Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

မိန်းမတစ်ယောက်ရဲ့ နောက်ဆုံးအပျိုစင်

Image



"အပျိုစင်”ဆိုတဲ့ စကားလေး(၃)ခွန်းဟာ စကားအရာ(၃)ခွန်းဆိုပေမယ့်

ထိန်းသိမ်းရတာတော့ ခက်ပါလားနော် အမေကမွေးပြီးအချိန်မှစလို့

အရွယ်ရောက်တဲ့အချိန်၊ ဆယ်ကျော်သက် ရူးမိုက်တတ်စအချိန်တွေမှာ ထိန်းသိမ်း ရ

ခက်ခဲပါတယ်။ ကိုယ်တိုင်စောင့်ရှောက်မှုနဲ့အတူ

အမေ့ရဲ့သွန်သင်ဆုံးမမှုတွေကြောင့်သာ ဆယ်ကျော်သက် ဆိုတဲ့ ဘ၀လေးကနေ

အသိဉာဏ်တွေရင့်ကျက်တဲ့ အသက်အရွယ်အထိ “အပျိုစင်”ဆိုတဲ့ ဂုဏ်ပုဒ်တစ်ခုကို

ထ...ိန်းသိမ်းနိုင်ခဲ့တာပါ။

ဆယ်ကျော်သက်အရွယ်နဲ့အတူ

ဒွန်တွဲပြီးဖြစ်ပေါ်လာတတ်တဲ့ အချစ်ဆိုတဲ့အရာဟာ အရွယ်နဲ့မမျှအောင်

အင်အားကြီးမားခဲ့တာမို့ ရင်ခုန်သံတွေရဲ့နောက်ကို ပါမသွားလေရအောင်

ခက်ခက်ခဲခဲနဲ့ ထိန်းသိမ်းခဲ့ရသူတွေ ကတော့ ကျွန်မတို့

မိန်းမသားတွေမဟုတ်လား…။

ရင်ခုန်သံတွေ စတင်ပြီး ခုန်လာတတ်စမှာတော့

သိပ်ချစ်တာပဲဆိုတဲ့ စကားလေးတစ်ခွန်းဟာ မိန်းမတစ်ယောက် အတွက်

တန်ဘိုးမဖြတ်နိုင်ပါဘူး…မိန်းမတစ်ယောက်ဟာ သူမရဲ့ဘ၀ကြီးတစ်ခုအတွက်

ရှိသမျှအချစ်တွေ အားလုံးကို

ပေးချင်တတ်ကြပါတယ်၊အဲ့ဒီအရွယ်ဟာ..ဆယ်ကျော်သက်အရွယ်လေးပါ…ဘာကိုမှ

မစဉ်းစားချင်၊ ဘာကိုမှလည်း မဆုံးဖြတ်ဘဲ….တဒိန်းဒိန်းခုန်နေတာကို အချစ်လို့

မှတ်ယူတတ်ခဲ့လို့ပါပဲ…။

ခုတော့လည်း ရင်ခုန်သံတွေက

တဆင့်ကျော်လာခဲ့ပြီမို့ အချစ်ဆိုတာကို နားလည်သယောင်ယောင်တော့

ရှိလာသလိုလို…ဒါပေမယ့်လည်း မိန်းမတစ်ယောက်ရဲ့စိတ်ဟာ ခန့်မှန်းရခက်သားလား။

ယောကျ်ားတွေ တွေ့တိုင်းဆွေ့ဆွေ့ခုန်၊ ရင်ခုန်ခြင်းမျိုးလည်းမဟုတ်။

ရင်ခုန်သံတွေ တဒိန်းဒိန်းမြည်နေခဲ့တိုင်းလည်း မိန်းမတွေ မချစ်တတ်ခဲ့…။

ဒါဆို…ကျွန်မတို့ မိန်းမတွေရဲ့ အချစ်ဆိုတာကို ဘယ်လိုနားလည်ရမလဲ။

ဆယ်ကျော်သက်ရဲ့အထက်

နှစ်ဆယ်ကျော်အရွယ်အစမှာတော့ အချစ်ကိုရှာဖွေချင်သူဖြစ်လာခဲ့ပြန်ပါပြီ…

ရှာဖွေချင်သော်ငြားလည်း ရှာမရခဲ့။ တိတ်တိတ်လေး ရင်ထဲမှာကြိတ်နေပြီး

ချစ်တဲ့သူကို လိုက်ရှာနေ

မိတော့သည်…ဆယ်ကျော်သက်အရွယ်ကစိတ်မျိုးမဟုတ်ခဲ့…မိန်းမတစ်ယောက်ဟာ

သူမမြတ်နိုးသူ၊ သိပ်ချစ် တတ်တဲ့သူကိုသာ ရှာဖွေတတ်သည်…ယောကျ်ားတစ်ယောက်က

ချစ်သလား၊ ကြိုက်သလားဆိုတဲ့ အရာကို မစဉ်းစားမိ… စကားပုံတစ်ခုလိုပါပဲ…

မချစ်ဘူးလို့ အချစ်ရူး….အချစ်ဦးမို့ အချစ်ထူးဆိုသလိုပါပဲ ပစ်ပစ်ခါခါ၊

နှစ်နှစ်ကာကာချစ်ဖို့ ကြိုးစားပြန်သည်….အချစ်တွေစုဆောင်းပြီး

တောင်ပုံကြီးတစ်ခုလို ဖြစ်လာတဲ့အခါ

