Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

မိမိကံကြမ္မာ ဘာတွေဘယ်လိုဖြစ်မလဲဆိုတာ ဖတ်ကြည့်ရအောင်၂၀၁၈ အတွက် (၁) နှစ်စာဟောစာတမ်း

Image



အားလုံးစောင့်မျှော်နေကြတဲ့ 2018 အတွက် (၁)နှစ်စာဟောစာတမ်း

လာမည့်2018 မှာ မိမိကံကြမ္မာ ဘာတွေဘယ်လိုဖြစ်မလဲဆိုတာဖတ်ကြည့်ပီးအများဖတ်ရှုနိုင်အောင်လည်း #Shareပေးကြပါ။

ရာဟုသားသမီးများဗုဒ္ဓဟူးတွင်ကြည့်ပါ

တနင်္ဂနွေသားသမီးများ….

ဤနှစ်အတွင်း ကိုယ်ထူးကိုယ်ချွန်အလုပ်လုပ်တာပိုအဆင်ပြေမည်။ 2018ခုနှစ်အတွင်း ရပ်တန့်ထားသောလုပ်ငန်းများ ပြန်လည်ဆောင်ရွက်ရမည့်ကာလဖြစ်သည်။ တစ်ပါးသူအပေါ်အားကိုး၍မရသောကာလဖြစ်သည်။

မိမိလွယ်ကူမည်ဟုယူဆသောကိစ္စများအနှောင့်အယှက်ပေးခြင်း ခံရတတ်သည်။ဖုန်းနှင့်စက်ပစ္စည်းများရောင်းဝယ်ခြင်း၊အိမ်ခြံမြေလုပ်ငန်းများလုပ်ခြင်း၊ဖျောက်ရည်၊ယမကာထုတ်လုပ်ခြင်းလုပ်ငန်းများမှ အကျိုးအမြတ်များရမည်။

ပြည်တွင်းပြည်ပဆက်သွယ်ရေးလုပ်ငန်းများလုပ်ခြင်း၊ ကွန်ပျူတာနှင့်တီထွင်ပညာများလုပ်ခြင်းကောင်းမည်။ ငွေကြေးကိစ္စကတော့မထင်မှတ်ဘဲဒီနှစ်အတွင်း ထင်မှတ်ထားတာထက်ပိုဝင်ကိန်းကြုံမည်။ အိမ်ယာ၊တိုက်ခန်း၊မြေယာခြံကွက်များရရှိတတ်သည်။ ဖုန်းနှင့်အဖိုးတန်ပစ္စည်းများကျပျောက်ကိန်းရှိသည်။

လူစုလူဝေးများပြားသောနေရာများတွင်သွားလာလှုပ်ရှားခြင်း ရှောင်ရမည်။ယခုနှစ်တွင်တနင်္လာ၊ဗုဒ္ဓဟူး၊ကြာသပတေးနေ့ သားသမီးများနှင့်မည်သည့်ကိစ္စမဆိုဆောင်ရွက်ရာတွင် အောင်မြင်မှုများရရှိမည်။အိမ်တွင်းရေးပြသနာများမကြာမကြာ ဖြေရှင်းရတတ်သည်။တခါတခါမှန်ရဲ့သားနဲ့အကျဉ်းအကြပ်ထ ဲကြုံရတတ်သည်။ပျိုရွယ်သူများအချစ်ရေးနှင့်ပတ်သက်၍စန်းပွင့်လိမ့်မည်။အနှစ်နှစ်အလလမစွံသူများဒီနှစ်မှာစွံဖို့များပါတယ်။အချစ်ကံကောင်းမည်။

ပညာရေးတွင်မိမိ၏ကြိုးပမ်းမှုကြောင့်ထူးထူးခြားခြား တိုးတက်အောင်မြင်လာလိမ့်မည်။သို့သော်ပညာရေးနှင့် အချစ်ရေးများရောထွေးနေခြင်းများကြုံနေရတတ်သည်။ကျန်းမာရေးတွင်အရေပြားရောဂါ၊အာရုံကြောအားနည်းခြင်း၊ အပူနာပေါက်ခြင်း၊ခေါင်းကိုက်ခြင်းဝေဒနာများ မကြာခန ခံစားရတတ်သည်။တန်ခူး၊ကဆုန်လများတွင်အလုပ်လုပ်တာ၊ အရေးကြီးစကားပြောဆိုတာတွေသတိထားပါ။ အဲဒီ(2)လကအထူးညံ့သည်။ သီတင်းကျွတ်၊တန်ဆောင်မုန်း၊နတ္တော်လများတွင် အောင်မြင်မှုများကြုံရမည်။အဲဒီလတွေမှာအလုပ်လုပ်လျင် ဖိကြိုးစားပီးလုပ်ပါ။

