တဲ့ ကြွက်သားပြွန်တစ်ခု ဖြစ်တယ်။

စအိုသွေးကြောတွေက များတယ်။ ဒီသွေးကြောတွေကို အစာဟောင်းအိမ် (rectum) နဲ့ ဆက်သွယ်ထားပါတယ်။

ဒီသွေးကြောတွေမှာ သွေးအိုင်ပြီး ဖောင်းလာ၊ ရောင်လာရာကနေ လိပ်ခေါင်းဆိုတာ ဖြစ်လာတယ်။

လိပ်ခေါင်းမှာ

အပြင်လိပ်နဲ့ အတွင်းလိပ်ဆိုပြီး ရှိတယ်။ ဆေးပညာက ခွဲခြားထားတဲ့

လိပ်ခေါင်းနဲ့ သာမန်လူတွေ နားလည်ထားတဲ့ လိပ်ခေါင်းမတူပါ။ 

ဆေးပညာအရ အပြင်လိပ်နဲ့ အတွင်းလိပ်ကို စအိုမှာရှိတဲ့ dentate line နဲ့ ခွဲခြားသတ်မှတ်လိုက်တယ်။

dentate

line အမှတ်ရဲ့အပေါ် (သုံးပုံနှစ်ပုံ) မှာရှိရင် အတွငိးလိပ်၊ အမှတ်ရဲ့

အောက်ဖက် (သုံးပုံတစ်ပုံ) မှာရှိရင် အပြင်လိပ်လို့ သတ်မှတ်ထားတယ်။

လူအများနားလည်တာက အပြင်ကို စူထွက်လာတဲ့ လိပ်ခေါင်းကိုသာ အပြင်လိပ်လို့ထင်ကြတာ ဖြစ်တယ်။

တကယ်က လိပ်ခေါင်း အဆငိ့သတ်မှတ်ချက်သာ ဖြစ်ပါတယ်။

၁၉၈၅ ခုနှစ်ကစပြီး လိပ်ခေါင်းကို အဆင့်လေးဆင့် ခွဲခြားလိုက်တယ်။

အဆင့်တစ် လိပ်ခေါင်း(Grade 1)

စအိုတွင်းသွေးကြော ဖောင်းမယ်၊ တချို့မှာ သွေးစပါပေမယ့် တချို့က ဘာလက္ခဏာမှ မပြသေးဘူး။

အဆင့်နှစ် လိပ်ခေါင်း(Grade 2)

ဝမ်းသွားတဲ့အခါ လိပ်ခေါင်းက အပြင်ကို စူထွက်လာတယ်။ ပြီးရင် သူ့ဘာသာ ပြန်ဝင်သွားတယ်။

အဆင့်သုံး လိပ်ခေါင်း(Grade 3)

ဝမ်းသွားချိန်မှာ လိပ်ခေါင်း ထွက်လာတယ်။ ဒီအဆင့်မှာ လိပ်ခေါင်းကို လက်နဲ့ ပြန်ထည့်လို့ ရသေးတယ်။

အဆင့်လေး လိပ်ခေါင်း(Grade 4)

