Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

လက်ပံတန်းတွင် ပစ္စေကဗုဒ္ဓါဟုဆိုသူ ရဟန်းတစ်ပါးကို မဟနက လူ၀တ်လဲ

Image



ဦးပ၀ရအား လူ၀တ်လဲပြီး တွေ့ရစဉ် (ဓာတ်ပုံ − U Zin Thiha ဖေ့စ်ဘွတ်ခ်)

ပစ္စေကဗုဒ္ဓါဟု မိမိကိုယ် ကိုယ်ပြောကြားသည့် ရဟန်းတစ် ပါးကို နိုင်ငံတော်သံဃမဟာနာ ယကအဖွဲ့ တာ၀န်ပေးချက်အရ သက်ဆိုင်ရာ သံဃာတော်များက စစ်ဆေးမေးမြန်းပြီး မေလ ၈ ရက်တွင် လူ၀တ်လဲစေကြောင်း ပဲခူးတိုင်းအနောက်ခြမ်းသံဃနာ ယကအဖွဲ့ အကျိုးတော်ဆောင် ပြည်မြို့ ဇောတိကာရုံပါဠိတက္က သိုလ်ကျောင်းတိုက် တိုက်ကြပ်ဆရာတော် ဘဒ္ဒန္တသြဘာသက မိန့်ကြားသည်။

ပစ္စေကဗုဒ္ဓါဟုဆိုသူ ပဲခူး တိုင်းဒေသကြီး လက်ပံတန်းမြို့ နယ် မရမ်းစိန်တောင်ကျောင်း ဆရာတော် ဦးပ၀ရသည် မိမိကိုယ်တိုင်သော်လည်းကောင်း၊ ဒါယ ကာ၊ ဒါယိကာမများကိုလည်း ကောင်း ပစ္စေကဗုဒ္ဓါဟု မဟုတ် မမှန်၀န်ခံဟောပြောနေခြင်းများ ကြောင့် ယင်းသို့ စစ်ဆေးမေးမြန်း ခြင်း ဖြစ်သည်။

ထိုသို့ စစ်ဆေးမေးမြန်းရာ အဓမ္မ၀ါဒီတစ်ဦးဖြစ်နေပြီး စတုတ္ထပါရာဇိကအာပတ်နှင့် ငြိစွန်းနေ သဖြင့် သာသနာသန့်စင်ခြင်းအ ကျိုးငှာ လူ၀တ်ကြောင်အဖြစ် ပြောင်းလဲခဲ့ကြောင်း ဘဒ္ဒန္တသြဘာသက မိန့်ကြားသည်။

‘‘ရဟန်း၊ သံဃာမဖြစ်ထိုက် တော့တဲ့ ပါရာဇိက လေးခုရှိတယ်။စတုတ္ထပါရာဇိကမှာ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် စျာန်တွေမရဘဲ၊ ပညာ ပါဒဉာဏ်တွေမရဘဲ လိမ်ညာမ ပြော၊ မဟောရဆိုတာပါတယ်။ သူက  ပညာပါဒဉာဏ်ရတဲ့ ပစ္စေ ကဗုဒ္ဓလို့ ခံယူနေတာ ပစ္စေက ဗုဒ္ဓဆိုတာ လေးသချေင်္နဲ့ ကမ္ဘာ တစ်သိန်းလောက် ပါရမီနဲ့ ကျင့် ကြံရတာ၊ အခုသူက အသက်ကြီး မှ သင်္ကန်း၀တ်တဲ့ တောထွက်ပါ၊ သံဃာမရှိ၊ ဓမ္မမရှိစတဲ့ ခံယူချက် နဲ့ အဓမ္မ၀ါဒီဖြစ်နေတယ်။ ပစ္စေ ကဗုဒ္ဓါဆိုတာ ဘုရားပွင့်ချိန်၊ သာသနာရှိချိန်မှာမပွင့်ဘူး။ အခုက မြတ်ဗုဒ္ဓသာသနာရှိနေသေးတယ်’’ဟု အထက်ပါဆရာတော်က မိန့် ကြားသည်။

ထို့အပြင် ဗုဒ္ဓ၊ ဓမ္မ၊ သံဃာတည်းဟူသော ရတနာသုံးပါးကို ပစ်ပယ်ခြင်း၊ သာသနာရေးဗဟုသုတနည်းပါး သူတို့ကို ရတနာသုံးပါးပစ်ပယ်ရန်ဟောပြော၊ ရေးသားဖြန့်ေ၀ခြင်း၊ ထေရ်ကြီး၀ါကြီးသံဃမဟာနာယကဆရာတော်များကို ရင့်သီးစွာသုံးနှုန်းဆဲရေးတိုင်းထွာခြင်း၊ စုံစမ်းစစ်ဆေးမှုကို ပမာမခန့်ပြုခြင်း၊ သာသနာတစ်ခုလုံးပစ်ပယ်ကာ ပစ္စေကဗုဒ္ဓါဟု ၀န်ခံထားရာ စတုတ္ထပါရာဇိကနှင့် ငြိ စွန်းနေခြင်း၊ ရဟန်းသံဃာတော် များ၏ ကံကြီး၊ ကံငယ်အသွယ် သွယ်နှင့် ပဋ္ဌာန်းပွဲစသည့် ကုသိုလ်ရေးရာတို့အပေါ် ပြက်ရယ်ပြုကာ ဒါယကာ၊ ဒါယိကာမများကို ပဋိပက္ခဖြစ်ပွားစေခြင်းများ ပြုမူနေသည်မှာ ထင်ရှားသဖြင့် လူ၀တ်လဲစေခဲ့သည်။

ထိုသို့ လူ၀တ်လဲပြီးနောက် အဆိုပါပုဂ္ဂိုလ်ကို သာသနာငြိုး နွမ်းစေမှု ရာဇသတ်ကြီးပုဒ်မ ၂၉၅အရ အရေးယူဆောင်ရွက်မည်ဟု သိရကြောင်း ဆရာတော် ဦးသြ ဘာသက မိန့်ကြားသည်။

ဖိုးသူတော် (www.phothutaw.com)

Credit: 7Day

Latest Comments

Leave a Comment

Related News