Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

ရာသီလာချိန်မှာဖြစ်တဲ့ ဝက်ခြံတွေကို ဘယ်လိုဖြေရှင်းမလဲ

Image



အမျိုးသမီးတွေဟာ တစ်လမှာတစ်ကြိမ် ရာသီသွေးဆင်းလေ့ရှိကြပြီး ရာသီသေးဆင်းချိန်မှာ စိတ်မကြည်မသာဖြစ်တာ၊ ခန္ဓာကိုယ်နာကျင်ကိုက်ခဲတာနဲ့ လေပွတာမျိုးတွေဖြစ်နိုင်ပါတယ်။ နောက်ထပ်တွေ့ရနိုင်တဲ့ ပြဿနာက မျက်နှာပါ်မှာ ဝက်ခြံတွေထွက်တာပါပဲ။ အမျိုးသမီးတိုင်းဖြစ်တတ်တာတော့မဟုတ်ပါဘူး။ အခုတစ်ခါတော့ ရာသီလာချိန်မှာ ဝက်ခြံထွက်လာတဲ့အခါဘယ်လိုလုပ်ရမလဲဆိုတာကိုပြောပြပေးချင်ပါတယ်။

လေ့လာမှုတွေအရတော့ ဝက်ခြံထွက်လေ့ရှိတဲ့ အမျိုးသမီး ၆၃ ရာခိုင်နှုန်းက ရာသီမလာခင်နဲ့ရာသီလာချိန်တွေမှာ ဝက်ခြံထွက်တတ်ကြတယ်၊လို့ဆိုပါတယ်။ ရာသီမလာခင် တစ်ပတ် ဒါမှမဟုတ် ၁၀ ရက်လောက်ကြိုပြီး ဝက် ခြံထွက်တတ်ကြပြီး ရာသီလာချိန်မှာ ဟော်မုန်းအပြောင်းအလဲကြောင့်ဖြစ်တဲ့ ဝက်ခြံဆိုရင်တော့ ရာသီလာချိန်မှာ တဖြည်းဖြည်းချင်းသက်သာသွားလေ့ရှိပါတယ်။

ရာသီလာချိန်မှာ ဘာကြောင့်ဝက်ခြံပေါက်ရတာလဲ

ပျမ်းမျှအားဖြင့်ကတော့ ၂၈ ရက်တစ်ခါလောက်မှာ ရာသီသွေးပေါ်တတ်ပြီး ရာသီသွေးဆင်းနေတဲ့ ရက်တိုင်းမှာလည်း ခန္ဓာကိုယ်ရဲ့ ဟော်မုန်းက တစ်ရက်နဲ့တစ်ရ က်မတူကြပါဘူး။ ရာသီသွေးဆင်းတဲ့ အစောပိုင်းရက်တွေမှာ ခန္ဓာကိုယ်ထဲမှာ estrogen ဟော်မုန်းတွေများနေတတ်ပြီး နောက်ပိုင်းရက်တွေမှာတော့ progesterone ကများလာပါတယ်။ progesterone ပမာဏ များလာလေလေ အရေပြားရောင်ရမ်းမှုနဲ့ ချွေးပေါက်ပိတ်ဆို့မှုကဆိုးလာလေလေပါ။ အရေပြားမှာ အဆီတွေပိတ်ဆို့မှုများလာတဲ့အခါ မျက်နှာမှာ ဝက်ခြံတွေဖြစ်လာပါတော့တယ်။ ရာသီလာနေချိန်မှာ  testosterone ဟော်မုန်းပမာဏက ပုံမှန်ထက် ပိုများနေပြီး အဆီဂလင်းတွေက အဆီထုတ်လုပ်မှုကလည်း ပုံမှန်အခြေအနေထက်ပိုများနေတတ်ပါတယ်။ ဒါကြောင့်အရေပြားက ချွေးပေါက်တွေမှာ အဆီတွေပိတ်ဆို့ရာကနေ ဝက်ခြံတွေထွက်လာရတာပဲဖြစ်ပါတယ်။

