Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

ယူတို့အတွက်အထောက်အကူဖြစ်စေမယ့် နိုင်ငံတကာက အလှအပရေးရာလျှို့၀ှက်ချက်လေးတွေ…

Image



မိန်းကလေးနဲ့အလှအပဆိုတာ ကင်းကွာနေလို့မရပါဘူး။ဘယ်လိုအရာတွေဟာ ကိုယ့်ကိုလှစေမလဲ ဘယ်လိုအရာတွေက ကိုယ့်အသားအရည်ကိုပျက်စီးစေမလဲလေ့လာပြီး အမြဲတမ်းထိန်းသိမ်းနေရတာပါ။ဒီတော့ Trend ပျိုမေတို့အတွက် နိုင်ငံတကာက ကျင့်သုံးကြတဲ့အလှအပရေးရာလျှို့၀ှက်ချက်လေးတွေကိုပြန်ပြီးမျှေ၀ပေးချင်ပါတယ်။

သြစတေးလျ

သြစတေးလျသူတွေရဲ ့ဗောက်ရှင်းနည်းလေးကတော့ သူတို့ရဲ ့ခေါင်းလျှော်ရည်ထဲကို tea tree oil အစက်အနည်းငယ်ထည့်လိုက်တာပါပဲတဲ့။အဲ့ဒါက ဗောက်တွေကင်းစင်စေတယ်လို့သိရပါတယ်။

အီဂျစ်





အီဂျစ်တွေရဲ့ ခန္ဓာကိုယ်တစ်ခုလုံးအတွက် အလှအပထိန်းသိမ်းနည်းကတော့ နွားနို့ ၁လီတာ ဒါမှမဟုတ် ၂လီတာနဲ့ ပျားရည် ၁၀၀ ဂရမ်ကို ရောစပ်ကာရေစိမ်ချိုးတာပါတဲ့။ရေချိုးပြီး မိနစ် ၂၀လောက်နေရင် အသားအရည်က ပိုနူးညံ့ချောမွေ့လာပါလိမ့်မယ်။

ကိုလံဘီယာ

ကိုလံဘီယာသူတွေရဲ့ အလှအပရေးရာလျှို့၀ှက်ချက်ကတော့ ထောပတ်သီးပါပဲ။ထောပတ်သီးကို မျက်နှာ၊ဆံပင်နဲ့ခန္ဓာကိုယ်သုံးမျိုးလုံးအတွက်သုံးကြပါတယ်။ဆံသားတွေတောက်ပပြီးနူးည့ံစေဖို့အတွက် ထောပတ်သီးနဲ့ငှက်ပျောသီးကိုကြိတ်ချေပြီး သံလွင်ဆီစားပွဲတင်ဇွန်းတစ်ဇွန်းရောစပ်ပါ။ပြီးရင်ဆံသားအနှံ့လိမ်းကျံပြီးနာရီ၀က်ထားပါ။အားလုံးပြီးရင် ခါတိုင်းလိုပဲ ခေါင်းလျှော်လို့ရပါပြီ။

တရုတ်

တရုတ်လူမျိုးတွေကတော့ အရေးအကြောင်းတွေ ကာကွယ်ပြီးအသားအရည်နုပျိုစေဖို့အတွက် ဆန်ဆေးရေကိုသုံးပါတယ်တဲ့။မိနစ် ၂၀လောက်စိမ်ထားတဲ့ဆန်ဆေးရေကိုသေချာစင်ကြယ်အောင်စစ်ပြီး မျက်နှာသစ်ပေးရင် အရေးအကြောင်းကင်းစင်ပြီး ချွေးပေါက်ကျဉ်းလို့လှပတဲ့ အသားအရည်ကို ရရှိစေပါတယ်။

အိန္ဒိယ

အိန္ဒိယလူမျိုးတွေကတော့ ပုံထဲမှာပြထားတဲ့လေ့ကျင့်ခန်းကို မနက်မိုးလင်းအိပ်ရာကနိုးတဲ့အခါပြုလုပ်လေ့ရှိပါတယ်။ဒါက ခန္ဓာကိုယ်တွင်းကိုသန့်စင်ပေးပြီးအားအင်တွေရရှိစေပါတယ်တဲ့။ခန္ဓာကိုယ်ထဲမှာအဆိပ်အတောက်တွေကင်းစင်မှ အပြင်က အသားအရည်ကလည်းလှပမှာပါ။ဒီလေ့ကျင့်ခန်းကို ၂ကျော့ပြန်လုပ်ကြတယ်လို့သိရပါတယ်။

အမေရိကန်

အမေရိကန်သူတွေကတော့ ချွေးပေါက်ကျဉ်းတဲ့အသားအရည်ကို ရရှိအောင် လိမ္မော်ရည်ကိုသုံးပါတယ်။လိမ္မော်ရည်နဲ့ ရေကို ဆတူရောစပ်ပြီး ဂွမ်းနဲ့မျက်နှာကို လိမ်းပေးပါတယ်။၁၀မိနစ်လောက်ခဏစောင့်ပြီးရေနဲ့သန့်စင်ပေးတယ်လို့ သိရပါတယ်။

ဘော်ဂေးရီးယား

သူတို့ရဲ့ အလှအပရေးရာလျှို့၀ှက်ချက်လေးကတော့ နှင်းဆီအဆီနဲ့နှင်းဆီပွင့်ဖတ်လေးတွေပါတဲ့။နေ့တိုင်းသူတို့ရဲ့မျက်နှာကို နှင်းဆီရည်နဲ့သစ်ပေးတယ်လို့သိရပါတယ်။နှင်းဆီရည်က အသားအရည်ကိုစိုပြည်စေပြီး နူးည့ံချောမွေ့စေပါတယ်။

ဂရိ

ဂရိလူမျိုးတွေကတော့ သံလွင်ဆီကိုအဓိကထားပြီးသုံးကြပါတယ်။သံလွင်ဆီကို အစားအစာအတွက်သုံးကြသလို အလှအပအတွက်လည်းသုံးကြပါတယ်။သံလွင်ဆီစားပွဲတင်ဇွန်းတစ်ဇွန်းနဲ့ဒိန်ချဉ်ခွက်သေးတစ်ခွက်ကိုရောစပ်ပြီးဆံသားကိုလိမ်းကျံပေးပါ။၅မိနစ်လောက်ထားပြီးရေနဲ့သန့်စင်ပါ။ချက်ချင်းကို ဆံသားနူးညံ့ချောမွေ့သွားတာခံစားရပါလိမ့်မယ်။သူတို့အတွက် သံလွင်ဆီကမရှိမဖြစ်ပါပဲ။

ဖိုးသူတော် (www.phothutaw.com)

Credit: Trend

Tags:
  • ,

Latest Comments

Leave a Comment