Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

ယောကျင်္ားတွေ လက်မလွှတ်နိုင်သော မိန်းကလေး

Image



ယောကျင်္ားတွေ လက်မလွှတ်နိုင်သော မိန်းကလေးဆိုတာ လောကကြီးမှာရှိပါတယ်။

ဒီစာလေးကို ယောကျင်္ားလေးတွေရော၊ မိန်းကလေးတွေကိုပါ ဖတ်စေချင်ပါတယ်။

၀၁. ဉာဏ်ထက်ပြီး သူနဲ့နေရင် ဉာဏ်ရည်တက်လာတယ်လို့ ခံစားရတယ်။

ဉာဏ်ကောင်းတဲ့ မိန်းကလေးဆိုတာ စိတ်ဝင်စားစရာကောင်းပါတယ်။ ကိုယ့်ထက်ဉာဏ်ကောင်းလို့ မနာလိုမဖြစ်ပါနဲ့။ လူတစ်ယောက်နဲ့တစ်ယောက်ဟာ အားသာချက်တွေ တူညီမှုမရှိပါ။ ကိုယ့်ကို တိုးတက်စေမဲ့သူက ဘေးနားမှာ ရှိတယ်ဆိုတာ ဝမ်းသာစရာပါ။

၀၂. ဘယ်အချိန်မဆိုဘေးမှာရှိပြီး အားပေးနေသူ။

ဘယ်အချိန်မဆိုဘေးနားကနေ အားပေးနေပြီး သူရှိတော့ စိတ်ထဲမှာ တကယ်ကို အေးချမ်းစေပါတယ်။

၀၃. ကိုယ့်ရဲ့အားသူချက်ဆိုတာ ဘယ်လဲဆိုတာကို ရှင်းပြပေးသူ။

အမှားလုပ်မိချိန်၊ အလုပ်ကအဆင်မပြေဖြစ်ချိန်၊ အလုပ်သစ်ကို ကြိုးပမ်းနေချိန်၊ သူက ကိုယ့်ကို အမြဲအားပေးနေတယ်။ အားပေးတာတစ်ခုထဲမဟုတ်ပဲ ကိုယ့်ရဲ့အားသာချက်က ဘာလဲဆိုတာကိုပါ သင်ပြပေးသူပါ။ ကမ္ဘာပေါ်မှာ မင်းကအတော်ဆုံးပဲလို့ သူကပြောနေမှာပါ။

၀၄. ဘယ်နေရာမှာ မဆို ကူညီ၊ အားပေးဖို့ရန် အသင့်ရှိနေသူ။

စိတ်ပိုင်းဆိုင်ရာ၊ စီးပွားရေးပိုင်းဆိုင်ရာ ဘယ်လို ပြသာနာတွေ ကြုံကြုံ သူက အနားမှာ အမြဲရှိနေတတ်တယ်။ ကိုယ့်ရဲ့ရည်မှန်းချက် အိမ်မက်တွေအတွက်  သူက ဖြည့်စီးပေးရန် အသင့်ရှိနေမှာပါ။

၀၅. အထက်တန်းကျသော အလှဖန်တီးရှင်။

ပွဲလမ်းသွားစရာရှိနေချိန်မှာ ဘာမှကို ပြောစရာမလို အချိန်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သန့်ရှင်း သပ်ရပ်သော အလှတရားကို ချက်ချင်းဆိုသလို ဖန်တီး ဝတ်စားတတ်သူပါ။

၀၆. ပြန်ရဖို့ကို မတွေးသူ။

လူများက ကိုယ့်ဘက်ကို ကြည့်ပြီး အကူအညီပေးတတ်သူကများပါတယ်။ သူကတော့ ကူညီချင်လို့ကိုသာ ကူညီနေသူဖြစ်ပြီး ဘာမှပြန်မရလဲ ပြသာနာမရှိသူပါ။

စိတ်ရင်းနဲ့ ကူညီနေသူတစ်ယောက်ပါ။

၀၇. ပတ်ဝန်းကျင်ကို ပျော်ရွှင်တိုးတက်စေရန် စွမ်းဆောင်နိုင်သူ။

ဘာတွေပဲဖြစ်ဖြစ် အကောင်းဘက်ကတွေးပြီး အားလုံးကိုလည်း အကောင်းဘက်ကမြင်တတ်အောင် ပြသနိုင်သူပါ။

၀၈. ပေါင်းသင်းဆက်ဆံရေး ကောင်းသူ

ဘယ်သူ့ကိုမဆို တည့်အောင် ပေါင်းသင်းဆက်ဆံတတ်သူပါ။ လူတန်းစားမခွဲ ယဉ်ယဉ်ကျေးကျေး ပြောဆိုတတ်သူပါ။

၀၉. အချိန်ကို တန်ဖိုးရှိရှိ အသုံးချတတ်သူ

အလုပ်အတွက် အချိန်၊ မိသားစုအတွက် အချိန်ကို ကောင်းကောင်းဇယားချပြီး အသုံးချတတ်သူပါ။

၁၀. မမောက်မာပဲ တည်ငြိမ်နေသောသူ

ကိုယ့်ရဲ့အကြောင်းကို ကိုယ်အသိဆုံးဖြစ်ပြီး ဘယ်လိုပေါင်းသင်းဆက်ဆံနေထိုင်သင့်တယ်ဆိုတာကို နားလည်နေသူပါ။

ဖိုးသူတော် (www.phothutaw.com)

Credit: ChelmoTeam

#

Latest Comments

Leave a Comment

Related News