Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

ရိုးရှင်းတဲ့လေ့ကျင့်ခန်းလေးဆိုပေမဲ့ Russian Twist ရဲ့ ထိရောက်မှုက အံ့မခန်းပါပဲ…

Image



ကိုယ်အလေးချိန်လျှော့တော့မယ်ဆိုရင် ပထမဆုံးစဉ်းစားမိတာက ဗိုက်ကအဆီတွေချပစ်ဖို့ပါပဲ။ဗိုက်အဆီဟာ ချဖို့ခက်ပေမဲ့ စားသမျှအဆီစုမြန်တဲ့နေရာလည်းဖြစ်ပါတယ်။ဒီတော့ ဗိုက်အဆီတွေချမယ်ဆိုရင် ဘယ်လိုလေ့ကျင့်ခန်းမျိုးကို ဦးစားပေးလုပ်မလဲ?တစ်ချို့တွေဗိုက်လေးပဲ ကွက်ပူနေတဲ့သူတွေရှိပါတယ်။အဲ့ဒီလူတွေအတွက် Seated Russian Twist Exercise လေးက ကူညီပေးနိုင်ပါတယ်။

Seated Russian Twist Exercise ဆိုတာ ဗိုက်လေ့ကျင့်ခန်းတစ်မျိုးဖြစ်သလို တစ်ကိုယ်လုံးကကြွက်သားတွေအားစိုက်ထုတ်ရတဲ့လေ့ကျင့်ခန်းတစ်ခုပါ။ဒီလေ့ကျင့်ခန်းဟာဆိုရင် ဗိုက်အဆီ၊ခါးအဆီတွေကို မြန်ဆန်စွာကျဆင်းစေပါတယ်။ကြည့်လိုက်ရင်သာ လွယ်သလိုရှိတယ်။တကယ်တမ်းလုပ်ကြည့်တဲ့အခါမှာကြွက်သားတွေကိုအားစိုက်ထုတ်ရမှန်းသိလာပါလိမ့်မယ်။ဒီ Seated Russian Twist လေ့ကျင့်ခန်းဟာ ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်လဲဆိုရင်…*ဒီလေ့ကျင့်ခန်းဟာ အဆီတွေမြန်ဆန်စွာကျဆင်းစေတဲ့အပြင် ဗိုက်ကြွက်သားတစ်ခုလုံးအတွက်ထိရောက်တဲ့လေ့ကျင့်ခန်းတစ်ခုပါ။

*ဒီလေ့ကျင့်ခန်းပုံမှန်လုပ်ပေးမယ်ဆိုရင် ရုတ်တရက်လေဖြတ်ခြင်း၊နှလုံးရှော့ခ်ဖြစ်ခြင်းစတဲ့ေ၀ဒနာဖြစ်ပွားမှုတွေကိုပါလျှော့ချပေးနိုင်ပါတယ်တဲ့။

*၀မ်းဗိုက်ကြွက်သားတင် ကျစ်လစ်တာမဟုတ်။နောက်ကျောဘက်ကြွက်သားတွေကိုပါ သန်မာလာစေပါတယ်။

*လေ့ကျင့်ခန်းပုံမှန်လုပ်ပေးမယ်ဆိုရင် ဖိနပ်ကြိုးချည်တာ၊ကြမ်းပြင်ပေါ်က တစ်ခုခုကိုကုန်းကောက်တာ၊ထိုင်ခုံအနိမ့်တွေထိုင်တဲ့အခါ၊ကွေးညွတ်ရတဲ့အလုပ်တွေလုပ်ကိုင်တဲ့အခါ ပိုပြီးသက်တောင့်သက်သာဖြစ်စေပါတယ်။

*ဒီလေ့ကျင့်ခန်းလုပ်တဲ့အခါ လက်မှာ အလေးချိန် ၂.၇ ကီလိုဂရမ်အလေးချိန်ရှိတဲ့ အရာ၀တ္ထုတစ်ခုကိုကိုင်ထားပြီး လှည့်ရမှာဖြစ်လို့ လက်ကကြွက်သားတွေလည်းကျစ်လစ်လာပြီး လက်မောင်းကိုတင်းရင်းလှပလာစေပါတယ်။လက်မောင်းသားပျော့တွဲလို့စိတ်ညစ်နေတဲ့သူတွေအတွက် ဒီလေ့ကျင့်ခန်းက ရိုးရှင်းပြီးထိရောက်တဲ့ လေ့ကျင့်ခန်းလေးဖြစ်ပါတယ်။

*တစ်နေ့ကို မိနစ်အနည်းငယ်စာလောက်အချိန်ပေးပြီးလုပ်ပေးမယ်ဆိုရင် ကိုယ်နေဟန်ထားမှန်ကန်လာစေတယ်။၀မ်းဗိုက်အဆီတွေကျဆင်းပြီး ဗိုက်ကြွက်သားတွေကျစ်လစ်လာမယ်။ပုံမှန်ဆော့ပေးနေတဲ့အခါ ကိုယ့်ခန္ဓာကိုယ်နဲ့ပတ်သက်လို့ ပိုပြီးယုံကြည်ချက််တွေရှိလာပါလိမ့်မယ်။

ဖိုးသူတော် (www.phothutaw.com)

Credit: Trend



Tags:
  • ,

Latest Comments

Leave a Comment