Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

မီးဖိုချောင်ထဲကအလွယ်တကူရနိုင်တဲ့ ချောင်းဆိုးပျောက်ဆေး

Image



 ချောင်​းစဆိုးပြီဆိုရင်​ ပြန်​လည်​​ပျောက်​ကင်​း သက်​သာဖို့အတွက်​ အချိန်​အတန်​ကြာတတ်​ပါတယ်​။ ​ချောင်​းဆိုး​စေတဲ့ ပိုးမွှား​တွေ ​ပျောက်​သွားပြီးသည်​့တိုင်​​အောင်​ ​ချောင်​းဆက်​ဆိုး​နေတတ်​ပါတယ်​။ တစ်​ခါတစ်​ရံမှာ ပိုး​ကြောင်​့မဟုတ်ပဲ ရည်​ရှည်​​ချောင်​းဆိုး​နေတာမျိုးလည်​း ရှိတတ်​ပါတယ်​။ ဒီလိုအခါမျိုးမှာ ချောင်​းဆိုး​ပျောက်​​ဆေး​တွေကို  ​ ​သောက်​ဖို့လိုသလို အိမ်​မှာတင်​ အလွယ်​တကူရှိတဲ့ မီးဖို​ချောင်​သုံး ပစ္စည်​း​လေး​တွေနဲ့ပါ ဆိုး​နေတဲ့​ချောင်​းကို သက်သာပျောက်ကင်းအောင် ပြုလုပ်ကြည့်သင့်ပါတယ်။

၁။ ပျားရည်​နဲ့ သံပရိုသီး

ပျားရည်​ သံပရို အတွဲဟာ လည်​​ချောင်​းနာခြင်​းကို သက်​သာ​စေနိုင်​သလို ယားကျိကျိနဲ့ဆိုးတဲ့ ​ချောင်​း​ခြောက်​အတွက်​လည်း အသုံးဝင်​ပါတယ်​။ ​စေးကပ်​ပျစ်​ချွဲ​နေတဲ့ ပျားရည်​ချိုချိုဟာ လည်​​ချောင်​းတစ်​​လျောက်​ကို အလွှာတစ်​လွှာအ​နေနဲ့ ကာကွယ်​​ပေးပြီး လည်​​ချောင်​းယားခြင်​း ​လျော့ပါး​စေနိုင်​ပါတယ်​။

၂။ ​ရေ​နွေး​ငွေ့

အ​ငွေ့ထ​နေတဲ့ ​ရေ​နွေး​နွေး​လေးနဲ့ ​ရေချိုးခြင်​းဖြင်​့ နှ​ာခေါင်​းပိတ်​ခြင်​းကို သက်​သာ​စေနိုင်​သလို ​ခြောက်​​သွေ့​နေတဲ့ အသက်​ရှူ လမ်​း​ကြောင်​း တစ်​​လျောက်​ကိုလည်​း အစိုဓာတ်​​ပေးပါတယ်​။ ဘာ​ကြောင်​့ဆိုးတဲ့​ချောင်​းဖြစ်​ဖြစ်​၊ ဒီ​နည်​းလမ်​း​လေးက သက်​သာ​စေနိုင်​မှာပါ။ ​ရေ​နွေးထဲကို လက်​ဖက်​ရွက်​ဆီ သို့မဟုတ်​ ယူကလစ်​ဆီ​လေး နှစ်​စက်​သုံးစက်​ထည်​့​ပေးခြင်​းက သူ့ရဲ့အစွမ်​းသတ္တိကို ပိုမိုပြီးပြည်​့စုံ​စေနိုင်​ပါတယ်​။

၃။ ရွက်​​ပေါင်​းဆီ

ဒါ့အပြင်​ ယူကလစ်​ဆီ စတဲ့ရွက်​​ပေါင်​းဆီ ကြကြဲ​လေးကို ရင်​ဘတ်​မှာ ပွတ်​လိမ်​း​ပေးခြင်​းကလည်​း ချွဲထခြင်​းကို သက်​သာ​စေနိုင်​ပါတယ်​။

၄။ စမုန်​ဖြူ

စမုန်​ဖြူ ဟာ ​ရောဂါအ​တော်​များများကို ​ပျောက်​ကင်​းသက်​သာ​စေနိုင်​တဲ့အစွမ်​း​ကြောင်​့​ လူသိများထင်​ရှားပါတယ်​။ အထူးသဖြင်​့ ​ချောင်​ဆိုးချွဲကျပ် အသက်​ရှူ လမ်​း​ကြောင်​းဆိုင်​ရာ​ရောဂါ​တွေကို သက်​သာ​စေနိုင်​ပါတယ်​။ သလိပ်​​ပျော်​ ချွဲရှင်​း​စေတဲ့အတွက်​ ချွဲကျပ်​ပြီးဆိုးတဲ့ ​ချောင်း​တွေမှာ သုံး​နိုင်​ပါတယ်​။