မိန်းမတစ်ယောက်ရဲ့အချစ်ဟာ…လောဘဆိုတဲ့အရာနဲ့ ဒွန်တွဲလာပြန်ပါတယ်…။

သူမပေးထားသော အချစ်တွေ အတွက် ယောကျ်ားတစ်ယောက်ဆီက

အစွမ်းကုန်လိုချင်သောအချစ်တစ်ခုပေါ့…ဆန့်ကျင်ဘက်တစ်ခုကတော့

ပေးဆပ်ခြင်းဆိုတဲ့စိတ်တစ်ခုရယ်ပါ။ မိန်းမတစ်ယောက်ဟာ ယောက်ျားတစ်ယောက်

အရမ်းချစ်တတ်တဲ့ စိတ်တွေရှိလာတဲ့အချိန် နှလုံးသားတစ်ခုကိုပါ

စတေးပြီးချစ်တတ်ကြပါတယ်။ ဒါပေမယ့် မိန်းမတစ်ယောက်ဟာ အဲ့ဒီအချိန်မှာ

အချစ်ဆိုတဲ့အရာကို ဆန်းစစ်ရှာဖွေနေချိန်လို့ ပြောလို့ရနိုင်သလို

သေရာပါမယ့်အချစ်မျိုးဆိုရင် လည်း မှားမယ်မထင်ပါဘူး။

နောက်ဆုံးအပျိုစင်ဘ၀…နောက်ဆုံးဆိုတဲ့

စကားလေးတစ်ခွန်းကို ကြားမိတာနဲ့ မိန်းမတစ်ယောက်ရဲ့ မကြားချင်ဆုံးသော

စကားတစ်ခွန်းပါ။ မိန်းမတွေဟာ လောဘကြီးတယ်လို့ ယောကျ်ားတွေရဲ့ တဖက်သက်

အမြင်တွေကို စွပ်စွဲခဲ့မယ်ဆိုရင်…သူမပြောပြချင်ပါတယ်…

ယောကျ်ားတစ်ယောက်ရဲ့အချစ်ဆိုတာ

ဘ၀ရဲ့တစ်စိတ်တပိုင်းပါ…မိန်းမတစ်ယောက်ကတော့ သူမရဲ့အပျိုစင် ဆိုတဲ့

ဘ၀လေးကို စွန့်လွှတ်ရတော့မယ်ဆိုတဲ့အသိစိတ်တစ်ခုဟာ မီးတောင်တစ်ခုပေါက်ကွဲမတတ်

ခံစားရ တတ်ကြပါတယ်…ဘာကြောင့်လဲဆိုတဲ့အဖြေတစ်ခု မိန်းမတွေမှာ

ရှိပါတယ်…အဲ့ဒီအချိန်မှာ မိန်းမတွေဟာ အချစ်ဆိုတဲ့အရာကို နှလုံးသားနဲ့ရော

ဦးနှောက်နဲ့ပါ အသိစိတ်တွေက ရင့်ကျက်သွားခဲ့လို့ပါ။

မိန်းမတစ်ယောက်ရဲ့

အပျိုစင်ဘ၀ကို သူမချစ်တဲ့သူနဲ့ ဖြတ်သန်းလိုက်ရမလား..သို့မဟုတ် သူမ

မချစ်မနှစ်သက် သူနဲ့ ဖြတ်သန်းလိုက်ရမလားဆိုတဲ့ စိုးရိမ်ပူပန်မှုတွေက

မိန်းမတစ်ယောက်ကို အကြီးအကျယ်ရိုက်ခတ်စေပါ

တယ်..ကျွန်မတို့မိန်းမသားဘ၀တွေမှာ…နောက်ဆုံးအပျိုစင်ဘ၀ ကုန်ဆုံးသွားခဲ့ရင်

အရာအားလုံးဟာ ပျောက်ဆုံးနေခဲ့ပါပြီ။ ကျွန်မတို့ရဲ့

ကိုယ်ပိုင်ရင်ထဲကခံစားချက်၊ လွတ်လပ်ခွင့်တွေဟာ နည်းပါးသွားခဲ့ရပါပြီ။

ရှေးရိုးအစဉ်လာတည်းက မိန်းမတစ်ယောက်ဖြစ်ခဲ့ရင် မီးဖိုချောင်မှာ

ချက်ပြုတ်လုပ်ရတဲ့အလုပ်ပဲ လုပ်ရမယ်လို့ သတ်မှတ်ချက်တစ်ခုဟာ

မိန်းမတစ်ယောက်အတွက် အခွင့်အရေးတွေကို လက်လွတ်ဆုံးရှုံးရသလိုဖြစ်စေပါ တယ်။

အပျိုစင်ဘ၀တွေမှာ

ရွေးချယ်ပိုင်ခွင့်၊ လွတ်လပ်ပိုင်ခွင့်၊ အများနှင့်တန်းတူ

ပညာသင်ခွင့်တွေဟာ နောက်ဆုံး အပျိုစင်ဘ၀မှာ စွန့်လွှတ်ခဲ့ရပါသည်။

အပျိုစင်ဘ၀လေးကို မစွန့်လွှတ်ခင်အချိန်ကလေးမှာ ကျွန်မတို့မိန်းမတွေ

ဘယ်လောက်ထိ ခက်ခက်ခဲခဲနဲ့ ထိန်းသိမ်းခဲ့ရတယ်ဆိုတာ သိနိုင်မယ်ဆိုရင်……

ဖိုးသူတော်(www.phothutaw.com)

Credit: Myawady News

Tags:
  • ,

Latest Comments

Leave a Comment