ရာသီသွေးဆင်းချိန်မှာဟော်မုန်းပြောင်းလဲမှုကြောင့်ဖြစ်တဲ့ဝက်ခြံတွေကို မထွက်အောင်တော့လုပ်လို့မရပါဘူး။ သက်သာအောင်ပဲလုပ်လို့ရပါတယ်။ ရာသီးသွေးပေါ်ချိန်မှာထွက်တဲ့ ဝက်ခြံက တစ်ကိုယ်ရည်သန့်ရှင်းမှုအားနည်းတာကြောင့့်မဟုတ်ပါဘူး။ ခန္ဓာကိုယ်အတွင်း ပိုင်းကဟော်မုန်းတွေပြောင်းလဲမှုကြောင့်ပဲဖြစ်ပါတယ်။ ဟော်မုန်းပြောင်းလဲမှုကြောင့်ဝက်ခြံပေါက်တာပဲ ဂရုစိုက်စရာမလိုဘူးလို့တော့ ထားလို့မရပါဘူး။ ဒီဝက်ခြံတွေက ဂရုမစိုက်ဘဲထားမယ်ဆိုရင် ပိုဆိုးလာနိုင်ပါတယ်။ ဒါကြောင့် ဘယ်လိုဂရုစိုက်ရမလဲဆိုတာကို ဆက်ကြည့်လိုက်ရအောင်နော် လေဒီတို့။

ရာသီလာချိန်မှာ ဖြစ်တဲ့ဝက်ခြံသက်သာအောင် ဘယ်လိုလုပ်မလဲ

(၁) မျက်နှာကိုလက်နဲ့မထိပါနဲ့

တစ်နေ့တာလှုပ်ရှားမှုတွေလုပ်နေရင်း မျက်နှာကို အမှုမဲ့အမှတ်တဲ့ လက်နဲ့ထိတွေ့မိတာ၊ မျက်လုံးကိုပွတ်တာမျိုးတွေလုပ်မိနိုင်ပါတယ်။ လက်က နေရာတိုင်းကိုထိတွေ့မိတာကြောင့် ဘက်တီးရီးယားတွေအများကြီးကပ်ညှိနေနိုင်ပါတယ်။ ဒါကြောင့် မျက်နှာကို လက်နဲ့ကုတ်ဖဲ့တာ၊ ခဏခဏကိုင်တွယ်ထိတွေ့တာတွေမလုပ်ပါနဲ့။ မျက်နှာကို မကိုင်တွယ်ခင်နဲ့ မျက်နှာမှာ တစ်ခုခုမလိမ်းခင်မှာ လက်ကိုအရင်စင်ကြယ် အောင်ဆေးကြောပါ။

(၂) ရေများများသောက်ပေးပါ

ခန္ဓာကိုယ်က ရေဓာတ်ပြည့်ဝနေဖို့လိုပါမယ်။ ခန္ဓာကိုယ်လှုပ်ရှားနိုင်စေဖို့နဲ့ကျန်းမာစေဖို့အတွက် ရေလုံလောက်အောင်သောက်ပေးဖို့ လိုပါမယ်။ ရေကခန္ဓာကိုယ်ကျန်းမာဖို့အတွက် အခြေခံအကျဆုံးအရာပါ။ အသားအရေစိုပြည်ကြည်လင်စေဖို့အတွက် တစ်နေ့ကို ရေ ၈ ခွက်လောက်သောက်သုံးပေးပါ။ ရာသီသွေးပေါ်နေချိန်မှာ ခန္ဓာကိုယ်ပင်ပန်းနွမ်းနယ်တာမျိုး မဖြစ်စေဖို့အတွက်လည်း ရေလုံလောက်အောင်သောက်ဖို့လိုပါမယ်။

