Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

မိမိချစ်သူ မိန်းကလေးကို ဒီပို့ ဖတ်ကြည့်ခိုင်းပါ..။ မကြိုက်ဘူးဆိုရင် အဲ့ဒီ မိန်းကလေးကို လမ်းခွဲလိုက်ပါ။

Image



မိမိချစ်သူ မိန်းကလေးကို ဒီပို့ ဖတ်ကြည့်ခိုင်းပါ..။ မကြိုက်ဘူးဆိုရင် အဲ့ဒီမိန်းကလေးကို လမ်းခွဲလိုက်ပါ။အိမ်ထောင်ပြု ယောက်ျားယူမယ့် မိန်းကလေးများသို့ဖတ်ဖြစ်အောင်ဖတ်ပါရှင်.. ..

သမီး……။

သူ့ကို ချစ်လို့ ယူတာပဲဖြစ်ဖြစ်မိဘချင်း သဘောတူပေးစားလို့ ယူတာပဲဖြစ်ဖြစ်သူဟာ

ကိုယ့်ရဲ့ အိမ်ထောင်ဦးစီးတယောက်ပါ။တနည်းပြောရရင် ကိုယ့်ရဲ့ ယုံကြည်အားကိုးရာအိမ်ဦးနတ်ပေါ့။

သမီး……။

အိမ်ဦးနတ် ဆိုမှတော့ ကိုယ်က သူ့ကိုယုံယုံကြည်ကြည် လေးလေးစားစား မြတ်မြတ်နိုးနိုးစွာနဲ့ ဆက်ဆံပါမှ ကိုယ်လည်း သူ့ရဲ့ ဂရုစိုက် ၊အလေးပေးမှုကို ခံရတယ်။

သမီး……။

ယောကျင်္ား ကို နိုင်(ထိန်းနိုင်သည်)တာကောင်းပါတယ်။ဒါပေမယ့် မနိုင်စားပါနဲ့ …။သူ့ကို နိုင်စားရင် သား၊သမီးတွေကပါ လိုက်ပြီးမလေးမစား ဆက်ဆံပါလိမ့်မယ်။မိန်းမ

နိုင်စားတာခံနေရတဲ့ အိမ်ထောင်ဦးစီးဟာဘယ်တော့မှ မကြီးပွားမတိုးတက်နိုင်ပါဘူး။

သမီး……။

ယောကျင်္ား မကောင်း လို့ ဆိုပြီး ဘဝ ကိုမငြို ငြင်ပါနဲ့ယောကျင်္ားကောင်း ဆိုတာ မိန်းမတွေနောက်ကွယ်ကနေ မသိမသာ ထိန်းကျောင်းပုံသွင်းရင်းနဲ့ ဖြစ်လာတာပါ။

သမီး……။

ယောကျင်္ား ဆိုတာ မိသားစုအတွက် ဂုဏ်သိက္ခာ၊မျက်နှာနဲ့ အပြင်မှာစီးပွားရှာ နေရတာ

ပါလူရှေ့သူရှေ့ ၊ သူ့ အပေါင်းသင်း ၊မိတ်ဆွေတွေ ရှေ့မှာ သူ့ကိုမလေးမစား အရှက်ခွဲ ဆက်ဆံမိတာမျိုးမလုပ်မိပါစေနဲ့။

သမီး……။

တရုတ် လို ဆိုရိုးစကား ရှိတယ်ကွဲ့ပက်ထုတ်လိုက်တဲ့ရေ ပြန်မရနိုင်ဘူးပေးလိုက်တဲ့

သမီး ပြန်မပိုင်ဘူး တဲ့ ဒါကြောင့်သူ့အိမ်၊သူ့ ဆွေမျိုး မိသားစု အသိုင်းဝန်း ကြားရောက်သွားတဲ့အခါကိုယ့် ဆွေမျိုး မိသားစုလို မေတ္တာထားပြီး ဆက်ဆံပါ။

