Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

မူပိုင်ခွင့်အငြင်းပွားဖွယ်ဖြစ်နေတဲ့ မုန်းလို့ရရင် မုန်းချင်တယ် ရုပ်ရှင်ကား

Image



ဧပြီလ ၂၄ရက်နေ့ကစပြီး ရုံတင်ပြသခဲ့တဲ့ မုန်းလို့ရရင် မုန်းချင်တယ် ရုပ်ရှင်ဇာတ်ကားကြီးကို နွေနေ့၏ မိုးစက်များဆိုတဲ့ ဝတ္ထုကနေ ကူးယူရိုက်ကူးထားတယ်ဆိုပြီး စာရေးဆရာကိုထွန်း(ကွန်ပျူတာတက္ကသိုလ်) ရဲ့ ထုတ်ပြန်ချက်စာတစ်စောင် ထွက်ပေါ်လာခဲ့ပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ရွှေစင်ဦး ရုပ်ရှင် ထုတ်လုပ်ရေးရဲ့ ထုတ်လုပ်သူ ကိုကျော်လင်းထွန်းက အခုလို ပြန်လည်ဖြေရှင်းခဲ့ပါတယ်။

'' အယ်! ဒုက္ခော၊ ကို မိုးနီ လွင် တို့ ကို သက် ဦး မောင်တို့ရေ လုပ်ကြပါဦး။ ထုတ်လုပ်ရေးက စာရေးဆရာကအစ ပါဝင်တဲ့အနုပညာရှင် အတတ်ပညာရှင်များအား အနုပညာကြေးချီးမြှင့်ပြီး သူတို့တွေရဲ့ခွင့်ပြုချက်ရမှ ရိုက်ကူးထုတ်လုပ်လို့ရပါတယ်။ ဇာတ်တူတယ်မတူဘူး ဆို တဲ့ ကိစ္စက ဇာတ်ဖန်တီးသူများမှဖြေရှင်းပါလိမ့်မည်'' ဆိုပြီးတော့ ကိုကျော်လင်းထွန်းက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေတဆင့် ရေးသားခဲ့ပါတယ်။

ဒီပြဿနာကို ဖြေရှင်းဖို့အတွက် တစ်ဖက်က ဆက်သွယ်လာပြီဖြစ်ကြောင်း စာရေးသူ ကိုထွန်း(ကွန်ပျူတာ တက္ကသိုလ်) က Duwun Media ကို ဖြေဆိုခဲ့ပါတယ်။

'' ကျွန်တော်တို့ သတင်းစာမှာတော့ လုပ်ထုံးလုပ်နည်းက ၇ ရက်အတွင်း ဆက်သွယ်ဖြေရှင်းဖို့ပါ။ အခုတော့ ဆက်သွယ်လာပါတယ် ဖြေရှင်းတဲ့အပိုင်းတော့ မရောက်သေးပါဘူး။ လမ်းကြောင်းအရတရားစွဲလို့ရတာတွေ၊ အဖွဲ့အစည်းနဲ့ ချိတ်တာတွေရှိတာပေါ့၊ တရားစွဲတယ်ဆိုတာကတော့ အဲ့ဒါတွေရဲ့ နောက်ဆုံးမှပါ အဆင့်ရဲ့ သဘောတရားပေါ့။ ပြဿနာနဲ့ ပတ်သက် ပြီး ဟိုဘက်က ဝတ္ထုနဲ့ ကျွန်တော်တို့ ဝတ္ထုကို ရုပ်ရှင်က လူကြီးတွေက သုံးပွင့်ဆိုင် ပြန်ပြီးတော့ လေ့လာနေတယ်၊ သူတို့ဘက်မှာလည်း ဇာတ်ညွှန်းတွေရှိသလို ကျွန်တော်တို့ဘက်မှာလည်း Print Varsion လုံးဝရှိပြီးသား။ ဇာတ်အိမ်တူတယ်လို့ မဆိုလိုဘူး ဇာတ်ကောင်ရဲ့ နာမည်ကိုက လိုက်တူတာ အဲ့ဒါကြောင့် ကျွန်တော်က ပြောရတာ။ ဇာတ်ကောင်ရဲ့ ကာရိုက်တာကို လုံးဝဖြေရှင်းပေးစေချင်တာ တစ်ခုပဲ'' လို့ စာရေးဆရာ ကိုထွန်း(ကွန်ပျူတာတက္ကသိုလ်)က Duwun Media ကိုဖြေကြားခဲ့ပါတယ်။

မုန်းလို့ရရင် မုန်းချင်တယ်ရုပ်ရှင်ဇာတ်ကားကြီးဟာ နွေနေ့၏ မိုးစက်များ ဆိုတဲ့ ဝတ္ထုဇာတ်လမ်းကနေ ကူးယူရိုက်ကူးထားတယ် ဆိုပြီးတော့ စာရေးသူ ကိုထွန်း(ကွန်ပျူတာတက္ကသိုလ်)က ရွှေစင်ဦးထုတ်လုပ်ရေး နဲ့ အတူ အများသိစေရန် ဆိုတဲ့ ကြေညာချက်ထဲမှာ ရေးသားခဲ့တာပါ။

ဇာတ်လမ်းရဲ့ ဇာတ်သိမ်းပိုင်း ကွဲ၊ ညားကို ပြောင်းပြန်လုပ်ထားသည်မှ အပ ဇာတ်အိမ်၊ ဇာတ်ကျောရိုး၊ ဇာတ်လမ်း၊ ဇာတ်ကွက်၊ ဇာတ်၏ အဓိက စတိုင်လ်၊ နောက်ခံပြကွက်များ၊ ဇာတ်ကောင်အမည်များအထိ နွေနေ့ မိုးစက်များ ဆိုတဲ့ ဝတ္ထုထဲက ကနေ အသုံးပြုထားတယ်လို့လည်းသူ့ရဲ့ ကြေညာချက်ထဲမှာထည့်သွင်းရေးသားခဲ့ပါသေးတယ်။

ဇာတ်ကားနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ အတွက် သက်ဆိုင်ရာ ထုတ်လုပ်သူ၊ ဇာတ်လမ်း၊ ဇာတ်ညွှန်းရေးဆရာတွေကို မေးမြန်းဖို့အတွက် ဖုန်းနဲ့ ဆက်သွယ်ရာမှာ ဖုန်းပိတ်ထားတဲ့အတွက် မေးမြန်းလို့ မရခဲ့ပါဘူး။

မုန်းလို့ရရင် မုန်းချင်တယ် ရုပ်ရှင်ဇာတ်ကားကြီးကို ဇာတ်လမ်း သက်ဦးမောင်၊ ဇာတ်ညွှန်း မြမြင့်မိုရ်၊ မိုးနီလွင် တို့က ရေးသားထား တာဖြစ်ပြီး ဒါရိုက်တာ အောင်ဇော်လင်းက ရိုက်ကူးပုံဖော်ထားတယ်လို့ သိရပါတယ်။ ဒီဇာတ်ကားထဲမှာ သရုပ်ဆောင် အကယ်ဒမီနေတိုး၊ မင်းဦး၊ဇင်မျိုး၊ သင်ဇာဝင့်ကျော်နဲ့ ရတနာမိုင်တို့က အဓိက ပါဝင် သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

Photo: မုန်းလို့ရရင် မုန်းချင်တယ် Fb Page

ဖိုးသူတော် (www.phothutaw.com)

Credit: Duwun

Latest Comments

Leave a Comment

Related News