Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

မြန်မာယူ-၁၉အသင်းရဲ့ အရည်အသွေးကိုစမ်းသပ်မယ့် ထိုင်းအသင်းနဲ့ဆီမီးဖိုင်နယ်ပွဲ

Image



ေ၀ဖန်မှုတွေများစွာခံနေရတဲ့ နည်းပြဦးမျိုးလှိုင်၀င်းရဲ့ မြန်မာယူ-၁၉အသင်းဟာ ယက်ကန်ယက်ကန်နဲ့ အာဆီယံယူ-၁၉ချန်ပီယံရှစ် ဆီမီးဖိုင်နယ်အဆင့်ကိုတော့ ရောက်ရှိခဲ့ပါပြီ။မြန်မာယူ-၁၉ဟာအုပ်စုပွဲစဉ်အစမှာ တီမောနဲ့(၂ ဂိုးစီသရေကျခဲ့လို့ ေ၀ဖန်သံတွေဆူညံသွားခဲ့ပါတယ်။ ဒါပေမယ့် ကမေ႓ာဒီးယားကို(၄)ဂိုး(၁)ဂိုး၊ ဘရူနိုင်းကို(၇)ဂိုး(၁)ဂိုးနဲ့ အနိုင်ယူကာအုပ်စုတက်ရေး မျှော််လင့်ချက်ပြန်လည်ရှင်သန်လာခဲ့ပါတယ်။ အုပ်စုနောက်ဆုံးပွဲစဉ်မှာ မလေးရှားကိုရှှုံးခဲ့တာကြောင့် အုပ်စုတက်ရေးမျှော်လင့်ချက်တို့ ပျောက်ဆုံးသွားမလိုဖြစ်သွားခဲ့ရပါတယ်။

ဒါပေမယ့်တစ်ခြားပွဲစဉ်တစ်ပွဲဖြစ်တဲ့ တီမောနဲ့ကမ္ဘောဒီးယားပွဲမှာ ကမ္ဘောဒီးယားကတီမောကို အနိုင်ရခဲ့တာကြောင့့်် ကံကောင်းထောက်မစွာမြန်မာတို့ ဆီမီးတက်ခွင့်ရခဲ့ပါတယ်။ ဆီမီးဖိုင်နယ်မှာအုပ်စုဒုတိယရတဲ့ မြန်မာအသင်းဟာ တစ်ဖက်အုပ်စုကပထမရတဲ့ထိုင်းအသင်းနဲ့ တွေ့ဆုံနေပါတယ်။ ထိုင်းအသင်းဟာပြို်င်ပွဲ၀င်အသင်းတွေထဲမှာ အတောင့်တင်းဆုံးဖြစ်ပြီး ဒီပြိုင်ပွဲမှာချန်ပီယံဖြစ်ဖို့ ရေပန်းစားနေတဲ့အိမ်ရှင်အင်ဒိုနီးရှားကိုတောင် သူ့ကွင်းသူ့ပရိသတ်ရှေ့မှာ အနိုင်ကစားထားခဲ့တာပါ။ မြန်မာအသင်းအတွက်ထိုင်းဟာ ဒီအဆင့်မှာအနိုင်ယူဖို့ခက်ခဲလွန်းတဲ့ ပြိုင်ဘက်ဆိုလည်းမမှားပါဘူး။

မြန်မာအသင်းဟာဆီမီးကိုတက်လာပေမယ့် အားနည်းချက်တွေရှိနေဆဲပါ။အများဆုံးထောက်ပြခံရတဲ့ အားနညး်ချက်ကတော့ ပွဲတိုင်းဂိုးပေးနေရတဲ့ နောက်တန်းဖြစ်ပါတယ်။ တိုက်စစ်ကဂိုးတွေရနေပေမယ့် နောက်တန်းကလည်း ပွဲတိုင်းဂိုးပေးထားရပါတယ် ထိုင်းအသင်းလိုတိုက်စစ်ကောင်းတဲ့ အသင်းနဲ့တွေ့ဆုံရာမှာတော့ မြန်မာအသင်းအနေနဲ့ အဆိုပါအားနည်းချက်ကို ပြင်ဖို့လိုအပ်နေပါတယ်။ နည်းပြဦးမျိုးလှိုင်၀င်းဟာ ဒီပြိုင်ပွဲကိုဦးကြည်လွင် ရွေးချယ်ထားတဲ့ မြန်မာယူ-၂၁ကစားသမားတွေ တော်တော်များများခေါ်ယူလာခဲ့ပါတယ်။

၀င်းနိုင်ထွန်း၊ မြတ်ကောင်းခန့်တိုလို့ မြန်မာနေရှင်နယ်လိဂ်ရဲ့ နာမည်ကြီးကစားသမားတွေ ပါ၀င်နေတာမလို့့ မြန်မာယူ-၁၉ကို ဒီပြိုင်ပွဲမှာပရိသတ်တွေက ချန်ပီယံအဖြစ် မြင်လိုနေကြပါတယ်။ မြန်မာယူ-၁၉ဟာနည်းပြ အပြောင်းအလဲအလွန်များတဲ့ အသင်းဖြစ်ပြီး နည်းပြဦးမျိုးလှိုင်၀င်းဟာလည်းယူ -၁၉အသင်းကို တာ၀န်ယူတာမကြာသေးပါဘူး။သူ့အနေနဲ့မြန်မာယူ ၁၉ကို တာ၀န်ယူနိုင်တဲ့ နည်းပြတစ်ဦးအဖြစ် သက်သေပြဖို့ထိုင်းနဲ့ပွဲမှာ သက်သေပြဖို့လိုနေပါတယ် ဒီနေ့ညသုံးနာရီမှာ ထိုင်းနဲ့ဆီမီးဖိုင်နယ်မှာ ဘယ်လိုရလဒ်တွေထွက်လာမလဲဆိုတာကို ဆက်လက်စောင့်ကြည့်သွားကြပါစို့….

ဖိုးသူတော် (www.phothutaw.com)

Credit: Herry (MyanmarNote)

#

Latest Comments

Leave a Comment

Related News