ယတြာ➖မေမြို့ပန်း၊ပိတောက်ညွန့်၊ပေါက်ညွန့်(၉)ညွန့်စီ ဘုရားမှာတင်ပါ။

မိမိမွေးနေ့တွေမှာခေါက်ဆွဲထုပ်၊ကြံရည်၊ကြာဇံထုပ်များလှူပေးပါ။

အကျိုးပေးသောအက္ခရာနှင့်ဂဏာန်းများ➖(တ၊န၊ပ၊ဖ)(၃၊၈၊၂၊၇)

တနင်္လာသားသမီးများ…..

တနင်္လာသားသမီး တို့သည် လာမည့် 2018 ခုနှစ်အတွင်း အစစအရာရာ အဆင်ပြေလာမည့် ကာလဖြစ်သည်။ မိမိရပ်တန့်ထားသောလုပ်ငန်းကိစ္စများပြန်လည်အသက်ဝင်လာအောင် ဆောင်ရွက်ရမည်။သို့သော် လုပ်ငန်းခွင်တွင်အပြိုင်အဆိုင်များနှင့် ထိပ်တိုက်ရင်ဆိုင်ရမည့်ကာလဖြစ်သည်။

အထူးသဖြင့်အစုရှယ်ယာ ဝင်ခြင်း၊ကုန်မာဆိုင်နှင့်စိုက်ပျိုးရေးပစ္စည်းများရောင်းဝယ်ခြင်း၊ မြေသြဇာနှင့်ဆန်ရောင်းဝယ်ခြင်းများမှအကျိုးအမြတ်ဖြစ်ထွန်းမည်။ 2018ခုနှစ်တွင်အလုပ်သစ်များဝင်ရောက်လုပ်ကိုင်ရတတ်ခြင်း၊ ရာထူးတိုးခြင်း၊ဂုဏ်သတင်းကျော်ဇောခြင်း၊နေရာအပြောင်းရွှေ့များကြုံမည်။

လူမှုရေးပြသနာများဝင်ရောက်ဖြေရှင်းပေးရတန်သည်။ 2018ခုနှစ်တွင် တနင်္ဂနွေ၊ဗုဒ္ဓဟူး၊သောကြာသားသမီးများနှင့် မည်သည့်ကိစ္စမဆိုဆောင်ရွက်ရာတွင်အထူးဂရုစိုက်ရမည်။

အိမ်ထောင်ရေးတွင်မိတ်ဆွေ၊အသိုင်းအဝိုင်း၊ဆွေမျိုး စကားများကြောင့်အိမ်ထောင်ရေးအထင်အမြင်လွဲမှားမှုများ ်ပေါ်ပေါက်လာတတ်သည်။

အိမ်ထောင်ရေးတွင် အသစ် အဆန်းများတွေ့ရတတ်သည်။မိသားစုတွင်ကျန်းမာရေးပြုစု စောင့်ရှောက်မှုများပြုလုပ်ပေးရတတ်သည်။ပျိုရွယ်သူများ အိမ်ထောင်ရေးတွင် အသစ် အဆန်းများတွေ့ရတတ်သည်။မိမိရည်းစားခြံခုန်တတ်သည်။ စနိုက်ကြော်သူများနှင့်တွေ့ရတတ်သည်။ ဘုရားဖူးသွားလာရာမှချစ်သူရည်းစားတွေ့ရတတ်သည်။

