Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

လနဲ့ချီပြီး ရေမချိုးတာကြာရင် ဘာတွေဖြစ်လာနိုင်သလဲ

Image



ရေမချိုးရင် စိတ်ကို လန်းဆန်း တက်ကြွမှု မရှိစေပါဘူး။ပြီးတော့ ရေမချိုးထားတဲ့အတွက် ကိုယ့်ကိုယ်ကို ယုံကြည်မှုကို လျော့နည်းစေပါတယ်။ရေချိုးခြင်းဟာ သင့်ရဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးရော စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့ပါ ဆက်စပ်နေတာဖြစ်ပါတယ်။

ရေမချိုးခြင်းက ဘက်တီးရီးယားတွေကို လက်ခံသလိုဖြစ်ပြီး ယားနာနဲ့ အရေပြားရောဂါတွေကို ဖြစ်စေတာ ဖြစ်ပါတယ်။စမ်းသပ်မှုတွေအရ ရေကို ပြောင်အောင် မချိုးသူ အများစုတောင် အရေပြားရောဂါရတတ်ပြီး ရေမချိုးသူက သုံးဆပိုပါတယ်။

ရေမချိုးသည့်တိုင် ခြေတွေလက်တွေကို ဆေးကြောသင့်ပါတယ်။တခြား ခန္ဓာကိုယ်အစိတ်အပိုင်းတွေထက် ရောဂါပိုးထူပြောပြီး ချေးညှော်တွေရဲ့ ဒဏ်ကို ခြေတွေ လက်တွေက ပိုခံရတာဖြစ်ပါတယ်။

အရေပြားဆဲလ်တွေဟာ ရေနဲ့ ဆပ်ပြားနဲ့ မထိတွေ့တာ ကြာရင် ညိုမဲလာပြီး ဆဲလ်တွေများလာတာဖြစ်ပါတယ်။ရေကို လနဲ့ ချီမချိုးရင် သင့်ရဲက အရေပြားပြောင်းလဲမှုကို သိသာစွာ တွေ့နိုင်ပြီး ကြောက်မက်ဖွယ် ကြမ်းတမ်းတဲ့ အသားအရေကို ပိုင်ဆိုင်လာမှာဖြစ်ပါတယ်။

ရေမချိုးခေါင်းမလျှော်တဲ့အခါ ဆံပင်တွေလည်း ချေးညှော်တွေနဲ့ စီးပိုင်ပြီး လူရော စိတ်ပါ မလန်းဆန်းဖြစ်တတ်ပါတယ်။ဦးရေပြားမှာ ဗောက်နဲ့ ဒက်တွေ ပိုဖြစ်လာပြီး အခြားသော သန်းနဲ့ အရေပြားရောဂါတွေပါ ရလာတတ်ပါတယ်။

ရေမချိုးသူက အနည်းဆုံး လက်တော့ ဆေးသင့်ပါတယ်။လက်ဟာ ညစ်ပတ်လွယ်ပြီး သာမာန်အချိန်မှာတောင် ဘက်တီးရီးယားများစွာ ပေါက်ဖွားလွယ်တာဖြစ်တဲ့အတွက် သင့်ကို ဝမ်းပျက်ဝမ်းလျောအပြင် အခြားရောဂါတွေကိုပါ ဖြစ်စေပါတယ်။

ရေမချိုးတာကြာရင် ယားယံမှုတွေ ပိုဖြစ်လွယ်လာပါတယ်။တချိန်လုံး ဟိုကုတ်ဒီကုတ်ဖြစ်နေပြီး တခါတလေ ခေါင်းတွေ ယားယံလွန်းလို့ အိပ်မရတဲ့အထိဖြစ်တတ်ပါတယ်။ချွေးထွက်အောင် ပူပြင်းလွန်းတဲ့ရာသီမှာ ပိုပြီး ယားနာတွေဖြစ်နိုင်တာဖြစ်ပါတယ်။

သဘာဝဓာတ်အရ ေ၇ဟာ လိုအပ်ပြီး မချိုးပဲနေရင် ချွေးပေါက်တွေ ပိတ်သွားစေကာ အပူငုပ်ခြင်းနဲ့ စိတ်လက် မရွှင်လန်းခြင်းတွေဖြစ်တတ်ပါတယ်။ဆပ်ပြာနဲ့ တိုက်ချွတ်ခြင်းမရှိရင် ဂျီးအထပ်ထပ်နဲ့ ရွ့ံရှာဖွယ်ဖြစ်ကာ လူတောမတိုးသလို ခံစားလာရမှာဖြစ်ပါတယ်။

ရေမချိုးခြင်းရဲ့ ကောင်းတဲ့အချက်ကတော့ ဆပ်ပြာရော ဘရက်ရှ်နဲ့ ခေါင်းလျှော်ရည်တွေကို မဝယ်ရတဲံအပြင် မီတာခလည်း မကုန်ကျပဲ သင့်အတွက် ပိုက်ဆံလည်း ပိုစုမိပြီး ငွေပို ငွေလျှံထွက်လာမှာဖြစ်ပါတယ်။တအိမ်လုံးသာ ေ၇မချိုးရင် သင်တို့အိမ်ဟာ သူများထက် သုံးပုံတစ်ပုံပိုပြီး ငွေစုနိုင်မှာဖြစ်ပါတယ်။

နောက်ကောင်းတဲ့ တချက်ကတော့ လူတွေဟာ 10 မိနစ်အတွင်းမှာ ရေ 65 လီတာလောက် ရေချိုးဖို့ ဖြုန်းတတ်ပါတယ်။ဒါဟာ ရေငတ်နေတဲ့ ကမ္ဘာ့နေရာတွေကို မစာနာရာရောက်ပြီး သင်ကတော့ သူတို့ကို ကယ်တင်ပြီးသားဖြစ်ပါတယ်။သင်ဟာ လူသားဆန်သူတစ်ဦးုဖြစ်ပြီး ရေကို ချွေတာကာ ကမ္ဘာကို ကယ်တင်နေသူဖြစ်ပါတယ်။

ဒီအကြောင်းအရာလေးကို ကြိုက်နှစ်သက်တယ်ဆိုရင် ပြောချင်လွန်းလို့ စာမျက်နှာကို See First လုပ်ထားပြီး ဆက်လက်အားပေးပါဦးနော်။

အခု တင်ဆက်ပေးလိုက်တဲ့ အကြောင်းအရာလေးကတော့ လနဲ့ချီပြီး ရေမချိုးတာကြာရင် ဘာတွေဖြစ်လာနိုင်သလဲ ဆိုတဲ့ အကြောင်းပဲ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)

Credit: cantwait2say

#

Latest Comments

Leave a Comment

Related News