Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

မိန်းကလေး တွေက သူတို့ရဲ့ Photo Gallery ကို မကြည့်စေချင်သည့် အကြောင်းရင်း (၅)ခု

Image



# Zawgyi Version ဖြင့်ဖတ်၇န် #

မိန်းကလေးတွေဟာ အပြစ်ကင်းပြီး ယဉ်ကျေးသိမ်မွေ့တယ်လို့ ထင်နေရင် သူတို့အကြောင်းကို အတွင်းကျကျမသိသေးလို့ ဖြစ်ပါလိမ့်မယ်။ မိန်းကလေးတွေ အချင်းချင်းကြည့်မရတာကြတာ မြွေမြွေချင်းခြေမြင်ဆိုသလို့ တစ်ယောက်အကြောင်း တစ်ယောက်ကောင်းကောင်းသိကြတာကြောင့် ဖြစ်ပါတယ်။

သင့်ကောင်မလေးရဲ့ ဖုန်းကိုယူကြည့်ခွင့်ရမယ်ဆိုရင် ဒီအခွင့်အရေးကို လက်လွှတ်မခံပါနဲ့။ သူမရဲ့ ဓာတ်ပုံတွေကို အချိန်(၅)မိနစ်လောက်ကြည့်လိုက်ရမယ်ဆိုရင် သူမအပေါ်သင့်ရဲ့အမြင် အနည်းအများဆိုသလို ပြောင်းလဲသွားမှာ သေချာပါတယ်။ ဒါကြောင့် မိန်းကလေးတွေက သူတို့ရဲ့ဓာတ်ပုံ Gallery ကို မကြည့်စေချင်ကြတာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတာ သင် သိပါသလား။

1- Chat Screeshot တွေ ရှိတယ်

သင်နဲ့ လိုင်းပေါ်မှာ ပြောဆိုထားသမျှ စာတွေအားလုံးကို ဖတ်ရုံသာမက Screenshot တွေ ရိုက်ပြီး သိမ်းထားတတ်ပါတယ်။ ပြီးရင် မိန်းကလေးသူငယ်ချင်း Group တွေ ဒါမှမဟုတ် အခင်ဆုံးသူငယ်ချင်းတစ်ယောက်စီကို ပို့ပြီး စိစစ်ေ၀ဖန်မှုတွေ လုပ်ကြပါတယ်။ သင့်ကောင်မလေးကို အပြောအဆိုနည်းနည်းရင့်သွားတာနဲ့ သူမရဲ့သူငယ်ချင်းတွေကပါ သင့်ကိုအမြင်ကတ်နေမှာ ဖြစ်ပါတယ်။ စကားလုံးလှလှလေးတွေနဲ့ ချုပ်တတ်မယ်ဆိုရင်တော့ အားလုံးက ထောက်ခံတဲ့ မင်းသားဖြစ်မှာပါ။ ဒါကြောင့် လိုင်းပေါ်ကနေ စာပို့မယ်ဆိုရင် ပြောမယ့်စကားကို နှစ်ခါပြန်စဉ်းစားဖို့ လိုပါတယ်။

2- မရေမတွက်နိုင်တဲ့ Selfies တွေ ရှိတယ်

မိန်းကလေးတွေက ဆိုရှယ်မီဒီယာတွေပေါ်မှာ နေ့တိုင်း Selfies ပုံလှလှလေးတွေ ဘယ်လိုများတင်နိုင်တာလဲ အံ့သြမိပါသလား။ ဒါက အကြောင်းသိရင် အံ့သြစရာမဟုတ်ပါဘူး။ မိန်းကလေးတစ်ယောက် တစ်နေ့ကို Selfies ပုံရိုက်တဲ့ အကြိမ်အရေအတွက်က သင့်ဘ၀တစ်လျှောက်လုံး ကြည့်ခဲ့တဲ့ အပြာကားအရေအတွက်ထက် ပိုများပါတယ်။ သင့်ကောင်မလေးက Selfies အတူရိုက်ဖို့ ခေါ်ရင် လက်မခံပါနဲ့။ သူမ စိတ်ကြိုက်ပုံမရမချင်း မဆုံးနိုင်သော ပို့စ်ပေါင်းများစွာပေးရင်း သေချင်စိတ်ပေါက်လာပါလိမ့်မယ်။

3- အပြာကားတွေ ရှိနိုင်တယ်

ဒီအချက်ကို မိန်းကလေးတွေက ဘယ်တော့မှ ၀န်ခံမှာမဟုတ်ပါဘူး။ ဒါပေမယ့် သူတို့ဖုန်းထဲမှာ လျို့၀ှက်ဖိုင်တွေ သိမ်းတဲ့နေရာတစ်ခု ရှိကိုရှိပါတယ်။ တကယ်တော့ အပြာကားတွေကို စိတ်၀င်စားတာ ယောင်္ကျားလေးတွေချည်းပဲ မဟုတ်ပါဘူး။ သင့်ကောင်မလေးကလည်း အရမ်းမရင်းနှီးသေးခင်မှာ အပြာကားလုံး၀မကြည့်ဖူးဘူးလို့ ပြောချင်ပြောပါလိမ့်မယ်။ ဒါက လိမ်တာဆိုတာ သေချာပါတယ်။ သင်တို့နှစ်ယောက်စလုံးရဲ့ အကြိုက်ဆုံး Porn Star က တစ်ယောက်ထဲတောင် ဖြစ်နေနိုင်ပါတယ်။

4- အဆိုအမိန့်တွေ နဲ့ Memes တွေ

မိန်းကလေးတွေဟာ အချိန်တိုင်း၊ အခြေအနေတိုင်းအတွက် မှီငြိမ်းပြုစရာ အဆိုအမိန့်တွေ၊ Memes ပုံတွေကိုလည်း သိမ်းထားတတ်ကြပါတယ်။ ဒီဟာတွေကို သူမရဲ့စိတ်ခံစားချက်ကို လိုက်ပြီး ကွက်တိအသုံးချနိုင်တဲ့ လက်နက်တွေအဖြစ် စုဆောင်းထားကြတာဖြစ်ပါတယ်။ ချစ်သူရည်းစားကိစ္စ၊ အစားအသောက်ကိစ္စ စသဖြင့် တစ်ခုခုကို ပြောဆိုချင်တဲ့အခါမျိုးတိုင်းမှာ ဒီအဆိုအမိန့်တွေနဲ့ Memes တွေကို ပြန်အသုံးချတတ်ပါတယ်။

5-လျို့၀ှက်ဇာတ်လမ်းတွေ

လက်ရှိ သင့်ကောင်မလေး Crush နေတဲ့ မင်းသား၊ အဆိုတော်တို့လို နာမည်ကြီးတစ်ယောက်ယောက် ပုံတွေကနေ သူငယ်ချင်းရဲ့ ညီမ၀မ်းကွဲရဲ့ ချစ်သူကောင်လေးပုံအထိ သိမ်းထားတတ်ပါတယ်။ အခန့်မသင့်ရင် အရင်ရည်းစားဟောင်းပုံတွေနဲ့ သူမကို လိုက်ခဲ့ဖူးတဲ့ ကောင်လေးတွေရဲ့ ဓာတ်ပုံတွေပါ တွေ့ရနိုင်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)

Credit: Gentleman Magazine

#

Latest Comments

Leave a Comment

Related News