Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

ရေမချိုးတာ တစ်ပတ်ကြာရင် ခန္ဓာကိုယ်မှာ ဘာတွေဖြစ်ပေါ်လာမလဲ

Image



ခန္ဓာကိုယ်သန့်ရှင်းဖို့အတွက် လန်းဆန်းဖို့အတွက် နေ့စဉ်နဲ့အမျှ ရေချိုးကြပါတယ်။ နွေရာသီမှာ ဆိုရင် ပူအိုက်လွန်းတဲ့အတွက် တနေ့ကို (၂) ခါ (၃) ခါ လောက် ကို ချိုးယူရပါတယ်။ မိမိက သူများထက် ချွေးထွက် များသူဆိုရင် ပိုတောင်ဆိုးပါသေးတယ်။ ဒါပေမယ့် ရေမချိုးဘဲ ရက်အနည်းငယ် ကြာလာတဲ့အခါမှာရော ခန္ဓာကိုယ်ဟာ ဘာတွေဖြစ်ပေါ်လာမလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ခန္ဓာကိုယ်မှာ အနံ့တစ်ခုထွက်လာပါမယ်

ရေမချိုးဘဲ ရက်အနည်းငယ်ကြာနေတဲ့အခါ ခန္ဓာကိုယ်မှာ ပုပ်ဟောင်တဲ့အနံ့လိုလို ထွက်လာပါမယ်။ ပြီးတော့ ခန္ဓာကိုယ်မှာရှိတဲ့ အဆီတွေနဲ့ ချွေးတွေရောနှောပြီး ဘက်တီးရီးယားတွေကို ပေါက်ပွားစေပါတယ်။ ဘက်တီးရီးယားတွေက များပြားလာပြီး မကောင်းတဲ့အနံ့အသက်တွေကို ဖြစ်စေပါတယ်။

၂။ အဆီတွေပြန်ပြီး ညစ်ပတ်လာပါလိမ့်မယ်

အနံ့အသက်မကောင်းယုံတင်မဟုတ်ဘဲ အဆီပြန်ပြီး ညစ်ပတ်နေပါလိမ့်မယ်။ ခန္ဓာကိုယ်ဟာ သဘာဝအလျောက် အစိုဓါတ်ကို ထုတ်ပေးပါတယ်။ ရေမချိုးတာကြောင့် အဆီအဖြစ်ပြောင်းလဲသွားပြီး ဆဲလ်သေတွေနဲ့ ရောနှောကာ ဂျီးတွေထူနေပါလိမ့်မယ်။

၃။ သင်ဟာ ဘက်တီးရီးယားမွေးမြူရေး ခြံတစ်ခြံလို ဖြစ်နေမယ်

သင့်ရဲ့အရေပြားမှာ ရောဂါဖြစ်စေတဲ့ပိုးမွှားတွေ ပြည့်နှက်နေပြီး သူတို့ဟာလဲ နေ့စဉ်နဲ့အမျှ ပေါက်ဖွားနေကြပါတယ်။ အချို့ပိုးမွှားတွေက ခန္ဓာကိုယ်အတွက် အကျိုးပြုသလို အချို့တွေကတော့ အန္တရာယ်ဖြစ်စေပါတယ်။ သူတို့ဟာ အရေပြားတွေအောက်မှာ ပုန်းလျှိုးကွယ်လျှိုးနေတာကြောင့် သင်ဟာ သူတို့ကိုဖယ်ရှားဖို့ ရေချိုးသင့်ပါတယ်။ သူတို့တွေဟာ သင့်ရဲ့ နှာခေါင်း မျက်လုံး ပါးစပ်တွေထဲကို ဝင်နိုင်ပြီး ရောဂါဖြစ်ပွားစေပါလိမ့်မယ်။

၄။ အရေပြားရောဂါတွေ ဖြစ်လာနိုင်တယ်

နောက်ပြီး သင့်ခန္ဓာကိုယ်ဟာ ဘက်တီးရီးယားတွေ မှိုတွေရဲ့ ကျက်စားရာနေရာတစ်ခု ဖြစ်လာပါလိမ့်မယ်။ ဝက်ခြံလိုလို အနာလိုလို အဖုအပိန့်များစွာလဲ ထွက်ပေါ်လာပါလိမ့်မယ်။ ဒါကို အပြတ်မချေမှုန်းနိူင်ဘူးဆိုရင် ဘက်တီးရီးယားတွေ ပိုမိုပေါက်ဖွားလာနိုင်ကာ အရေပြားရောဂါတွေလဲ ဖြစ်လာပါလိမ့်မယ်။

၅။ အရေပြား ရောင်ရမ်းနီးမြန်းကာ ယားယံခြင်းတွေ ဖြစ်ပေါ်လာမယ်

ခန္ဓာကိုယ်ကို မဆေးကြောဘဲ ရက်အချိန်တော်တော်ကြာ နေပြီးသကာလမှာ အရေပြားညိုမဲလာပြီး ကြွက်နို့လိုဟာမျိုးတွေ ထွက်လာမယ်။ ဖုန်တွေ ဆဲလ်သေတွေ အညစ်အကြေးတွေနဲ့ ပေါင်းစပ်ပြီး အရေပြားနီမြန်းကာ ယားယံခြင်းတွေ ဖြစ်ပေါ်လာစေပါတယ်။

၆။ ပေါင်ခြံတွေ ချိုင်းတွေရော ဘယ်လိုဖြစ်မလဲ

Interigo လို့ခေါ်တဲ့ တစေးနဲ့အဖုအပိန့်နီမြန်းတာတွေ ပေါင်းစပ်လိုက်တဲ့အခါ အတွင်းပိုင်းနေရာတွေ ဖြစ်တဲ့ ပေါင်ခြံတွေ ချိုင်းတွေဟာ စပ်သလိုလို လောင်သလိုလို ခံစားရစေနိုင်ပါတယ်။

၇။ ခြေချောင်းတွေကြားမှာ မှိုတွေပေါက်ဖွားမယ်

ခုနကလိုပါပဲ ခြေချောင်းတွေလဲ သန့်ရှင်းမှုမရှိဘူးဆိုရင် ခြေဆီတွေနဲ့ ဆဲလ်သေတွေ ရောနှောကာ မကောင်းတဲ့အနံ့အသက်ကို ဖြစ်ပေါ်စေကာ ယားယံခြင်းတွေ ဖြစ်ပေါ်စေပါတယ်။

၈။ ခေါင်းတွေလဲ ကိုက်လာပါမယ်

အဆီတွေ ဖုန်တွေများနေတာကြောင့် သင့်ရဲ့ဆံပင်ဟာလဲ အခဲလိုက်ဖြစ်နေပါလိမ့်မယ်။ ချွေးနံ့တွေ ပေါင်းစုကာ ခေါင်းကိုက်ခြင်းကို ဖြစ်ပေါ်စေပါလိမ့်မယ်။ ရေမချိုးတာကြောင့် မလန်းမဆန်းဖြစ်ကာ ညစ်ညူးနေပါလိမ့်မယ်။

ရေအလွန်အကျွံချိုးခြင်းဟာလဲ အရေပြားရဲ့ ဆဲလ်တွေ ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် ရေကို ပုံမှန်အနေနဲ့ တရက်တခါမချိုးနိုင်ရင်တောင်မှ (၂) ရက်တစ်ခါတော့ ချိုးပေးသင့်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)

Credit: Cool (MyanmarNote)

#

Latest Comments

Leave a Comment

Related News