ပညာရေးတွင် ရှေ့ပိုင်း၌ကြိုးစားအားထုတ်မှုကောင်းပြီး နောက်ပိုင်းတွင်အပေါင်းအသင်းများကြောင့်စိတ်လေပြီး မိမိရည်မှန်းချက်များနှင့်ဝေးကွာသွားတတ်သည်။ ကျန်းမာရေးတွင်အဖျားအနာဖြစ်ခြင်း၊ခါးနာခြင်း၊မျက်စိအားနည်းခြင်း၊ သွေးအားနည်းခြင်းများခံစားရခြင်းဖြစ်မည်။ယခုနှစ်အတွင်းကျန်းမာရေးအထူးဂရုစိုက်ပေးပါ။

ကဆုန်၊နယုန်လများတွင်အရေးကြီးကိစ္စများလုပ်လျင်အထူးဂရုစိုက်ပါ။အရှုံးပေါ်မည်။ဝါခေါင်၊တော်သလင်း၊နတ္တော်လများတွင်ဘာမှမစင်းစားဘဲလုပ်လျင်တောင်အောင်မြင်မှုများကြုံရမည်။

ယတြာ➖မိမိမွေးနေ့တွင်ဇော်စိမ်းညွန့်၊ဇီးညွန့်၊ဇွန်ညွန့်(၉)ညွန့်စီဘုရားမှာတင်လှူပူဇော်ပါ။ထောပတ်ဆီနှင့်ဆီမီးခွက်သက်စေ့ပူဇော်ပါ။လိမ္မော်ဖော်ရည်နှင့်ယိုစုံများတင်လှူပူဇော်ပါ။

အကျိုးပေးအက္ခရာနှင့်ဂဏာန်းများ (က၊ပ၊တ၊ဖ)(၂၊၅၊၇၊၀)

အင်္ဂါသားသမီးများ….

အင်္ဂါသားသမီးများသည်2018ခုနှစ်ရှေ့ပိုင်း(၆)လတွင် လုပ်ငန်းခွင်တွင်အကြံအစည်သစ်များဆောင်ရွက်ရမည့်နှစ်ဖြစ်သည်။ မိတ်ကောင်းဆွေကောင်းများနှင့်တွေ့ဆုံပြီးလုပ်ငန်းခွင််များ အောင်မြင်လာလိမ့်မည်။နိုင်ငံရပ်ခြားခရီးသွားလာခြင်းများ ကြုံလာတတ်သည်။

ရပ်ဝေးမိတ်ဆွေများနှင့်အခုရှယ်ယာလုပ်ငန်းများ လုပ်ခြင်း၊အလုပ်သစ်စတင်ထူထောင်ခြင်းများကောင်း၏။ လုပ်ငန်းခွင်တွင်မိန်ဆွေအသစ်များနှင့်ဆက်ဆံရမည်။ ရေကြောင်းခရီးသွားလာခြင်းများမကောင်းပါ။

2018ထဲမှာ မိတ်ဆွေများပေးထားသောကတိများ ပျက်ပြားခြင်းကြောင့်မိမိဆောင်ရွက်ထားသမျှသဲထဲရေသွန်သလို ဖြစ်သွားတတ်သည်။ငွေကြေးကိစ္စများအလွယ်တကူကတိပေး ဆောင်ရွက်ခြင်းများမပြုသင့်ပါ။လူမှုရေးပြသနာများနှင့်ရုတ်တရက် ရင်ဆိုင်ရတတ်သည်။ဒီနှစ်ထဲမှာသောကြာ၊ကြာသပတေး၊ ဗုဒ္ဓဟူးနေ့သားသမီးများနဲ့မည်သည့်ကိစ္စမဆိုဆောင်ရွက်ရာတွင် အောင်မြင်မှုများရရှိမည်။

အိမ်ထောင်ရှင်များသားသမီးရတနာထွန်းကားပြီး သတင်းကောင်းကြားရတတ်သည်။ ပျိုရွယ်သူများချစ်သူနှင့်နီးစပ်ရန်မလွယ်ကူသလောက်ခက်ခဲမည်။ ဝေးကွာနေသောချစ်သူများပြန်လည်ဆုံစည်းရတတ်သည်။ပညာရေးတွင် ဉာဏ်ရည်ထက်မျက်ပြီး ဂုဏ်သတင်းကြီးမားလာလိမ့်မည်။

