Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

လက်ပေါ်မှာ ကပ်သွားတဲ့ Super Glue တွေကို ဖယ်ရှားပစ်နိုင်မယ့် နည်းလမ်းများ

Image



တစ်ခါတစ်လေ ပစ္စည်းကို Super Glue ကပ်ရင်း လက်မှာပေကုန်လို့ လက်ချောင်းတွေကပ်သွားတာမျိုး ဖြစ်ဖူးမှာပါ။ အဲ့လိုအချိန်ကျရင် လက်မှာ ကပ်နေတဲ့ Super Glue ကိုအလွယ်တကူ ဖယ်ရှားဖို့ နည်းလမ်းမသိတာနဲ့ လက်နဲ့ပဲ ပွတ်တိုက်ပြီး အတင်းခွာလိုက်တာမျိုး လုပ်မိတတ်ကြတယ်။ ကဲ … ဒါဆိုရင် နည်းလမ်းလေးတွေကို ဗဟုသုတ အနေနဲ့ မှျှေ၀ပေးလိုက်ပါတယ်နော်။

(၁) ဆားနဲ့ ရေနွေး

ဆားကိုသုံးပြီးတော့ လက်မှာ ကပ်သွားတဲ့ super glue တွေကို ဖယ်ချပစ်လို့ရပါတယ်။ နည်းလမ်းလေးကတော့ … ခွက်တစ်ခွက်ထဲကို ရေနွေးနွေးထည့်ပေးပါ။ (ပွတ်ပွတ်ဆူရေနွေးကို မဆိုလိုပါ) super glue ကပ်သွားတဲ့ လက်ဖြစ်ဖြစ်ကို ရေနွေးနဲ့ (၁၀)မိနစ်လောက်စိမ်ပေးထားပါ။ တကယ်လို့ super glue ကပ်သွားတဲ့နေရာက လက်မဟုတ်ခဲ့ဘူးဆိုရင်လည်း ရေနွေးထဲ အ၀တ်စကို စိမ်ပြီး super glue ကပ်သွားတဲ့နေရာမှာ ကပ်ပေးပါ။

ပြီးရင် အဖက်လိုက်ကွာကျလာမှာပါ။ ဒါမှမဟုတ် ….. ဆားနဲ့ super glue ကပ်သွားတဲ့နေရာကို ပွတ်တိုက်ပေးပါ။ အချိန် (၁)မိနစ်ကြာအောင် super glue တွေ မကွာလာမချင်း ပွတ်ပေးပါ။ super glue တွေကွာလာပြီးဆိုရင်တော့ ရေနွေးနွေးလေးထဲ (၁-၂)မိနစ်လောက်စိမ်ပေးထားပါ။ ဒီလိုဆိုရင်တော့ super glue တွေ မြန်မြန် ကွာလာမှာပါ။

(၂) ဆပ်ပြာရည်နဲ့ ရေနွေး

သင့်က sensitive skin ဆိုရင် ဒီနည်းကို လုပ်ကြည့်ပါ။ ပန်းကန်ဆေးဆပ်ပြာရည်ကို သုံးပေးနိုင်ပါတယ်။ အကြောင်းကတော့ ပန်းကန်ဆေးဆပ်ပြာရည်က အရမ်းမပြင်းလို့ သင့်အသားအရေကို မထိခိုက်စေပါဘူး။ ဒါ့အပြင် super glue တွေကို ဖယ်ပစ်နိုင်ပါသေးတယ်။ နည်းလမ်းလေးကတော့ …

ပန်းကန်ဆေး ဆပ်ပြာရည် (၅-၆စက်) လောက်နဲ့ ရေ (၁ခွက်)ကို ရောပေးပါ။ super glue ကပ်သွားတဲ့ လက်ကို ခုနက ဆပ်ပြာရည် အရောထဲ (၅)မိနစ်လေး စိမ်ပေးပါ။ စိမ်ထားတဲ့အချိန်မှာ လက်မှာ ကပ်နေတဲ့ super glue တွေကို ခွာနေပါ။ တကယ်လို့မှ ရေစိမ်ပြီးတာတောင် မကွာကျသွာဘူးဆိုရင် ၊ ဆက်ပြီး ရေစိမ် ၊ ပွတ်နေပေးပါ။ (၃) အရက်ပြန် အရက်ပြန်နဲ့ ပွတ်ပေးတာက super glue တွေကို ဆေးပေးသလိုမျိုးပါပဲ။ နည်းလမ်းလေးကတော့ …

ပထမအနေနဲ့ ရေနွေးနွေးလေးနဲ့ ဆေးပေးပါ။ super glue ကို အားပျော့သွားအောင် လက်ဆေးဆပ်ပြာနဲ့ဆေးပေးနိုင်တယ်။ အရက်ပြန်ကို ဂွမ်းနဲ့ တို့ပြီးရင် super glue ကပ်သွားတဲ့ နေရာကို (၁)မိနစ်လောက် ဖိပေးထားပါ။ ဖိပြီးရင် ပွတ်ပေးလိုက်ပါ။ လိုအပ်ရင် အရက်ပြန် များများနဲ့ ပွတ်ပေးပါ။ တစ်ကြိမ်တည်းမှာပဲ super glue တွေ ကွာကျသွားရင်တော့ moisturizer လေးကို လိမ်းပေးထားနိုင်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)

Credit:မူရင်းရေးသားသူ

#

Tags:
  • ,

Latest Comments

Leave a Comment