(၃) သန္ဓေတားဆေးသောက်ပေးပါ

သန္ဓေတားဆေးက ခန္ဓာကိုယ်ရဲ့ estrogen နဲ့ progesterone  ပမာဏကို ကန့်သတ်ပေးနိုင်တာကြောင့် အရေပြားအဆီပြန်မှုကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့်ရာသီလာချိန်မှာ ဖြစ်တတ်တဲ့ဝက်ခြံဗတွသက်သာစေဖို့အတွက် သန္ဓေတားဆေးကိုသောက်ပေးလို့ရပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အာနိသင်ပြပုံချင်းကတော့ မတူပါဘူး။  ဝက်ခြံတွေကိုလုံးဝမထွက်လာစေအောင်မလုပ်နိုင်ပေမယ့် သန္ဓေတားဆေးကဝက်ခြံတွေကို သက်သာစေနိုင်စွမ်းတော့ရှိပါတယ်။

(၄) ဖုန်းကိုသန့်ရှင်းအောင်ထားပေးပါ

အခုခေတ်မှာ ဖုန်းကနေ့စဉ်ဘဝမှာမရှိမဖြစ်တဲ့ ပစ္စည်းတစ်ခုလိုတောင်ဖြစ်လာနေပါပြီ။ ခန္ဓာကိုယ်က ဟော်မုန်းမညီမျှတဲ့အချိန်မှာ ဝက်ခြံက အဖြစ်လွယ်နေပြီး ညစ်ပေနေတဲ့ဖုန်းမျက်နှာပြင်က ဘက်တီးရီးယားတွေက ဝက်ခြံတွေကို ပိုဆိုးလာစေနိုင်ပါတယ်။ ဒါကြောင့် လက်ကိုင်ဖုန်းတွေကိုလည်း သန့်သန့်ရှင်းရှင်းထားပေးဖို့လိုပါမယ်။

(၅) လေ့ကျင့်ခန်းလုပ်ပြီးရင် ရေချိုးပေးပါ

တကယ်လို့ သင့်က ကိုယ်လက်လှုပ်ရှားလုပ်တတ်တဲ့သူဖြစ်မယ်ဆိုရင်တော့ လေ့ကျင့်ခန်းလုပ်ပြီးတဲ့အခါ ချွေးတိတ်အောင်စောင့်ပြီး ရေချိုးသန့်စင်လိုက်ပါ။ လေ့ကျင့်ခန်းလုပ်ချိန်မှာ ထွက်လာတဲ့ချွေး၊အဆီတွေနဲ့ အရေပြားမှာ ကပ်ညှိနေတဲ့ ဘက်တီးရီးယားတွေက မျက်နှာ၊ ရင်ဘတ်နဲ့ကျောဘက်တွေမှာ ဝက်ခြံတွေဖြစ်စေနိုင်ပါတယ်။ ရာသီလာချိန်မှာဖြစ်တဲ့ဝက်ခြံတွေကိုလည် ပိုဆိုးစေနိုင်ပါတယ်။

(၆) အာဟာရပြည့်ဝအောင်စားသုံးပေးပါ

ရာသီသွေးဆင်းနေချိန်မှာ အာဟာရပြည့်ဝအောင်စားသုံးပေးတာကလည်း ဝက်ခြံမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ ဇင့်၊ အမိုင်နိုအက်ဆစ်တို့ပါဝင်တဲ့အစားအသောက်တွေက ရာသီသွေးဆင်းချိန်မှာဖြစ်တဲ့ဝက်ခြံတွေကို သက်သာစေနိုင်သလို အသားအရေကိုလည်း ကြည်လင်လှပစေနိုင်ပါတယ်။

အခုပြောပြခဲ့တဲ့ အချက်တွေအတိုင်းလုပ်ဆောင်ကြည့်ပြီး ရာသီလာချိန်မှာ စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ ဝက်ခြံတွေကို နှိမ်နှင်းလိုက်ကြပါစို့လား၊ လေဒီတို့ရေ

ဖိုးသူတော် (www.phothutaw.com)

Credit: hellosayarwon

Latest Comments

Leave a Comment

Related News