Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

မိုးနဲ၌ မီးကြွင်းမီးကျန်မှ နေအိမ်တစ်လုံးမီးလောင်

Image



မိုးနဲ မေ ၅

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ် ပေါ့မိုင်း ရပ်ကွက်၌ မီးကြွင်းမီးကျန်မှတစ် ဆင့် နေအိမ်တစ်လုံးမီးလောင်ဆုံး ရှုံးမှု ယနေ့နံနက် ၉နာရီခွဲက ဖြစ်ပွား ခဲ့ပြီး ယနေ့ နံနက် ၉ နာရီ မိနစ် ၄ဝ တွင် မီးငြိှမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ပေါ့မိုင်းရပ်ကွက်နေ အိမ်ပိုင်ရှင် စိုင်းချစ်နှင့်နန်းလိတ် တို့သည် ဝက်စာကျွေးရန်ထင်းမီး နှင့်ဝက်စာကျိုခဲ့ပြီးမီးများငြိှမ်းသတ် ၍ ၄င်းလယ်လုပ်ရာနေရာသို့ သွား ရောက်နေစဉ် မီးကြွင်းမီးကျန်မှ တစ်ဆင့် မီးများစတင်လောင်ကျွမ်း ခဲ့ပြီး အလျား ပေ ၂ဝ၊ အနံ ၁၅ ပေရှိ မြေစိုက် ၊ထရံကာ ၊သွပ်မိုး၊ ဝါးခင်းနှစ်ထပ် လူနေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့သည်။

အဆိုပါမီးလောင်ရာနေရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှထွဋ် နှင့်တာဝန်ရှိသူများ၊ မြို့နယ်ရဲတပ် ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများက မီးသတ် ကားတစ်စီးနှင့်ဝိုင်းဝန်းငြှိမ်းသတ် ပေးခဲ့ပြီး မီးလောင်မှုနှင့်ပတ်သက် ၍ နေအိမ်ပိုင်ရှင်စိုင်းချစ်အား သက် ဆိုင်ရာမှလိုအပ်သောအရေးယူမှု များ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)

The Union Daily

https://www.facebook.com/uniondaily.net







Latest Comments

Leave a Comment

Related News