မုန့်ဟင်းခါး ထဲ လူတိုင်းလိုလို ထည့်စားတတ်တဲ့ အကြော် ရဲ့ ကြောက်မက်ဖွယ်ရာ

မြန်မာတွေကြိုက်လှတဲ့ မုန့်ဟင်းခါး မှာ ပါတဲ့ အကြော် ဘယ်လောက်ကြောက်ဖို့ကောင်းလဲ
ဒီနေ့ မြောက်ပြင်ဘက်သွားရင်း မုန့်ဟင်းခါးသည်မြင်တော့ ဗိုက်ဆာတာနဲ့ ဝင်စားမိတယ်… အရမ်းကြိုက်တာလဲ ပါတာပေါ့….
ဟယ် ကောင်းတယ် ကောင်းတယ်ဆိုပီး
အကြော်ပိုလေးနဲ့ ဟင်းရည်လေးတောင် တောင်းသောက်လိုက်သေးတယ်….
အကြော်လေးကကောင်းလိုက်တာဆိုပီး အကြော် လေး ၂၀၀ဖိုး အပိုရောင်းပေးပါဆိုပီး စားမိတော့ အရမ်းကြိုက်ပီး
အထုတ်ကြီး တထုတ်လောက် ထပ်ရောင်းပေးပါ လို့ ဝယ်ရော….
ဇာတ်လမ်းကအဲ့မှာစတာပဲ
အပိုမရှိတာမို့ ရောင်းပေးလို့မရလို့ပါတဲ့ အာ့နဲ့ ကိုယ်တွေကလည်းကြိုက်မိရင်ဇွတ်ဆိုတော့ ပိုက်ဆံ ပေးခဲ့ပါမယ် နက်ဖြန်မှ လာယူပါ့မယ်ပြောမိရော…(သူ့အကြော်ကလည်း မွ ရွပြီး ကောင်းတာကို)
ကိုယ်ပုံကြည့်ပီး ဇွတ်စားတော့မယ်ရိပ်မိသွားတဲ့ ဆိုင်ရှင်က ဘယ်လိုစားမှာလည်းတဲ့ ….
ဟင် ဘာလားပေါ့…
ဒီအကြော်တွေကအများကြီးစားရင် ရင်ပူတယ်တဲ့
အဲ့တော့မှ ပလပ်စတစ်ထည့်ကြော်တာနေမှာဆိုပီး လန့်သွားတာ..
အာ့နဲ့ စားလက်စ အကြော်ထုတ်လေး ဘေးချပီး အိမ်အမြန်ပြန်ပြေးပီး လက်ထိုးအန်ကြရရော….
ဗိုက်ထဲရောက်သွားရင် ဘယ်လို ဖြစ်သွားမလဲ သိချင်စိတ်နဲ့ ဖြဲ ရဲ ကြည့်တော့ အလား လား အကြော်တွေက ပလပ်စတစ်လိုလို ရာဘာ လိုလို ဖြူဖြူတွေ လက်နဲ့ ဖျစ်လည်း မကြေဘူးနော်…
အများကြီး ရက်ရှည်စားမယ်ဆို အူပိတ်တာတို့ အူကင်ဆာတို့ အစာအိမ်ကင်ဆာတို့များ ဖြစ်မလားပဲ…
အဲဒါနဲ့ အကြော်ထုတိ ကြီးယူပီး မီးဖိုပေါ်တင် ပြုတ်ကြည့်ကြပြန်ရော…
အမလေးလေး ၁၀မိနစ်လောက် ပြုတ်တာတောင် ပုံစံ မပျက်တဲ့ ကိုရွေအကြော်တွေကို လေ့လာကြည့်ကြပါ…
လမ်းပေါ်မှာ ရောငိးနေတဲ့ မုန့်ဟင်းခါးဆိုင်တိုင်း ဒီအကြော်တွေ သုံးကြပါတယ်…
တနေ့ တနေ့ လူတွေ ဘယ်လောက်တောင် စားမိနေလဲ….
အစားအသောက်နဲ့ ပတ်သတ်ရင် ကိုယ်တွေအိမ်က ငြုပ်သီးမှုန့်ဆိုးဆေး အချိုမုန့် ဆီ အတော်သတိထားကြပေမယ့် လမ်းဘေးမှာ ကိုယ်ကြိုက်တာလေးမြင်တော့လည်း မနေနိုင်မိတဲ့ အဖြစ် ကြောငိ့ အတော်လန့်သွားမိတယ်….
လူတွေ လူတွေ တနေ့ တနေ့ ဘယ်လောက်အဆိပ်သင့်နေကြပီလဲ
ဖိုးသူတော် (www.phothutaw.com)
Credit:Thae Su Hlaing
#
Latest Comments
Leave a Comment