Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

ရင်သားတစ်ဖက်နဲ့တစ်ဖက် ဘာကြောင့်အရွယ်မညီတာလဲ

Image



မိန်းကလေးတွေမှာ ရင်သား၊ နို့သီးခေါင်းတွေ တစ်ဖက်နဲ့တစ်ဖက်အရွယ်မညီတတ်ကြပါဘူး။ အထူးသဖြင့် အပျိုဖော်ဝင်ပြီး ကြီးထွားဖွံ့ဖြိုးတဲ့အချိန်တွေမှာ အရွယ်မတူတော့်ပါဘူး။ ဒါကပုံမှန်ပါပဲ။ လူတွေမှာ လက်၊ ခြေထောက် စတဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေက တစ်ဖက်နဲ့တစ်ဖက် အရွယ်အစား၊ ပုံစံကအနည်းငယ်တော့ ကွာခြားလေ့ရှိတတ်ပါတယ်။

မိန်းကလေးတွေ အပျိုဖော်ဝင်လာချိန်ဖြစ်တဲ့ အသက် 8-13 နှစ်အရွယ်လောက်မှာ နို့သီးခေါင်းအောက်မှာ အနည်းငယ်ဖောင်းလာခြင်းနဲ့အတူ ရင်သားတွေစပြီးကြီးထွားလာပါတယ်။ ရင်သားတစ်ဖက်က ပိုပြီးကြီးထွားမှုမြန်တာ (သို့) တခြားတစ်ဖက်မဖွံ့ဖြိုးမိီ တစ်ဖက်တည်းကအရင်ဖွံ့ဖြိုးလာတာမျိုးတွေကို သတိထားမိမှာပါ။ ပုံမှန်အားဖြင့် အသက် 20 လောက်ရောက်ရင် ဒီမတူတဲ့ရင်သားနှစ်ဖက်က အရွယ်ညီသွားတတ်ပါတယ်။ တစ်ခါတစ်ရံမှာ လုံးဝဖွံ့ဖြိုးပြီးတဲ့အထိ ရင်သားတစ်ဖက်နဲ့တစ်ဖက် အရွယ်မညီတာမျိုးတွေလည်းရှိပါတယ်။ ဒါကလည်းပုံမှန်ပါပဲ။

အချို့သောမိန်းကလေးတွေက ဒီလိုရင်သားနှစ်ဖက်အရွယ်မညီမှုအပေါ်မှာ စိုးရိမ်ပူပန်လေ့ရှိပါတယ်။ ဆရာဝန်နဲ့ပြသပြီး တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။ ဒီလိုရင်သားမတူညီမှုတွေကို သတိထားမိတာ က ကောင်းတဲ့အချက်ပါ။ ကိုယ့်ရင်သားတွေကို ကိုယ်ဂရုတစိုက်ရှိပြီးသတိထားမိနေခြင်းဖြင့် ပုံမမှန်တဲ့ပြောင်းလဲမှုတစ်ခုခုရှိတာနဲ့ တန်းပြီးသိနိုင်တဲ့အတွက် ကျန်းမာရေးအတွက်ကောင်းမွန်ပါတယ်။ ကိုယ့်ရင်သားကို ကိုယ်ဘာသာကိုယ် ဘယ်လိုစစ်ဆေးရမလဲဆိုတာကို ဆရာဝန်ဆီမှာ သင်ထားပါ။

အချို့တွေကတော့ ဒီလိုရင်သားမညီတာတွေကို အလှအပအတွက် စိတ်ပူပါတယ်။ စိတ်ပူဖို့မလိုပါဘူး။ ကိုယ့်ရဲ့ ရင်သားအရွယ်မညီတာကို ဘယ်သူမှသတိမထားမိနိုင်ပါဘူး။

သိထားသင့်တဲ့အချက်ကတော့ လေ့ကျင့်ခန်းတွေ၊ ဆေးတွေ၊ အစားအစာတွေက ရင်သားအရွယ်အစား၊ ပုံစံကိုမပြောင်းလဲနိုင်ပါဘူး။ ခွဲစိတ်ပြုပြင်မှသာ ပြောင်းလဲနိုင်ပါတယ်။ အချို့ကတော့ ရင်သားမညီတာအတွက် အထောက်အပံ့ပေးနိုင်တဲ့ ဘရာစီယာကိုဝတ်လေ့ရှိပါတယ်။

ဖိုးသူတော် (www.phothutaw.com)

Credit:Dr. Mya Myo Myo Swe

Latest Comments

Leave a Comment

Related News