Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

မိန်းကလေးများအတွက် မင်္ဂလာဦးညအကြောင်း

Image



မင်္ဂလာဦးည ဆိုတာ ညတွေထဲမှာ အမိုက်ဆုံးည ဖြစ်နေရမယ်လေ.. သင့်ရဲ့ မင်္ဂလာဦးညကို စိတ်ကူးယဉ်ခဲ့ ဖူးပါသလား။ မင်္ဂလာဦးညကို စိတ်ကူး မယဉ်ဖူးပါဘူး လို့ ငြင်းကြရင်တောင်မှ လက်ထပ် မင်္ဂလာပွဲကတော့ မိန်းကလေးတိုင်းရဲ့ စိတ်ကူး ထဲမှာ ကြီးစိုးထားတဲ့ အတွေးစတစ်ခုပဲ ဖြစ်ပါတယ်။ ဒါကတော့ ငြင်းလို့ မရပါဘူး။

မင်္ဂလာဦးည ဆိုတာနဲ့ သင်တို့ စိတ်ကူး ယဉ်ထားသလို နှင်းဆီပွင့်ဖက်တွေ ကျဲဖြန့်ထားတဲ့ ဖဲမွေ့ယာကြီးရယ်၊ မွှေးပျံ့ လန်းဆန်းနေတဲ့ ရေချိုးကန်ကြီးရယ်၊ နောက်ပြီး အရမ်းချစ်ခင် စုံမက်နေပြီး ဆန္ဒပြင်းပြနေတဲ့ အချစ်စိတ် တွေရယ် စိတ်ကူးထဲက အတိုင်း ထပ်တူကျနေမယ် လို့ တွေးဖူးပါသလား။

လက်ထပ် မင်္ဂလာပွဲ ဆိုတာနဲ့ မင်္ဂလာဦးည ဆိုတာကလည်း ရင်ချင်းဆက် အမြွှာ ညီအစ်မတွေလို တစ်ပူးတွဲတွဲဖြစ်နေတာ ဆိုတော့ မင်္ဂလာဆောင် မယ့် ကောင်မလေး တွေအတွက် ဗဟုသုတရဖို့ မင်္ဂလာဦးည နဲ့ ပတ်သက်ပြီး သင်တို့ရဲ့ စီနီယာ မမတွေရဲ့ အတွေ့အကြုံများကို မျှေ၀ပေးလိုက်ပါတယ်။

မနက်ဖြန်ဆိုတာ ဘယ်တော့မှ မရှိတော့ပါဘူး

“ မင်္ဂလာဦးညမှာ ပြီးပြည့်စုံတဲ့ ချစ်တင်းနှော မှုမျိုးကို ရရှိမယ်လို့ အရင်ထဲက မျှော်လင့်မိတယ်။ စိတ်ကြိုက် ဟိုတယ်မှာ စိတ်ကြိုက် ကိုယ်နေဟန်ထား တွေနဲ့ပေါ့။ နှစ်ယောက်စလုံး ခြေကုန်လက်ပန်း ကျတဲ့အထိ ချစ်တင်းနှော ခဲ့တယ်။ ပျော်ရွှင်ကြည်နူး ခဲ့ရပြီး စိတ်ဆန္ဒပြင်းပြမှုနဲ့ ပြည့်၀မှု တွေက မင်္ဂလာဦးည ပြီးဆုံးသွားတဲ့ အိမ်ထောင်သက် တစ်လျှောက်လုံးမှာ အဲဒီ့ ခံစားချက် တွေအတိုင်း ထပ်တူထပ်မျှ လုံး၀ ပြန်မရနိုင်တော့ဘူး။

မင်္ဂလာဦးည ဆိုတာ တကယ့်ကို အံ့သြပျော်ရွှင် စေနိုင်တဲ့ တစ်ခုတည်းသော အမှတ်တရပါပဲ။ နောက် ဘယ်တော့မှ ပြန်မရနိုင်ဘူး။ မင်္ဂလာဆောင် တော့မယ် ဆိုရင် မင်္ဂလာဦးညကို ဘာမှ အစီအစဉ် မဆွဲဘဲ ပေါ့ပေါ့လေးပဲ ဖြတ်သန်းလိုက်ဖို့ ဘယ်တော့မှ မတွေးလိုက်ပါနဲ့။ ဒါ ပထမဆုံးနဲ့ နောက်ဆုံး အတွေ့အကြုံမို့လို့ပါ။” _ Kristi, 33

