Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

လက်သည်းဝါတာလေးတွေ ဖြူဝင်းစေဖို့

Image



လက်သည်း၀ါတာဟာ အလှအပကြိုက်တဲ့ မိန်းကလေးတွေအတွက် စိတ်ရှုပ်စရာပါ။ နေ့စဉ်သုံးစွဲနေတဲ့ လက်သည်းနီဆိုးဆေးတွေကြောင့် လက်သည်းကို ပို၀ါစေပါတယ်။ ဒါ့ကြောင့် လက်သည်းဆိုးမယ်ဆိုရင် အောက်ခံအကြည်လေးကို ဆိုးပေးဖို့လိုအပ်တာပါ။

လက်သည်း၀ါတာတွေ သက်သာပျောက်ကင်းစေဖို့ သဘာ၀နည်းလမ်းလေးတွေကို မျှေ၀ပေးသွားပါမယ်။

၁။ သံပုရာသီး

သံပုရာသီးနဲ့ လက်သည်းလေးတွေကို ပွတ်တိုက်ပေးပါ။ ဒါမှမဟုတ် ခွက်တစ်လုံးထဲမှာ သံပုရာသီးကိုအရည်ညှစ်ထည့်ပြီး လက်သည်းကို ၁၀ မိနစ် ၁၅ မိနစ်လောက် စိမ်ထားပေးပါ။

ပြီးရင် Brush နဲ့ တိုက်ပေးပါ။ အဲဒီနောက် ရေဆေးချလိုက်ပါ။

၂။ ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်

ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်အရည် စားပွဲတင်ဇါန်း ၄ ဇွန်း၊ ရေ ခွက်တစ်၀က်ကိုရောပြီးသေချာမွေပါ။ ပြီးရင် လက်သည်းကို ၂ မိနစ်လောက်စိမ်ထားပြီး သွားပွတ်တံနဲ့ တိုက်ချပေးလိုက်ပါ။

၃။ သွားတိုက်ဆေး

သက်သည်းမှာ သွားတိုက်ဆေးနည်းနည်းထည့်ပေးပြီး ခြောက်အောင်ထားပါ။ ပြီးရင် Brush နဲ့ ပွတ်ိုက်ပေးပါ။

ပြီးရင်၀ါဂွမ်းကိုရေတို့ပြီး သွားတိုက်ဆေးကို ဆေးချပါ။

အထက်ပါနည်းလမ်းတွေကို ခြေသည်းလေးတွေ ပြန်လည်ဖြူ၀င်းစေဖို့လည်း အသုံးပြုနိုင်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)

Credit: myhealthmyanmar

Latest Comments

Leave a Comment

Related News