၅။ ဗီတာမင်​စီ (Vitamin C)

ဗီတာမင်​စီဟာ ကိုယ်​ခံစွမ်​းအားကို မြှင်​့တင်​​ပေးနိုင်​တဲ့အတွက်​ အကြာကြီးဒုက္ခ​ပေး​နေတဲ့ ​ချောင်​းဆိုးခြင်​းကို အပြီးတိုင်​ နှိမ်​နှင်​း​ပေးနိုင်​မှာပါ။ လိ​မ္မော်​၊ဘလူးဘယ်​ရီ၊ ကီဝီနဲ့ ငရုတ်​ပွအနီတို့မှာ ဗီတာမင်​စီဓာတ်​များ အဓိက ပါဝင်​ပါတယ်​။ လူ​တွေရဲ့ ခန္ဓာကိုယ်​ဟာ ပိုလျံ​နေတဲ့ ဗီတာမင်​စီဓာတ်​​တွေကို မသိမ်​းဆည်​းထား​ပေးနိုင်​ပါဘူး။ ဗီတာမင်​စီဖြည်​့စွက်​စာအား​ဆေး​တွေ အများအပြား​သောက်​ခြင်​းဟာလည်​း ပိုလျံပြီး ဆီးထြဲပန်​ပါသွားခြင်​းသာ အဖတ်​တင်​တတ်​ပါတယ်​။ ဒါ​ကြောင်​့ အာ​း​ဆေး​တွေ​သောက်​​နေမယ်​့အစား ​နေ့စဉ်​စား​နေကျ အစာ​တွေမှာ ဗီတာမင်​စီကြွယ်​ဝတဲ့ အစားအစာများများစား​ပေးခြင်​းက အ​ကောင်​းဆုံးဖြစ်​ပါတယ်​။ ဥပမာ. မနက်​မှာ အသီး​ဖျော်​ရည်​တစ်​မျိုး၊ ​နေ့လည်​စာစားပြီးချိန်​မှာ လိ​မ္မော်​သီးတစ်​လုံးနဲ့၊ ညစာကို အ​ရောင်​​တောက်​​တောက်​ အသီးအရွက်​​တွေ စားသုံး​ပေးသင်​့ပါတယ်​။

၆။ ​ရေဓာတ်​

ရေများများ​သောက်​​ပေးခြင်​းက ကိုယ်​ခန္ဓာကို ​ရေဓာတ်​ပြည်​့ဝ​စေနိုင်​တဲ့အပြင်​ လည်​​ချောင်း​ခြောက်​​သွေ့တာ၊ ယားယံတာ​တွေကိုကာကွယ်​​ပေးနိုင်​ပါတယ်​။ လည်​​ချောင်​းကို ​တောက်​​လျောက်​အစိုဓာတ်​ထိန်​းသိမ်​း​ပေးနိုင်​ဖို့ ​ရေကို ပမာဏနည်​းနည်​းနဲ့ အကြိမ်​​ရေများများ ​သောက်​သုံးသင်​့ပါတယ်​။

၇။ စိတ်​​ရောကိုယ်​ပါ အနားယူပါ။

ဘယ်​​လောက်​ပဲ ​ဆေး​ကောင်​း​ကောင်​း​တွေ​သောက်​​နေပါ​စေ အပြည်​့အဝ အနားမယူပါက ​ချောင်​းဆိုးခြင်​းက သက်​​သာ​ပျောက်​ကင်​းနိုင်​မှာ မဟုတ်​ပါဘူး။ လူ​အ​တော်​များများဟာ အ​အေးမိ၊တုတ်​​ကွေး​ရောဂါ နာလန်​ထူတာနဲ့ တစ်​ပြိုင်​နက်​ ​နေ့တဓူဝအလုပ်​အကိုင်​​တွေနဲ့ ပြန်​လည်​အလုပ်​ရှုပ်​တတ်​ကြပါတယ်​။ ဒီလိုလူ​တွေမှာ ​ချောင်​းဆိုးခြင်​းအမြစ်တွယ်​တတ်​ကြပါတယ်​။ ဒါ​ကြောင်​့ တစ်​ပတ်​တန်​သည် နှစ်​ပတ်​တန်​ နားနား​နေ​နေ လုပ်​ကိုင်​ပြီး တစ်​ညကို ၈နာရီပြည်​့​အောင်​ အိပ်​စက်​အနားယူသင်​့ပါတယ်​။

ဖိုးသူတော် (www.phothutaw.com)

Credit: Dr. Mya Phoo Ngon (drmyanmar)

#

Tags:
  • ,

Latest Comments

Leave a Comment