နောက်ဆုံးအဆင့် ဖြစ်ပါတယ်။ အပြင်ထွက်နေတဲ့ လိပ်ခေါင်းဟာ ပြန်သွင်းလို့ မရတော့ဘူး။

စအိုုက

အပြင်ထွက်လာတဲ့ လိပ်ခေါင်းကို အဆင့် (၂) နောက်ပိုင်းမှ တွေ့မြင်ရတယ်။

လူအများသိတဲ့ အပြင်လိပ်က အဆင့် သုံး နဲ့ လေးကို ဆိုလိုတာဖြစ်ပါတယ်။

လိပ်ခေါင်းရဲ့

အဓိကလက္ခဏာ (၅) ခုရှိတယ်။ ဝမ်းသွားတိုင်း သွေးယိုတာ၊ ယားယံတတ်တာ၊ စအိုနေရာ

နာကျင်ပြီး အနေရခက်တာ၊ အောက်ခံစိုတာနဲ့ အဖုအကျိတ် ထွက်လာတာ ဖြစ်ပါတယ်။

လိပ်ခေါင်းရဲ့

ကနဦးလက္ခဏာက ဝမ်းသွားပြီးတဲ့အခါ သွေးစလေးတွေ စမ်းမိတာဖြစ်ပါတယ်။

ထွက်တဲ့သွေးက ခပ်ရဲရဲဖြစ်ပါတယ်။ ကြာလာတာနဲ့ ရောင်တာ၊ ယားတာ၊ နာတာ၊ ရဲတာ၊

အကျိအချွဲထွက်တာတွေ ဖြစ်လာတယ်။

တဖြည်းဖြည်း ပိုဆိုးလာတဲ့အဆင့်မှ

စအိုကနေ လိပ်ခေါင်းထွက်တာကို စမ်းသပ်မိတယ်။ အပြင်ထွကိတဲ့ လိပ်ခေါင်းဟာ

ကြာတဲ့အခါ လိမ်ပြီး သွေးမလျှောက်တော့ဘူး။ အရမ်းနာလာတယ်။

နာကျင်မှုဟာ ပထမ ၂ ရက်အတွင်း အဆိုးဆုံးဖြစ်ပြီး တစ်ပတ်အတွင်း ဖြည်းဖြည်းချင်း ပြန်ကောင်းလာတယ်။

နောက်ဖြစ်နိုင်ချေ တစ်ခုက သွေးခဲပိတ်တာဖြစ်တယ်။ ဒီအဆင့်မှာ သေချာပေါက် ကုဖို့ လိုပါတယ်။

လိပ်ခေါင်း ကုသနည်း

လိပ်ခေါင်း

ကုသနည်း အမျိုးမျိုးှရှိတယ်။ ရောဂါကို ကုသနည်းတွေထဲမှာ သားရေကွင်းပစ်

ကုသနည်း (rubber band ligation)ကို အများဆုံး သုံးပါတယ်။

လိပ်ခေါင်းအခြေကို ညှပ်ပြီး သားရေနဲ့ ချည်ပစ်ရတာ ဖြစ်ပါတယ်။

အဆင့်တစ် ၊အဆင့်နှစ်နဲ့ အဆင့်သုံး လိပ်ခေါင်းတွေမှာ သုံးနိုင်တယ်။

တခြားနည်းတွေလည်း

ရှိတယ်။ လိပ်ခေါင်းထဲကို အသားရှုံ့ဆေး (phenol) ထိုးထည့်ပေးတဲ့နည်း၊ အပူ၊

လျှပ်စစ် စတာတွေသုံးပြီး လိပ်ခေါင်းတစ်ရှုးတွေ ပျက်ဆီးစေတဲ့နည်း စသည်ဖြင့်

အမျိုးမျိုးရှိတယ်။

အဆင့်လေး (နောက်ဆုံးအဆင့်) လိပ်ခေါင်းအတွက် ခွဲစိတ်နည်းကတော့ အကောင်းဆုံးဖြစ်ပါတယ်။

လက္ခဏာတွေကို သက်သာစေဖို့ လိမ်းဆေးတွေက အသုံးဝင်တယ်။

လက္ခဏာကို ယာယီ သက်သာစေတယ်။ ရှေ့ဆုံးနှစ်ဆင့် အတွက် လိမ်းဆေး၊ သောက်ဆေး၊ စအိုထည့်ဆေး အမျိုးမျိုးရှိတယ်။

