မိန်းမကိုယ်ကျဉ်းအောင် ပြန်လည်ပြုလုပ်ခြင်းအကြောင်း သိကောင်းစရာများ

မခွဲစိတ်ဘဲ မိန်းမကိုယ်ကျဉ်းအောင် လုပ်နည်းများသည် ခွဲစိတ်ကုသခြင်းများနှင့် စာလျှင် ပို စိတ်ချရပါသည်။ သို့သော် မည်သည့်ကုသမှုမျိုးမဆို မမျှော်လင့်ထားသော ဘေးထွက်ဆိုးကျိုးများရှိနိုင်ပါသည်။
အောက်ပါတို့သည် ကုသမှုများခံယူပြီး ချိန်တွင် ပြုလုပ်ရမည့် ထိန်းသိမ်းမှုများဖြစ်ပါသည်။
မခွဲစိတ်သောနည်းလမ်းများသည် ပိုလည်း စိတ်ချရသလို ပြုလုပ်ပြီးလျှင်လည်း အချိန်မယူရပါ။ သို့သော် သင်သည် ဆေးခန်းကို အကြောင်း အမျိုးမျိုးကြောင့်ပြန်မလာရအောင် အချို့သော အချက်များကို သိထားသင့်ပါသည်။
မိန်းမကိုယ်ကျဉ်းစေသော ကုသမှုသည် မိန်းမကိုယ်တ၀ိုက်တွင် ပူလောင်ခြင်း၊ ယားယံခြင်းတို့ကို ဖြစ်စေသည့်အတွက် ထိုသို့ မခံမရပ်နိုင်အောင် ဖြစ်လာလျှင် မှီ၀ဲရန်ဆေးများကို ဆရာ၀န်အား မေးသွားပါ။ မိန်းမကိုယ်တ၀ိုက်တွင် အနာလေးများဖြစ်လာနိုင်ပါသည်။ မစိုးရိမ်ပါနှင့်။
ကုသမှု ခံယူပြီး ချိန်တွင် ပုံမှန်အတိုင်း နေ့စဉ်အလုပ်များကို ပြန်လုပ်နို်င်ပါသည်။ သို့သော် မိန်းမကိုယ်အတွက် လေ့ကျင့်ခန်းများကို ရက်အတော်ကြာ ပြုုလုပ်ရပါမည်။ထိုသို့ ပြုလုက်ခြင်းဖြင့် ပုံမပျက်သွားအောင် ကူညီပေးပါသည်။
ကုသမှုအပြီး ၂ပတ်ကျော်မှသာလျှင် လိင်ကိစ္စများကို ပြုုလပ်ရပါမည်။ ရေနွေးဖြင့် ရေစိမ်ချိုးခြင်းကိုလညး် ရှောင်ကျဉ်ရမည်ဖြစ်ပါသည်။
အရေးကြီးဆုံးအချက်မှာ ကုသမှုခံယူပြီး ချိန်တွင် သင့်ကိုယ်ခန္ဓာမှ အနာကျက်အားကောင်းစေရန် အပန်းဖြေ အနားယူရပါမည်။ ပေါ့ပေါ့ပါးပါးနေပါ။ ကျန်းမာရေးနှင့် ညီညွတ်စေမည့် အစားအစာများကိုစားပါ။ သို့မှသာ အနာကျက်မြန်စေပြီးတက်ကြွလှုပ်ရှားမှုများကို ပြုုလုပ်နိုင်မည်ဖြစ်ပါသည်။
မမျှော်လင့်ထားသော ဘေးထွက်ဆိုးကျိုးများမဖြစ်အောင် ဆရာ၀န်ညွှန်ကြားချက်များနှင့် အညီနေထိုင်ပါ။ မိမိကိုယ်ကို ဂရုစိုက်ပါ။ မိန်းမကိုယ်ကို သန့်ရှင်းရေးလုပ်ပါ။ ကုသမှု ခံယူပြီး သွားသော်လည်း ထိုကုသမှု၏ နောက်ဆက်တွဲများ ဖြစ်နိုင်သေးသည်ကို သတိပြုပါ။ မူမမှန်သော အရာတစ်ခုခုဖြစ်လာပါက ဆရာ၀န်နှင့် ဆွေးနွေးကာ အကောင်းဆုံး အဖြေရှာပါ။ အချို့အမျိုးသမီးများသည် မိန်းမကိုယ်ကျန်းမာရေး အပေါ် မူတည်ပြီး တစ်ပတ်တစ်ခါဖြစ်စေ၊ တစ်နှစ်တစ်ခါဖြစ်စေ ရက်ချိန်းပြရလေ့ရှိပါသည်။
အချုပ်ဆိုရသော် မိန်းမကိုယ်ကျဉ်းစေရန် ကုသမှုများခံယူပြီး ချိန်တွင် သင့်ကိုယ်သင် မျက်ခြေမပြတ် ဂရုစိုက်ရန် လိုအပ်ပါသည်။ ထိုမှသာ မိန်းမကိုယ်အတွက် မမျှော်လင့်ထားသော ဆိုးကျိုးများကို ကာကွယ်ရာရောက်သလို တကိုယ်လုံးကျန်းမာရေးကိုလည်း သွယ်၀ိုက်သောနညး်ဖြင့် ဂရုစိုက်ရာလည်း ရောက်ပါသည်။
ဖိုးသူတော် (www.phothutaw.com)
Credit: Hello Health Group
#
Latest Comments
Leave a Comment