သို့သော်ပညာရေးတွင်ဝီရိယရှိမှမိမိမျှော်မှန်းသောပညာရပ်က ိုဆည်းပူးခြင်းရမည်။အခြားအလုပ်မစင်းစားဘဲလက်ရှိ အတတ်ပညာကိုအခြေပြု၍ အဆင့်မြင့်ပညာရပ်များ ဆည်းပူးလေ့လာနိုင်လျင်အထူးအောင်မြင်မည်။

ကျန်းမာရေးတွင်ထုံကျဉ်ခြင်း၊ခါးအောက်ပိုင်းရောဂါများခံစားရခြင်း၊ သွေးအားနည်းခြင်း၊များဖြစ်တတ်သည်။ တပို့တွဲ၊တပေါင်း၊တန်ခူးလာများတွင်အထူးကံကောင်းမည်။ကျန်တဲ့လတွေမှာတော့သတိနဲ့ယှဉ်ပြီးလုပ်ဆောင်ပါ။

ယတြာ ➖နှင်းဆီပန်း၊နှင်းပန်း၊ရွက်လှ၊ဝါးညွန့်၊သစ္စာပန်း(၅)ပွင့်စီ ဘုရားမှာတင်လှူပေးပါ။မိမိမွေးနေ့မှာ ထန်းလျက်၊ထိုးမုန့်၊ နာနတ်ယိုဆွမ်းဘုရားမှာကပ်လှူပူဇော်ပေးပါ။

အကျိုးပေးအက္ခရာနှင့်ဂဏာန်းများ➖(ရ၊လ၊ဝ၊သ၊ဟ)(၉၊၀၊၂၊၆)

ဗုဒ္ဓဟူးသားသမီးများ….

ဗုဒ္ဓဟူးနေ့သားသမီးများ2018ထဲမှာတော့ စီးပွားရေးကိစ္စများနှင့်ပတ်သက်၍အယူအဆအမှားများနှင့် ရင်ဆိုင်ရမည်။ပြည်တွင်းပြည်ပဆက်သွယ်ရေးလုပ်ငန်းများလုပ်ခြင်း၊ ကွန်ပျူတာနှင့်တီထွင်ပညာများဆောင်ရွက်ခြင်း၊ စက်သုံးဆီရောင်းဝယ်ခြင်း၊အစုရှယ်ယာလုပ်ငန်းများ၊ မွေးမြူရေးလုပ်ငန်းများလုပ်ခြင်းကောင်း၏။ စိတ်မြန်ခြင်း၊စိတ်ကြီးခြင်းများ၊အလောတကြီးအလုပ်လုပ်ခြင်းများ တတ်နိုင်သမျှရှောင်ကျဉ်ရမည်။ နာမည်အလွဲသုံးစားပြုခြင်းများခံရတတ်သည်။

2018ထဲတွင်တနင်္လာ၊ဗုဒ္ဓဟူး၊ကြာသပတေးသားသမီးများနှင့် မည်သည့်ကိစ္စမဆိုဆောင်ရွက်ရာတွင်အထူးဂရုစိုက်ရမည်။ ယခုနှစ်တွင်သတိတရားရှေးရှု၍သွားလာဆောင်ရွက်ရမည်။ ရင်းနှီးသောသူများနှင့်မိမိအကြားအယူအဆသဘောထား မကိုက်ညီမှုများကြုံရမည်။ညီအစ်ကို၊မောင်နှမချင်းစကားများရမည်။

ပျိုရွယ်သူများအချစ်ရေးနှင့်ပတ်သက်ပြီး မိမိရည်ရွယ်ထားသောသူများနှင့်ခင်သလောက်ခရီးမပေါက်ခြင်း၊ မိမိထက်အသက်၊ဝါကြီးသောသူများနှင်းအိမ်ထောင်ကျရခြင်း၊ အခြားရပ်ဝေးဒေသမှသူနှင့်အိမ်ထောင်ကျရခြင်းများကြုံရတတ်သည်။ ဇနီး၊ခင်ပွန်း၊သားမယားအတွက်ငွေကြေးကုန်ကျမှုလည်းများမည်။ အိမ်တွင်းရေးပြသနာများဖြေရှင်းရမည်။

