Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

မိန်းမကိုယ်အဖြူစွဲခြင်းကို သက်သာစေတဲ့ ဒိန်ချဉ်နည်းလမ်း

Image



အမျိုးသမီးတိုင်းလိုလို ဒီလို မိန်းမကိုယ်မှာ မိုှုစွဲတာ ဖြစ်တတ်ကြပါတယ် ။ ပမာဏ အနည်း နဲ့ အများသာ ကွာခြားမှု ရှိတာပါ ။ အများအားဖြင့် အဖြူစွဲတာဟာ ပူနွေးစိုစွတ်တဲ့ နေရာတွေမှာ အဖြစ်များပါတယ် ။ မိန်းမကိုယ်မှာ အဖြူစွဲသလို ယောက်ျားတွေရဲ့ လိင်အင်္ဂါအတံမှာလည်း တစ်ခါတစ်လေ အဖြူစွဲတတ်ပါတယ် ။

မိန်းမကိုယ်အဖြူစွဲတဲ့ကိစ္စကို အထိရောက်ဆုံး ကာကွယ်ကုသနိုင်ဖို့ ဒိန်ချဉ်က ကူညီပေးနိုင်ပါတယ် ။ ဒိန်ချဉ်ဆိုတဲ့နေရာမှာ အချိုဓါတ်မပါသော ပလိန်းကိုသာ ဆိုလိုပါတယ်။ ဒီလို အရောအနှောတွေမပါတဲ့ ရိုးရိုးဒိန်ချဉ်ကို နေ့စဉ်စားသုံးပေးခြင်းက အဖြူစွဲခြင်းကို သက်သာလာစေနိုင်ပါတယ်။

နောက်ထပ်နည်းလမ်းတစ်ခုကတော့ မိန်းမကိုယ်ကို ဒိန်ချဉ်လိမ်းပေးတဲ့ နည်းလမ်းပါ ။ ဒိန်ချဉ်ကို ဂွမ်းဖြင့်တို့ပြီး မိန်းမကိုယ်တဝိုက် ညှင်သာစွာ လိမ်းပေးပါ ။ အဖြူစွဲတဲ့ နေရာတွေကို အဓိကထားပြီး လိမ်းပေးပါ ။ မိနစ် ၂၀မှ နာရီဝက်ကြာအောင်ထားပြီးလျှင် ရေနွေးလေးဖြင့် ဆေးကြောပေးပါ ။ ပြီးနောက် ရေပြန်သုတ်ပေးဖို့ကိုလည်း မမေ့ပါနဲ့ ။

ဖိုးသူတော် (www.phothutaw.com)

Credit: CHAN

Latest Comments

Leave a Comment

Related News