lignocaine

ပါတဲ့ လိမ်းဆေးတွေကို အချိန်တို လိမ်းပေးတဲ့အခါ နာကျင်မှုကို သက်သာစေတယ်။

ဒါပေမယ့် တပတ်ထက် ပိုကြာအောင်လိမ်းရင် အရေပြား ပိုမိုယားယံတတ်တယ်။

စတီးရွိုက်ပါတဲ့

လိမ်းဆေးတွေကလည်း ကောင်းတယ်။ နာကျင်ယားယံမှုကို သိသိသာသာ ပျောက်ကင်းစေတယ်။

ဒါပေယ့် ဘေးထွက်ဆိုးကျိုး ရှိတယ်။ ဆရာဝန်ညွှန်ကြားမှု မရှိပဲ နှစ်ပတ်ထက်

ပိုမသုံးသငိ့ဘူး။

petroleum jelly , zinc oxide လိမ်းဆေးတွေက

လိပ်ခေါင်းအရေပြားကို ကာကွယ်ပေးတယ်။ အကိုက်အခဲ ပျောက်ဆေးတွေလည်း လိုအပ်ရင်

အသုံးပြုနိုင်တယ်။

ကိုယ်ဝန်ဆောင် လိပ်ခေါင်းရောဂါ အများစုဟာ ကလေးမွေးပြီးတာနဲ့ ပျောက်ကင်း သက်သာနိုင်ပါတယ်။

ထပ်မဖြစ်အောင် ဘယ်လိုကာကွယ်မလဲ

ကာကွယ်ဖို့ အနေအထိုင်၊ အစားအသောက် ဆင်ခြင်ရမယ်။ တကယ်တော့ ဝမ်းမညှစ်ရအောင်နဲ့ ဝမ်းဗိုက်ဖိအား နည်းအောင် လုပ်ရတဲ့သဘောပဲ။

၁။

အမျှင်ပါတာ များများစားသင့်တယ်။ အမျှင်အားဖြည့်ဆေး တွေထဲမှာ ispaghula,

methylcellulose , sterculia စတာတွေက ကောင်းတယ်။ အသီးအနှံ၊

ဟင်းသီးဟင်းရွက်၊ ဆန်လုံးညို၊ကွေကာ၊ ပေါင်မုန့် စားပါ။ သစ်သီးဖျော်ရည်

သောက်ပါ။ ကိတ်မုန့်၊ဘီစကွတ် စတာတွေ လျှော့စားပါ။

၂။ ရေများများ

သောက်ပါ။ တစ်ရက်ကို အနည်းဆုံး ၂-လီတာ ဝင်အောင် သောက်ပါ။ ကော်ဖီ၊ လက်ဖက်ရည်၊

အရက်၊ ဘီယာ၊ ဝိုင် စတာတွေက ရေဓာတ်ကို ဆုံးရှုံးစေတယ်။ ဝမ်းမာစေမယ်။

၃။ အဆီများတဲ့၊ နီတဲ့အသား (အမဲသား၊ ဝက်သား၊ ဆိတ်သား) တွေက ဝမ်းချုပ်စေလို့ လျှော့စားပါ။

၄။

လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။ လမ်းလျှောက်၊ စက်ဘီးစီး၊ ပြေးတာမျိုး