ဓမ္မတာ စက်၀န်းကို မေ့နေလို့ မဖြစ်သေးပါဘူး

“မင်္ဂလာဦးည ကတော့ ကျွန်မရဲ့ ပေါ့ဆမှုကြောင့် ၀မ်းနည်းစရာကြီးကို ဖြစ်လို့။ မင်္ဂလာဆောင်မယ့် မနက်အစောကြီးမှာ ကျွန်မရဲ့ ရာသီသွေး ဟာ စတင်လာပြီး မထင်မှတ်ထားပဲ မင်္ဂလာဦးညက ဖျက်စီးခံခဲ့ရတယ်။

အမှန်တကယ်တမ်းတော့ တစ်လလောက် ကြိုပြီး ဓမ္မတာ စက်၀န်းကို တွက်ချက်ပြီး သားဖွားမီးယပ် ဆရာ၀န် တွေဆီမှာ လိုအပ်တဲ့ ကုသမှုကို ခံယူထားရမယ် ဆိုတဲ့ အချက်ကို ကျွန်မလုံး၀ မေ့လျော့နေခဲ့ပါတယ်။ ခင်ပွန်းသည် ရဲ့ သဘောထားကြီးမှုကြောင့်သာ မင်္ဂလာဦးည ကို မုန့်တွေစားရင်း၊ စကားတွေပြောရင်း ပျော်ရွှင်ကြည်နူးစွာ ဖြတ်ကျော်ခဲ့ရပေမယ့် အခု အချိန်အထိ ပြန်တွေးကြည့်ရင် သူ့ကို အားနာနေရတုန်းပါပဲ။

မင်္ဂလာဆောင်တော့မယ် ဆိုရင်တော့ တစ်လနှစ်လလောက် အလိုကတည်းက သင့်ရဲ့ ရာသီစက်၀န်း ကို တွက်ချက်ပြီး မင်္ဂလာဦး ညနဲ့ လွဲအောင် ကျွမ်းကျင်တဲ့ ဆရာ၀န်တွေနဲ့ တိုင်ပင်ပြီး လိုအပ်တဲ့ ကုသမှုခံယူဖို့ကတော့ သင့်ရဲ့ အစီအစဉ်တွေထဲမှာ ထည့်ကိုထည့်ထား ရပါလိမ့်မယ်။”_

ရယ်စရာ အမှတ်တရလည်း ဖြစ်တတ်ပါသေးတယ်

“တကယ်တော့ မင်္ဂလာဆောင်ပွဲ စီစဉ်ရတယ် ဆိုတာ မပြီးဆုံးနိုင်တဲ့ ခရီးရှည်ကြီး သွားနေရသလိုပါပဲ။ မင်္ဂလာဆောင်ရောက်ပြီ လည်းဆိုရော လူတွေကို ဧည့်ခံရတာနဲ့ ဓာတ်ပုံ မှတ်တမ်းတွေ ယူရတာနဲ့ ဂါ၀န်ရှည်ကြီး ၀တ်ထားရတာနဲ့ လူက ပင်ပန်းနွမ်းနယ်လိုက်တာ မပြောပါနဲ့။

မင်္ဂလာဦးည ကိုရောက်တော့ ချစ်တင်းမနှောခင် ရေချိုးကန်ထဲမှာ နာရီ၀က်လောက် စိမ်ပြီး အမောဖြေလိုက်မိတယ်။ ထွက်လာတဲ့ အခါမှာတော့ ကျွန်မရဲ့ ခင်ပွန်းက မွေ့ယာ ပေါ်မှာ အခန့်သား အိပ်ပျော်နေပြီလေ။ မင်္ဂလာဆောင်တော့မယ် ဆိုရင် ပေါ့ပေါ့ပါးပါး နေတတ်ဖို့ အရေးကြီးတယ်။