ဉာဏဆိုင်ရာပညာရပ်များ၊တီထွင်ဆန်းသစ်သောပညာရပ်များ သင်ယူသင့်သည်။ပညာရေးတွင်မိမိရည်မှန်းချက်အောင်မြင်မှုများ ဆွတ်ခူးနိုင်မည်။

ကျန်းမာရေးတွင်ချောင်းဆိုးခြင်း၊အဆုတ်နှင့်ပါတ်သက်သောရောဂါ၊ မီယပ်ရောဂါ၊အရိုးအဆစ်ရောဂါများဖြစ်တတ်သည်။ ဝါဆို၊သီတင်းကျွတ်၊ပြာသိုလများတွင်အလုပ်လုပ်ပါက သတိနှင့်ယှဉ်လုပ်ပါ။လွဲချော်တတ်သည်။ အရေးကြီးသောဆုံးဖြတ်ချက်များဤလပိုင်းတွေမှာမလုပ်ပါနှင့်။

ယတြာ-ဘုရားမှာရွှေပန်း၊အောင်သပြေညွန့်၊ ဝါးညွန့်(၉)ညွန့်စီတင်ပါ။ယပ်တောင်(၁၇)ချောင်းဘုရားမှာပူဇော်ပေးပါ။

အကျိုးပေးအက္ခရာနှင့်ဂဏာန်းများ-(ပ၊ဖ၊မ၊က)(၄၊၁၊၈၊၅)

ကြာသပတေးသားသမီးများ….

ကြာသပတေးသားသမီးများသည် 2018ခုနှင်ရှေ့ပိုင်း(၃)လတွင် လုပ်ငန်းခွက်တွင်အကြံစည်သစ်များဆောင်ရွက်ရမည့်နှစ်ဖြစ်သည်။ အခက်အခဲမည်မျှရှိစေဆောင်ရွက်စရာများရှေ့တိုး၍ ဆောင်ရွက်ရမည့်နှစ်ဖြစ်သည်။

စီးပွားရေးတိုးချဲ့လုပ်ကိုင်လိုစိတ်များပေါ်ပေါက်နေတတ်သည်။ ဘဏ်လုပ်ငန်း၊ငွေကြေးချေးငှါးခြင်း၊အစုရှယ်ယာဝင်ခြင်းများ ကောင်းကျိုးပေးမည်။မမျှော်လင့်ဘဲငွေကြေးအမြောက်အများဝင်မည်။

ညီအစ်ကို၊မောင်နှမ၊ဆွေမျိုးသားချင်းများနှောင့်ယှက်မှုကြောင့် မိမိလုပ်ငန်းခွင်အကျိုးအမြတ်များပျက်စီးတတ်သည်။ အိမ်ခြံမြေပြုပြင်မှုများကြုံမည်။ ပြည်တွင်းပြည်ပခရီးတို၊ခရီးရှည်များခနခနသွားကကိန်းရှိသည်။

ပျိုရွယ်သူများမေတ္တာရေးကံကောင်းပြီး၊ မိမိရည်မှန်းထားသောချစ်သူများနှင့်မေတ္တာရေးများမည်။ အိမ်ထောင်ရှင်များအိမ်တွင်းရေးပြသနာများအနှောင့်အယှက်များ ဝင်တတ်သည်။အပျော်အပါးလိုက်စားမှုကြောင့် လူမှုရေးပြသနာများဖြေရှင်းရတတ်သည်။

မိမိကြိုးစားသောပညာရပ်များတွင်ဝီရိယစိုက်ရမည့်နှစ်ဖြစ်သည်။ ဆွေမျိုးသားချင်းအကူညီကောင်းများပညာရေးတွင်ကူညီမည်။ လုပ်ငန်းခွင်စာမေးပွဲများ၊အင်တာဗျူးများဖြေဆိုခွင့် အခွင့်လမ်းကောင်းများရရှိမည်။

ကျန်းမာရေးတွင်အဖျားရှည်ရောဂါ၊ဆီးချိုရောဂါ၊သွေးတိုးရောဂါ၊ အပူနာရောဂါများဖြစ်တတ်သည်။ ပြာသို၊တပို့တွဲ၊တပေါင်းလများတွင်လုပ်ငန်းကိစ္စများ အထူးလာဘ်လာဘများအကျိုးဖြစ်ထွန်းမည်။

