Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

မိန််းကလေးတို့ ဆံပင်ပျက်စီးစေရတဲ့ အဓိကအကြောင်းရင်းများ

Image



ဆံကေသာ အလှအပ ဆိုတာ လူတစ်ယောက်ရဲ့ ဒုတိယမျက်နှာပါ။ ဒါကြောင့်မျက်နှာလေးတင် ဂရုစိုက်နေရမှာ မဟုတ်ဘဲ ဆံကေသာအလှပ ကိုလဲ မပျက်စီးအောင် ထိန်းသိမ်းရမှာဖြစ်ပါတယ်။ ဆံပင်တိုသည်ဖြစ်စေ၊ ရှည်သည်ဖြစ်စေ မှန်ကန်တဲ့နည်းလမ်းနဲ့ treatment မပေးရင် တော့ ပျက်စီးတာချည်းပါပဲ။ လေ့လာမူတွေမှာဖော်ပြချက်အရ လူတစ်ယောက်ဟာ တစ်နေ့မှာ ဆံပင် ၅၀ ကနေ ၁၀၀ အတွင်း ဆုံးရူံးနေရတာဖြစ်ပါတယ်။ ဘယ်လိုအချက်တွေကြောင့် ဆံကေသာ အဓိကပျက်စီးစေလဲ ဆိုတာတွေကို အောက်မှာလေ့လာကြည့်လိုက်ပါနော်။

၁- ရေပူအလွန်ကျွံသုံးခြင်း

ရာသီဥတုက ပူနေပြီဆိုရင်တော့ ခေါင်းလျော်ဖို့ရေပူမသုံးရတော့ပါဘူး။ ရေပူဟာ ဆံကေသာရဲ့ အစိုဓာတ်ကို ဆုံးရူံးစေပါတယ်။

၂- အခြောက်ခံခြင်း

Dryer နဲ့အခြောက်တာဟာဆံကေသာပျက်စီးတယ်လို့မဆိုပါဘူး။ ဒီနေရာ မိန်းကလေးအချို့အမှားလုပ်တတ်ကြတာက လေပိုပူတဲ့အခါ အမြန်ခြောက်စေတယ်ဆိုပြီး အပူပိုပေးပြီးအခြောက်ခံမိတာပါ။ အပူကာကွယ်ပေးတဲ့အလှကုန်ပစ္စည်းတွေ ဆံကေသာပေါ်အရင်လိမ်းထားပေးရင်တော့ ပိုကောင်းပါတယ်။ ဒါပေမယ့် ကိုယ်လက်လှမ်းမမှီဘူးဆိုလဲ အပူကို Medium လောက်ပဲထားပါ။ အဲ့ဒီအချိန်မှာ ဆံပင် ကိုကြမ်းကြမ်းတမ်းတမ်းဖြီးတာ မပြုလုပ်သင့်ပါဘူး။ အစိုဓာတ်ရှိနေတဲ့ဆံကေသာဟာ အားနည်းနေတဲ့အတွက်ကြောင့် ဆံပင်ပိုကျွတ်လွယ်ပါတယ်။

၃- ရေလုံလောက်စွာ မသောက်ခြင်း

ရေအသက်တစ်မနက်ပါ။ ကျန်းမာရေးအတွက်ရေသောက်ခိုင်းတာလဲ ရက်စက်လိုက်တာလို့တော့မထင်ပါနဲ့။ ဆံပင်ရှင်သန်ဖို့ ရေဟာ အဓိကလိုအပ်ချက်ဆိုတာ လူတော်တော်များများမသိကြပါဘူး။ ဆံပင်အထူရဲ့ ၁၅ ရာခိုင်နူန်းဟာ ရေနဲ့ဖွဲ့စည်းထားတာဖြစ်ပြီး ဆံပင်ရှည်လွယ်ပြီး အစိုဓာတ်ပြဝနေဖို့ဆို ရေကောင်းကောင်းသောက်ဖို့လိုအပ်တာပေါ့။

၄- အသင့်စား အစားစာများစားသုံးခြင်း (သို့) diet အလွန်ကျွံလုပ်ခြင်း

ပရိုတိန်းတွေ၊ ဗီတာမင်တွေ၊ အာဟာရတွေ မပါဘဲ ဆံပင်ကောင်းကောင်းမရှင်သန်နိုင်ပါဘူး။ ပိုဆိုးတာက သံဓာတ် နဲ့ဗီတာမင် ဘီဆဲဗင်း ပါ။ သံဓာတ်က ဆဲလ်တွေ ပွားများရှင်သန်ဖို့ အထောက်ကူပြုပါတယ်။ ဒါကြောင့် နေ့စဉ်အစားသောက်တွေမှာလဲ ဆံကေသာ အားဖြည့် အာဟာရတွေ ပါဝင်သင့်ပါတယ်။

၅- ဆံပင်မဖြီးခြင်း

ဆံပင်မဖြီးဘဲ ရုံးသွားရတာ ပျော်လားဘေဘီ။ မနက်ခင်း အိပ်ရာထလို့ ကော်ဖီပူလေးသောက်ဖို့ ရေနွေပူတာစောင့်နေတုန်း ဆံပင်ဖြီး နေပါလို့အကြံပေးချင်ပါတယ်။ ဘီးကိုလဲ လိပ်ဘီးသုံးပါလို့ အကြံပေးချင်ပါတယ်။ လိပ်ဘီးမှာ ပါတဲ့ အဖုအဖု လေးတွေဟာ ဆံကေသာကို နှိပ်နယ်ပေးပြီး သွေးလည်ပတ်မူကောင်းစေပါတယ်။

ဒီဆောင်းပါးလေးဖတ်ပြီးသွားရင် ဘယ်အချက်က ကိုယ့်အတွက် အသုံးဝင်ဆုံးလဲဆို တာပြောပြခဲ့ပါဦးနော်။

ဖိုးသူတော် (www.phothutaw.com)

Credit: mingalarbarmorning

Latest Comments

Leave a Comment

Related News