Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

မိန်းမတွေကို ပျက်စီးစေတတ်သော အချက် (၁၃) ချက်

Image



၁။ ကိစ္စ လုပ်ငန်းတိုင်း၌ ကိုယ်တိုင် စိုးမိုး လုပ်ကိုင် အာဏာပိုင် ပြဋ္ဌာန်းမှု ရနေခြင်း ။

၂။ ဖခင်၏ အုပ်ထိန်းမှု လက်အောက်၌သာ အချိန်ကြာမြင့်စွာ နေထိုင်ခဲ့ရခြင်း ။

၃။ အထူးထူးသော ပွဲလမ်းသဘင်တို့၌ ကိုယ်တိုင် ပါဝင် ဆင်နွှဲကာ နေတတ်ခြင်း ။

၄။ ယောက်ျားလေး အပေါင်းအသင်းတို့ နှင့် ဝိုင်းဖွဲ့ကာ တသောသော ရယ်မောနေထိုင်တတ်ခြင်း ။

၅။ အိမ်တကာ လျှောက်လည်လေ့ရှိပြီး အလည်အပတ်များခြင်း ။

၆။ ညအိပ် ညဉ့်နေ ဖြစ်သော အရပ်တပါး ခရီးဝေးကို အဖော်မပါ တစ်ယောက်တည်း သွားလာတတ်ခြင်း ။

၇။ သော့သွမ်း လော်လည်သော မိန်းမတို့ နှင့် ပေါင်းသင်း ဆက်ဆံခြင်း ။

၈။ အသက်မွေးဝမ်းကျောင်း အလုပ်ကို အတည်တကျမရှိဘဲ ခဏခဏ ပြောင်းပြီး လုပ်ကိုင်ခြင်း ။

၉။ အသက်အရွယ်ကြီးရင့်သော ယောကျ်ား နှင့် အိမ် ထောင်ပြုခြင်း ။

၁၀။ မိမိလင်ယောက်ျားဖြစ်သူက အမြောင်မယားထားရှိခြင်း ။

၁၁။ မိမိလင်ယောက်ျား နှင့် သုံးလ လေးလ စသည်ဖြင့် အချိန်ကြာမြင့်စွာ ကွေကွင်းနေရခြင်း ။

၁၂။ သေရည် သေရက် သောက်သုံးတတ်ခြင်း ။

၁၃။ အခြားယောက်ျားတပါး နှင့် ပျော်ပါး ပေါင်းဖက်ရသည်-ဟု အိပ်မက် မကြာခဏ မက်တတ်ခြင်း ။

ဘဝတစ်ခုကို အတည်တကျ နေထိုင််သွားလိုသော မိန်းမကောင်း မိန်းမမြတ်သည် အထက်ဖော်ပြပါ

တစ်ဆယ့်သုံးချက်တို့ကို အထူးသတိပြု ဆင်ခြင်ပြီး ဘဝတစ်ခုကို လေးနက်စွာ ကျင့််သုံးဆောက်တည်ရာ၏ ။

…………………………….( ဟိတောပဒေသ )

ဘဝတစ်ခုကို တန်ဖိုးထား ဆောက်တည်သော

မိန်းမကောင်း မိန်းမမြတ်များ ဖြစ်နိုင်ကြပါစေ ။

ဖိုးသူတော် (www.phothutaw.com)

Credit: Op

Latest Comments

Leave a Comment

Related News