ယတြာ-ဘုရားမှာ သပြေညွန့်၊သီးညွန့်၊သနပ်ခါညွန့်(၁၉)ညွန့်စီတင်လှူပူဇော်ပါ။ဘုရားတစ်ဆူဆူမှာ ထီး၊ တံခွန်၊ကုက္ကား၊များလှူပေးပါ။

အကျိုးပေးအက္ခရာနှင့်ဂဏာန်းများ (သ၊ဟ၊စ၊ဆ)(၁၊၇၊၄၊၉)

သောကြာသားသမီးများ…

2018ထဲမှာသောကြာသားသမီးတွေဟာ ပေါ်ပေါက်လာသော စိတ်ကူးများကိုလက်တွေ့အောင်မြင်မှု ရသောနှစ်ဖြစ်သည်။ လုပ်ငန်း၊အလုပ်သစ်၊နေရာသစ်တိုးချဲ့လုပ်ကိုင်ပါကအောင်မြင်မှုရမည်။နာမည်ဘုန်းကံတိုးတက်ပြီးနေရာအနှံပျံ့နှံ့သွားကိန်းရှိသည်။ လုပ်ငန်းခွင်တွင်မိတ်ဆွေအသစ်၊နယ်ပယ်အသစ်နှင့်ဆက်ဆံရမည်။ စိတ်လောကြီးပြီးတစ်ပါးသူ၏ ငွေကြေးဥစ္စာများက ိုလုပ်ငန်းခွင်သုံးစြွဲခင်းများရှောင်သင့်သည်။

ဇိမ်ခံပစ္စည်းများဝင်မည်။ငွေကြေးကိစ္စများ၊အစုရှယ်ယာလုပ်ငန်းများ၊ ငွေချေးငွေငှါးလုပ်ငန်းများအထူးသတိပြုဆောင်ရွက်ပါ။ စက်ပစ္စည်းများဝင်လာမည်။အများသဘောတူညီမှုကြောင့် လူမှုရေး၊ဘာသာရေးကိစ္စများဆောင်ရွက်ရမည်။

ပျိုရွယ်သူများချစ်သူရည်းစားအချင်းချင်းတစ်ဦးပေါ်တစ်ဦး ယုံကြည်မှုအားနည်းလာမည်။ အကောင်းလုပ်လည်းမကောင်းမြင်တတ်မည်။ အိမ်ထောင်ရှင်များပတ်ဝန်းကျင်၊ဘေးအနှောင့်အယှက်ကြောင့် ရံဖန်ရံခါစကားငြင်းဆိုရမှုများဖြစ်မည်။ ဒီနှစ်အတွက်တော့အိမ်ထောင်ရေး၊အချစ်ရေးကံမကောင်းဘူးလို့ ဆိုရမှာဘဲ။သတိထားနေကြပေတော့။

ပညာရေးတွင်လူမှုရေးရှုပ်ထွေးမှုကြောင့်နှောင့်နှေးမှုများကြုံရမည်။ ပညာသင်စရိတ်အတွက်ခက်ခဲလာတတ်သည်။ကျန်းမာရေးတွင်နှလုံးသေလးကြောကျဉ်းခြင်း၊ထုံနာကျဉ်နာရောဂါ၊ လေနှင်အူလမ်းကြောင်းရောဂါများဖြစ်ပွားတတ်သည်။ နဲနဲဖြစ်ဖြစ်၊များများဖြစ်ဖြစ် ဖြစ်လာပါက ကျွမ်းကျင်သောဆရာဝမ်နှင်ကုသပါ။မပေါ့ပါနှင့်။

ဒီနှစ်ထဲမှာဝါခေါင်၊တန်ဆောင်မုန်း၊တပို့တွဲလများ၌ မည်သည့်ကိစ္စမဆိုဆောင်ရွက်ရာတွင်အထူးဂရုစိုက်လုပ်ပါ။ သီတင်းကျွတ်၊တန်ခူး၊ကဆုန်လတွေမှာတော့စိတ်ချမ်းသာမှုပိုရမည်။

ယတြာ-ဘုရားမှာသရက်ညွန်၊ဇွန်ညွန့်၊စံပယ်ညွန့်(၂၁) ညွန့်စီ ကပ်လှူပူဇော်ပါ။မိမိမွေးနေ့မှာဇီးဖျော်ရည်နှင့်ဆီကြော်မုန့်ဆွမ်း ကပ်လှူပူဇော်ပါ။

အကျိုးပေးအက္ခရာနှင့်ဂဏာန်းများ(ခ၊န၊ပ၊ဝ)(၆၊၅၊၁၊၃)

စနေသားသမီးများ….