သူရော ကိုယ်ရော မလိုလားအပ်တဲ့ အသေးအမွှား ကိစ္စလေးတွေကို ကိုယ်တိုင် လိုက်မလုပ်ပါနဲ့။ တခြားလူကို ခိုင်းပါလို့ အကြံပေး ချင်တယ်။ ဒီလိုမှ မဟုတ်ရင်တော့ ပင်ပန်းလွန်ပြီး မင်္ဂလာဦးညမှာ ချစ်တင်း မနှောရသေးခင်ပဲ ခင်ပွန်းက အိပ်ပျော်သွားတယ် ဆိုတဲ့ ရယ်စရာ အမှတ်တရကြီးသာ တစ်ဘ၀လုံး ကျန်နေခဲ့မှာ အသေအချာပါပဲ။” _

ချစ်တင်းနှောဖို့ချည်း သက်သက်လည်း မဟုတ်သေးပါဘူး

“ သူနဲ့ ကျွန်မက အရင်ထဲက အတူတူ နေကြတာပါ။ ဒီလို မင်္ဂလာဦးည ဆိုတာကို ကျွန်မတို့ အရမ်းရင်ခုန် စိတ်လှုပ်ရှားတာမျိုး မရှိခဲ့ဘူး။ နှစ်ဦး လက်ထပ်ပြီး အေးချမ်းတဲ့ ဘ၀လေးကို ထူထောင်ဖို့ပဲ စိတ်ထဲမှာ ရှိခဲ့တယ်။ မိဘတွေကတော့ မင်္ဂလာဆောင် ပြီးတဲ့အခါ ကျွန်မ တို့နှစ်ယောက်ကို ဟိုတယ်ကို ပို့လိုက်ကြတယ်။

ဟိုတယ်ထဲမှာ ၀ိုင်လေးသောက်ရင်း နှစ်ဦးအနာဂတ်တွေကို ဆွေးနွေးကြတယ်။ အရင်တုန်းက ပျော်ရွှင်စရာ အတိတ် တွေကို ပြန်တွေးပြန်ပြောကြတယ်။ ရယ်ကြတယ်။ နောက်ပြီး တစ်ယောက်နဲ့တစ်ယောက် ခက်ခဲခဲ့တဲ့အချိန်တွေကို ပြန်ပြောကြရင်း နှစ်သိမ့်ရင်း ပွေ့ဖက်ထားကြတယ်။

နောက်ပြီး နှစ်ယောက်စလုံး စိတ်ဆန္ဒပြီးမြောက်တဲ့အထိ ချစ်တင်းနှောကြတယ်။ ချစ်တင်းနှောတာက အရင်အတိုင်း မဆန်းပြားဘူး ဆိုပေမယ့် သမီးရည်းစား ဘ၀မှာ တစ်ခါမှမရဘူးတဲ့ Romantic Night လေးကတော့ အရမ်းလှတာပေါ့လေ။ မင်္ဂလာဦးည ဆိုတာ ချစ်တင်းနှောဖို့ တစ်ခုတည်း အတွက်ပဲ ဖြစ်တည်နေတာ မဟုတ်ပါဘူး။ ဘ၀မှာ တစ်ခါမှ မရနိုင်တဲ့ ခံစားချက်မျိုးလည်း ရနိုင်ပါသေးတယ်။”

စွန့်စားမှု တွေလည်း လိုအပ်ပါတယ်

“ မင်္ဂလာဆောင်တော့ ကျွန်မမှာ ကိုယ်၀န် ငါးလလောက် ရှိနေပြီ။ မင်္ဂလာဆောင် ရတာနဲ့တောင် ကျွန်မမှာ နွမ်းနယ်ပင်ပန်းပြီး စိတ်ရောကိုယ်ရော ပင်ပန်းသွားတယ်။ နောက်ပြီး ကိုယ်၀န်ကြီးနဲ့ ဆိုတော့ ၀မ်းနည်းသလိုလို၊ ၀မ်းသာသလိုလို စိတ်ခံစားမှုတွေလည်း ဖြစ်လာတယ်။