နေ့စဉ်လုပ်ပါ။ ရေကူးခြင်းက လိပ်ခေါင်းအတွက် အကောင်းဆုံး လေ့ကျင့်ခန်း

ဖြစ်ပါတယ်။

၅။ ပိုအရေးကြီးတာက ဝမ်းသွားချင်စိတ် ရှိတာနဲ့

သွားလိုက်ပါ။ အောင့်မထားပါနဲ့။ ဝမ်းမာလာရင် ဝမ်းသွားရခက်မယ်။

လိပ်ခေါင်းပြန်ဖြစ်တတ်တယ်။

၆။ ဆောင့်ကြောင့်

ထိုင်တာမျိုးတတ်နိုင်သမျှ ရှောင်ပါ။ ခွေးခြေခုံနောက်မှီ မပါတဲ့ ခုံမျိုးနဲ့

မထိုင်ပါနဲ့။ ကွန်ပြူတာသမား အထူးသတိထားပါ။ နာရီဝက်တစ်ခါ မတ်တပ်ရပ်ပြီး

လှုပ်ရှားမှုတစ်ခုခု လုပ်ပါ။

Sitz bath ရေနွေးနဲ့တင်ပါးထိုင်နည်း

လိပ်ခေါင်းအတွက်

ဒီရေနွေးထိုင်နည်းက အင်မတန် အသုံးဝင်တယ်။ လက္ခဏာတွေ သက်သာစေတယ်။ Sitz

bathဆိုတာ ဂျာမန်စကား sitzbad ဆိုတာကလာတယ်။ ရေထဲ ထိုင်တာကိုပြောတာ ဖြစ်တယ်။

တချို့က hip bath လို့လည်း ခေါ်တယ်။ ဒီနည်းက စအိုနဲ့ ခန္ဓာကိုယ် အောက်ပိုင်း အနေရခက်၊ နာကျင်တဲ့ ရောဂါဝေဒနာတွေမှာ အသုံးဝင်တယ်။ 

လိပ်ခေါင်းတင်မက

စအိုနာ၊ ဂရင်ဂျီနာ၊ အူလမ်းကြောင်းရောဂါ၊ သားအိမ်ရောဂါ၊ မွေးလမ်း

ပြန်ချုပ်ပြီးတဲ့အခါ၊ ဆီးကျိတ်၊ ဆီးအိတ်နဲ့ မွေးလမ်းပိုးဝင်တဲ့

အခါမျိုးမှာပါ သုံးသေးတယ်။

အာနိသင်က ဖြစ်တဲ့နေရာကို သန့်ရှင်းစေဖို့နဲ့ သွေးလေလှုပ်ရှားမှု ကောင်းစေဖို့ ဖြစ်ပါတယ်။

sitz bath ရေနွေးထိုင်ဖို့ သိပ်မခက်ပါ။ တင်ပါးထိုင်လို့ ရတဲ့အရွယ် ရေဇလုံ၊ ပလတ်စတစ် ဘေဇင်တစ်ခု လိုပါတယ်။

ရေချိုးဇလုံထဲကို တင်ပါးနစ်ရုံဖြညိ့ပြီး မိနစ်အနည်းငယ်ကြာ ထိုင်ရတာဖြစ်တယ်။

ရှေးဦးစွာ

ဇလုံထဲကို အပူချိန် 43 ဒီဂရီ စင်တီဂရိတ်ရှိတဲ့ ရေနွေးကို အမြင့် ၄ လက်မ

ရောက်အောင်ဖြည့်ပါ။ ပြီးရင် မုန့်ဖုတ်ဆိုဒါ (သို့) ဆားခါး (သို့) ဗနီဂါ

စတာတွေ ထည့်ရောပေးရတယ်။

အလွယ်ဆုံးနည်းက အိမ်သုံးဆား ခပ်ပါ။ ပြီးရင်

၁၅မိနစ်ကြာ ထိုင်ပါ။ သို့မဟုတိ ရေနွေး အေးသွားသည်ထိ ထိုင်ပါ။

အလုပ်ရှုပ်သက်သာဖို့ သန့်တဲ့ အဝတ်စကို ရေနွေးစိမ်ပြီး သုံးနိုင်တယ်။

မွေးလမ်း

မှိုပိုးဝင်ရင် ရေနွေးထဲ ဆားနဲ့ဗီနီဂါ ဆတူရောပြီး သုံးသငိ့တယ်။ sitz bath

မှာ သုံးတဲ့ရေက ရေပူ၊ ရေအေး ကြိုက်နှစ်သက်ရာ သုံးလို့ရတယ်။

ဆီး၊

ဝမ်း မထိန်းနိုင်တာ၊ ဝမ်းချုပ်တာ၊ မွေးလမ်း ပိုးဝင်တဲ့အခါ ရေအေးကိုသာ

သုံးသငိ့တယ်။ စအိုနဲ့ဆိုင်တဲ့ ရောဂါတွေမှာ ရေပူကိုသာ သုံးပါ။

လိပ်ခေါင်း လူနာတွေအတွက်  ကြက်သီးနွေးရေကသာ အသင့်တော်ဆုံး ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)

Credit: ဒေါက်တာ အေးမင်းထူး

Latest Comments

Leave a Comment

Related News