စနေသားသမီးများသည်2018အတွင်း လုပ်ငန်းခွင်ကိုတိုးချဲ့ရန်ဆန္ဒရှိသော်လည်း သတိတရားဖြင့်လုပ်ကိုင်သင့်သည်။ အကောင်းအဆိုးဒွန်တလဲလျက်ရှိသည်။ လေကြောင်းလုပ်ငန်း၊ရေကြောင်းလုပ်ငန်း၊ဖန်စီနှင့်ဖက်ရှင်လုပ်ငန်း လုပ်ခြင်း၊ဆက်သွယ်ရေးပစ္စည်းများရောင်းဝယ်ခြင်းကောင်းမည်။

အတိုက်အခိုက်အမျိုးမျိုးကြားမှအောင်မြင်မှုမျိုးကိုရရှိမည်။ တပည့်၊လက်အောက်ငယ်သားနှင့်အစုရှယ်ယာလုပ်ငန်းများ လုပ်ကိုင်မှုတွင်အထူးသတိထားပြီးပြုလုပ်သင့်သည်။ပြည်တွင်းပြည်ပခရီးသွားရကိန်းခနခနကြုံလာမည်။ ငွေကြေးကိစ္စအဆင်ပြေမည်။

အသက် ၁၅ နှစ်မ ှ၁၇ နှစ်ကြား၊အသက် ၂၀ မှ ၂၂ နှစ်ကြား၊အသက ်၂၉ နှစ်မှ ၃၁ နှစ်ကြား ရောက်ရှိနေသူများအချစ်ရေးနှင့်ပါတ်သက်၍ အဖုအထစ်များတွေ့ရတတ်သည်။နားလည်မှုများလွဲတတ်သည်။ စကားတစ်ခွန်းဆိုတစ်ခွန်းပြသနာတက်မည်။ အိမ်ထောင်ရှင်များတစ်ပါးသူအတွက်မိမိဂုဏ်သိက္ခာ ကျဆင်းတတ်သည်။

2018ထဲမှာတပေါင်း၊နယုန်၊နတ္တော်လများတွင်အလုပ်လုပ်တာ အထူးသတိနှင့်ယှဉ်လုပ်ပါ။အရေးကြီးသောဆုံးဖြတ်ချက်များ ထိုလများတွင်အလောတလျင်မလုပ်သင့်ပါ။

ယတြာ-ဘုရားမှာ အုန်းညွန့်၊အင်ကြင်းညွန့်၊လက်ဖက်ညွန့်(၁၂)ညွန့်စီ တင်လှူပူဇော်ပါ။သစ်သီးငါးမျိုးဆွမ်းတော်ကပ်လှူပူဇော်ပါ။

အကျိုးပေးအက္ခရာနှင့်ဂဏာန်းများ(စ၊လ၊ပ၊ယ)(၉၊၁၊၃၊၇)

မိမိကံကြမ္မာကောင်းကျိုးဆိုးကျိုးများအား #အသေးစိတ်သိရှိလိုပါကဆရာ့ထံဖုန်းဖြင့် message (or) viber တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါသည်။

နက္ခတ် ဗေဒင် လက္ခဏာ ယတြာ ဆရာနောင်နောင်မိုး(မန်းလေး)

ဆက်သွယ်ရန်—09-973200996 – 09-767800003 (viber)

လိပ်စာ-၇၃လမ်း ၃၄-၃၅လမ်းကြား မောရဂီဝါရပ်ကွက် မန္တလေးမြို့တွင် ဟောခန်းဖွင့်လှစ်ထားပါသည်။

ဖိုးသူတော် (www.phothutaw.com)

Credit:Thadinatin Media D Khit

#

Tags:
  • ,

Latest Comments

Leave a Comment