Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

လက်ထပ်ဖို့ မစဉ်းစားသင့်တဲ့ မိန်းမ (၅) မျိုး

Image



မင်္ဂလာဆောင်တယ်၊ လက်ထပ်တယ်ဆိုတာ လူတစ်ယောက်အတွက် တကယ့်ကို အရေးပါတဲ့

ကိစ္စတစ်ရပ်ပါ။ ဒီတော့ ဘ၀တစ်လျှောက်လုံးအတွက် မှန်ကန်တဲ့ လူတစ်ယောက်ကို

ရွေးချယ်ပြီး ပျော်ရွှင်စွာနေထိုင်နိုင်ဖို့အတွက်ဆိုရင် ကိုယ့် ဘက်က

စဉ်းစားရမယ့် ကိစ္စတွေ အများကြီး ရှိနေပြီပေါ့။ ဒါ့ကြောင့်

ကိုယ့်ရဲ့ချစ်သူကောင်မလေးကို ကိုယ့်ဘက်က လက်ထပ်ခွင့်တောင်းဖို့

စဉ်းစားနေပြီဆိုရင် ဒီအချက်လေးတွေ ထည့်သွင်းစဉ်းစားဖို့ လိုပါပြီ။

၁။သူဟာ ကိုယ့်ရဲ့ နောက်ခံဘက်ဂရောင်း၊ ငွေကြေးကြောင့် ချစ်တာဆိုရင်။

သင်ဟာ

ယောကျင်္ားလေးမို့လို့ သူလိုချင်တဲ့အရာတိုင်း အမြဲတမ်း ၀ယ်ပေးခဲ့ရတယ်။

နှစ်ယောက်သွား အပြင်သွားတဲ့အချိန်၊ ချိန်းတွေ့တဲ့အချိန်တိုင်းလည်း သင်ပဲ

ပိုက်ဆံအမြဲရှင်းရတယ်။ ဒါတွေက ထားလိုက်ပါတော့၊ ခု

အိမ်ထောင်ကျပြီးတဲ့အခါကျပြန်ရင်လည်း ရသမျှငွေကို သူ့ကိုပဲ အပ်ရမယ်၊ သူလည်း

အဲ့ဒီအချိန်အလုပ်ကထွက်ပြီး အိမ်မှာပဲနေမယ် စတာတွေကို ခုချိန်ကတည်းက

ကြိုပြောလေ့ရှိတယ်။ အိမ်ထောင်ကျပြီးသွားရင် တိုက်ခန်း၀ယ်တဲ့အခါ သူ့နာမည်နဲ့

၀ယ်ပေးဖို့ သင့်ကို တတွတ်တွတ်ပြောနေမယ်ဆိုရင်တော့ ဒီလိုချစ်သူမျိုးဟာ

ကိုယ့်ကိုဘာအတွက်ကြောင့် ချစ်တာလဲ၊ ကြိုက်တာလဲဆိုတာ ထည့်စဉ်းစားဖို့

လိုပါပြီ။

၂။ယောကျင်္ားလေး သူငယ်ချင်းတွေနဲ့ ညဘက်ထွက်တိုင်း ပြဿ      နာရှာတတ်တဲ့ လူမျိုးဆိုရင်။

ကိုယ့်ချစ်သူကို

သ၀န်တိုတာ ရှုပ်ရှုပ်ယှက်ယှက်တွေလုပ်တာကို ဘယ်ကောင်မလေးကမှ လက်ခံမှာ

မဟုတ်ပေမယ့် သူငယ်ချင်းတွေနဲ့ အပြင်ထွက်တိုင်း ပြဿ      နာရှာပြီး

ပွားတတ်တဲ့သူဆိုရင်လည်း ဒီလိုအခြေအနေမျိုးက ကြာရင်  ပြဿ နာအကြီးကြီး

ဖြစ်လာနိုင်ပါတယ်။ နှစ်ဦးသားဆက်ဆံရေးကလည်း ခိုင်မြဲမှာ မဟုတ်ပါဘူး။

၃။သူမဆီမှာ သူငယ်ချင်းဆိုလို့ တစ်ယောက်မှကို မရှိတဲ့သူဆိုရင်။

ကိုယ့်ကောင်မလေးမှာ

သူငယ်ချင်းတစ်ယောက်မှ မရှိဘူး။ အပေါင်းအသင်းလည်း မရှိဘူးဆိုရင် ဒါဟာ

တော်တော်လေး ထူးဆန်းတဲ့ ကိစ္စလို့ မထင်ဘူးလား။ ဘယ်သူမဆို တိုင်ပင်ရာ

တိုင်ပင်ဖက် သူငယ်ချင်းတစ်ယောက်လောက်တော့ လူတိုင်း ရှိတတ်ကြတာပါပဲ။

အဲ့ဒီလိုတောင် မရှိဘူးဆိုရင် ကိုယ့်ချစ်သူဟာ သာမာန်မဟုတ်ဘူးဆိုတာ

နားလည်ထားလိုက်တော့ပေါ့။

၄။သူနဲ့ကိုယ်နဲ့ ချစ်သူဖြစ်တာ လပိုင်းလောက်ပဲရှိသေးတာကို တွေ့တိုင်း ယူဖို့ချည်း ပြောနေပြီဆိုရင်။

သူ့အကြောင်း၊

ကိုယ့်အကြောင်း သိပ်လည်း မသိသေးဘဲ၊ လပိုင်းလောက်တွဲပြီး ယူမယ်လို့

ဆုံးဖြတ်တာမျိုးလည်း မဖြစ်သင့်ပါဘူး။ တစ်ဦးနဲ့တစ်ဦး သေချာလေ့လာကြဖို့

အချိန်ယူကိုယူရမှာပါ။ ဒါမှသာ တစ်ယောက်ရဲ့မိသားစုက ဘယ်လိုရှိတယ်ဆိုတာ

သိလာမယ်၊ သူဘာတွေမကြိုက်ဘူး၊ ဘယ်အရာတွေ လက်မခံနိုင်ဘူး ဆိုတာတွေ

သေချာသိလာမှာပါ။

၅။သင်ချည်းပဲ တစ်ဖက်သတ်ချစ်နေရတာမျိုးဆိုရင်။

သူကအယူချည်း၊

ကိုယ်ကအပေးချည်း။ ဒါ့အပြင် သင်ကချည်း တစ်ဖက်သက်ချစ်နေရပြီး သူ့ဘက်က

ချစ်တယ်သာပြောတယ်၊ ကိုယ့်ကိုအရေးမပေး၊ အဖက်လည်း သိပ်မလုပ်တဲ့

မိန်းမမျိုးဆိုရင်လည်း ကိုယ့်ဘက်က အိမ် ထောင်ဖက် အဖြစ်ရွေးချယ်တော့မယ်လို့

ဆုံးဖြတ်တဲ့အခါ စဉ်းစားရမှာတွေ အများကြီးပေါ့။

ဖိုးသူတော် (www.phothutaw.com)

Credit:  Originl

Latest Comments

Leave a Comment

Related News