ညကျတော့ ကျွန်မတို့ ဇနီးမောင်နှံနှစ်ယောက် ဟိုတယ်မှာ ကြက်တောင်ပံကြော်တွေ မှာစားကြတယ်။ နောက်ပြီး လျှို့၀ှက်ဆန်းကြယ် ရုပ်ရှင်ကားတွေ အတူတူ ထိုင်ကြည့်နေခဲ့တယ်။ ပထမတော့ မင်္ဂလာဦးည ချစ်တင်းနှောဖို့ကို ထည့်မတွက်တော့ဖို့ ဆုံးဖြတ်ခဲ့ကြပေမယ့်လည်း တကယ်တမ်း လက်တွေ့မှာတော့ အဲဒီ့ညက ကျွန်မအတွက် သက်တောင့်သက်သာ အရှိဆုံးဖြစ်စေမယ့် ကိုယ်နေဟန်ထားမျိုးနဲ့ ကလေးကို ထိခိုက်မှု မရှိအောင် ဂရုစိုက်ရင်း ချစ်တင်းနှောခဲ့ကြတယ်။ အတွေ့အကြုံသစ်တွေ ရခဲ့တယ်လို့ပဲ ဆိုရတော့မှာပေါ့။”_

မျှော်လင့်ထားသလိုလည်း ဖြစ်မလာတတ်ပါ

“ကျွန်မ ကျတော့ ရယ်ရတယ်။ မင်္ဂလာဆောင် ပြီးတော့ Night Party မှာ ကျွန်မ ခင်ပွန်းက သူ့သူငယ်ချင်းတွေနဲ့ မူးနေအောင်ကို သောက်တာပါပဲ။ ပြီးတော့လည်း ဒေါင်ချာ ဆိုင်းပြီး အိပ်ပျော်သွားတာနဲ့ပဲ ကျွန်မရဲ့ မင်္ဂလာဦးညကတော့ ချစ်တင်းနှောတယ် ဆိုတာ ဘာဆိုဘာမှန်းတောင် မသိလိုက်ရပါဘူး။

နိုးပြီးလည်း ပြသနာရှာလို့ ရတဲ့ အခြေအနေမျိုးတောင် ကျွန်မ မှာ အခွင့်အရေး မရလိုက်လေတော့ ချစ်တင်းနှောတယ် ဆိုတာ အိမ်ထောင်သက် တစ်လျှောက်လုံး ဘယ်အချိန်မှာမဆို ရရှိနိုင်တဲ့ အခွင့်အရေး တစ်ခုပဲ ဆိုပြီးတော့ စိတ်လျှော့ခဲ့ရတာပါပဲ။

အိမ်ထောင် ပြုတော့မယ့် မိန်းကလေးတွေကို အကြံပေးချင်တာကတော့ စိတ်ကြီးတတ်တဲ့သူမျိုး ဆိုရင်တော့ Night Party မှာ အများကြီးမသောက်ဖြစ်အောင် အလိမ္မာနည်းသုံးပြီး ထိန်းပေးနိုင်ဖို့လည်း လိုအပ်ပါသေးတယ်။” _

ဒါကတော့ မင်္ဂလာဦးညကို ဖြတ်ကျော်ခဲ့ဖူးတဲ့ အတွေ့အကြုံရှိ စီနီယာ မမတွေရဲ့ အတွေ့အကြုံ တွေနဲ့ အကြံပေး စကားတွေပဲ ဖြစ်ပါတယ်။ သင့်အလှည့်မှာရော ဘယ်လို မင်္ဂလာဦးညကို အလိုရှိပါသလဲ။

အမိုက်စား ကိုယ်နေဟန်ထားတွေနဲ့ ပြင်းပြတဲ့ စိတ်ဆန္ဒတွေလား။ ဒါမှမဟုတ် ရိုမန်တစ်ဆန်ပြီး သာယာကြည်နူးဖွယ်ကောင်းတဲ့ အပြာရောင် အချစ်ညလား။ သင့်စိတ်ကြိုက် ရွေးချယ်လို့ ရပါတယ်။

ဒါပေမယ့် စိတ်ကူးယဉ် နေရုံနဲ့တော့ မပြည့်စုံနိုင်ပါဘူး။ လိုအပ်တာတွေကို အခုပဲ စတင်ပြင်ဆင်ထားမှာ တော်ကာကြပါလိမ့်မယ် လို့ ထပ်ပြီးတော့ သတိပေးလိုက်ပါရစေ။

ဖိုးသူတော် (www.phothutaw.com)

Credit: Moda

#

Tags:
  • ,

Latest Comments

Leave a Comment