သမီး……။

သူ့အိမ်ကိုရောက်သွားတဲ့အခါ သူ့မိဘကို ကိုယ့်မိဘလို သဘောထားပြီး ရိုရိုသေသေ လေးလေးစားစားဆက်ဆံပါ၊

ပြုစု စောင့်ရှောက်ပါ။သူ့ ညီအကိုမောင်နှမတွေကို ကိုယ့် ညီအကိုမောင်နှမတွေလိုသဘောထားပြီး ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီးဆက်ဆံပါ။

သမီး……။

သူက အပြင်မှာ မိသားစု စားဝတ်နေရေးအတွက်ပင်ပင်ပန်းပန်း ကြိုးစားရုန်းကန်နေတဲ့အချိန်မှာကိုယ်ကလည်း

အိမ်မှာနေပြီး အိမ်တခုလုံးရဲ့ ဝေယျာဝစ္စ အဝဝကို လိုလေသေးမရှိအောင် ထိန်းသိမ်းခြင်းဖြင့် ကိုယ့်ရဲ့ တာဝန်ကို ကျေပြွန်ပါ။

သမီး……။

အိမ်ထောင် တခုရဲ့ ဘဏ္ဍာရေး သိုလှောင်ကန်မှာယောကျင်္ားဆိုတာ ငွေခပ်ဖြည့်တဲ့သူဖြစ်ပြီး မိန်းမဆိုတာ ငွေခပ်သုံးတဲ့သူ ဖြစ်သတဲ့ …

ခပ်ဖြည့်ရတဲ့သူ့ခမျာ မလွယ်ရှာပါဘူးကွယ်ချိုးခြံချွေတာစွာနဲ့ နည်းစနစ်တကျ သုံးတတ်ပါစေကွယ်။

သမီး……။

သား၊သမီး မကောင်း မိဘခေါင်း တဲ့သား၊သမီးတွေကို သွန်သင်ဆုံးမ ရာမှာ သမီးအပေါ်မှာပဲ အများကြီးမူတည်ပါတယ်။

သူ့ခမျာ သားသမီး တွေနဲ့ အတူနေရတဲ့အချိန်တွေက နည်းရှာသကိုး။

သမီး……။

အခန့်မသင့် လို့ စကားများ ရန်ဖြစ်ကြတဲ့အခါကွာရှင်းပြတ်စဲ မယ်ဆိုတဲ့ အတွေး ယောင်လို့တောင်မတွေးပါနဲ့…။ကြားက အပြစ်မဲ့တဲ့ ကလေးတွေအတွက်စဉ်းစားပေးပါ။

သမီး……။

မမြင်နိူင်တဲ့ ရှေ့လျှောက်ဘဝမှာ … ယောကျင်္ား ကောင်းစားတဲ့အခါ လိုက်ပြီးစံစားပါ။ ယောကျင်္ား အဆင်မပြေတဲ့အခါ လိုက်ပြီး ဒုက္ခခံပေးပါ။

အေးအတူပူအမျှ သုခ၊ဒုက္ခ တို့ကို ရင်ဆိုင်ကျော်လွှားနိုင်မှသာအေးချမ်းတည်ငြိမ်တဲ့ မိသားစု ကို ပိုင်ဆိုင်နိုင်တာ။

ပြောဆိုဆုံးမ နေရင်းဖြင့် အမေဖြစ်သူ မျက်ရည်တွေဝဲလာသည်။

ပြီး… တုန်ရင်သော အသံဖြင့်……ငါ့ သမီးလေး~~~~ အိမ်ထောင်ရေး ~~~~အဆင်ပြေ ~~~ ကံကောင်းပါစေလို့ပဲ~~~ အမေ ဆုတောင်းပေးနိုင်ပါတော့မယ် ….။

သူငယ်ချင်း များအားလုံး ….သာယာကြည်နူးဖွယ်ကောင်းသော အိမ်ထောင်ရေး ပိုင်ဆိုင်ကြပါစေ။

သူငယ်ချင်း

ဖိုးသူတော် (www.phothutaw.com)

Credit: achitlwinpyin

#

Latest Comments

Leave a Comment

Related News