Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

မိခင်နို့တိုက်ခြင်းနှင့်ပက်သက်သောအမှန်တရား

Image



မိခင်နို့တိုက်ကျွေးခြင်းသည် မိခင်တစ်ဦးအတွက် စိန်ခေါ်မှုတစ်ရပ်ပင်ဖြစ်ပါသည်။ ဤဆောင်းပါးတွင် သင်နှင့်သင့်ကလေးအကြား ဆက်နွယ်မှုကို လှုံဆော်ပေးရန်နှင့် ထိန်းသိမ်းဖို့ကူညီပေးရန် နို့တို်က်ခြင်းနှင့် ပတ်သက်သော အမှန်တရားအချို့ကိုဖော်ပြပေးပါမည်။

မိခင်နို့တိုက်သောအခါတွင်နာကျင်ပါသည်။

မိခင်များစွာသည် အစောပိုင်းရက်သတ္တပတ်များတွင် နို့သီးခေါင်း၌ နာကျင်ခြင်းအနည်းငယ်ခံစားရသည်။ အကယ်၍ နို့သီးခေါင်းနာကျင်ခြင်းသည် နို့စတိုက်ချိန်ကျော်သောအချိန်အထိ ဆက်လက်နာကျင်နေလျှင်သော်လည်းကောင်း၊ နို့သီးခေါင်းထိပ်တွင် ဒဏ်ရာလက္ခဏာ အနည်းငယ်တွေ့ရှိလျှင်သော်လည်းကောင်း သင့်ကလေးသည်နို့ကောင်းကောင်းစို့မည်မဟုတ်ပါ။အကယ်၍သင့်နို့သီးခေါငး်သည် နို့တို်က်ပြီးအချိန်ကြာမြင့်သည်အထိ နာကျင်နေမည်ဆိုပါက သင့်နို့သီးခေါင်းတွင် ရောဂါပိုး၀င်နေခြင်းဖြစ်နို်င်ပါသည်။ အကယ်၍ မိခင်နို့တိုက်ကျွေးခြငး်သည် အချိန်ကြာရှည်စွာ နာကျင်ခြင်း်ကိုဖြစ်ပေါ်စေသည်ဆိုပါက မိခင်နို့တိုုက်ခြင်းဆို်င်ရာ ကျွမ်းကျင်သူသို့မဟုတ် ဆရာ၀န်တစ်ဦးဦး နှင့်အမြန်ဆုံးတိုင်ပင်ကာ အကြံဉာဏ်ရယူသင့်ပါသည်။

ရင်သားအရွယ်အစားသည် မိခင်နို့ထွက်ရှိသည့်ပမာဏနှင့် မဆိုင်ပါ။

ရင်သားအရွယ်အစားသည် သင့်တွင်အဆီတစ်ရှူး ဘယ်လောက်ရှိသလဲဆိုတာကို သာဖော်ပြပါသည်။ အဆီတစ်ရှူးများများရှိလေလေ သင့်၏ရင်သားသည် ကြီးလေလေဖြစ်ပါသည်။ နို့ထုတ်သော ဂလန်းပါ၀င်မှု ပမာဏကသာလျှင် သင့်ခန္ဓာကိုယ်နို့ရည်ဘယ်လောက်ထုတ်မလဲဆိုသည်ကို ဆုံးဖြတ်ပေးသော အကြောင်းအချက်ဖြစ်ပါသည်။ သင့်ကလေးနို့ဆာတို်င်း နို့တို်က်ခြင်းအားဖြင့် သင့့်ခန္ဓာကိုယ်တွင် နို့အလုံအလောက် ထုတ်လုပ်နိုင်မည်ဖြစ်ပါသည်။

ညဘက်နို့တိုက်ခြင်းသည် ကလေးအတွက်ရော မိခင်အတွက်ပါအရေးကြီးသည်။

ပရိုလက်တင် ဟော်မုန်းသည် ညဘက်တွင် အများဆုံးထွက်သည်။ ထို့ကြောင့်ညဘက်တွင် နို့တိုက်ခြင်းသည် မိခင်နို့များများထွက်စေသည်။ ကလေးများ၏ အစာအိမ်သည် အလွန်သေးငယ်သောကြောင့် ညဘက်တွင်လည်း နို့ထပ်တိုက်ပေးဖို့လိုအပ်ပါသည်။ ပထမသုံးလအတောအတွင်း ညဘက်ကလေးကိုနို့တိုက်သောမိခင်များသည် အခြားသူများထက်စာလျှင် မိနစ်လေးဆယ်ခန့် လောက်ပိုမိုကြာရှည်စွာ အိပ်ရသည်။ အချို့မိခင်များသည် ကလေးများကို နို့ဘူးတို်က်ခြင်းအားဖြင့် ညဘက်တွင်အချိန်ကြာရှည်စွာ အိပ်ဖို့ကြိုးစားကြသည်။ထိုအချက်သည်မမှန်ကန်ပါ။ ပိုပြီးတောင်ဆိုးနိုင်ပါသည်။ ညဘက်နို့မတိုက်သောမိခင်များသည် နို့ထွက်နည်းသွားနို်င်ပါသည်။ နို့တို်က်နေစဉ်အတွင်း ထွက်လာသောဟော်မုန်းများသည် ကလေးရောအမေရောနှစ်ယောက်စလုံးကို သက်တောင့်သက်သာရှိစေပြီး အလွယ်တကူနှစ်ခြိုက်စွာ အိပ်စေပါသည။် ညအချိန်နို့တို်က်ခြင်းသည် ကလေးအား ဦးနှောက်ဖွံ့ဖြိုးမှု မြန်ဆန်ပြည့်၀စေသည့်အပြင် မိခင်နှင့်ကလေးအကြားဆက်နွယ်မှုကို လည်းခိုင်မာစေပါသည်။

သင်သည်သင့်ရင်သားများနို့ရည်နှင့်တင်းနေအောင်စောင့်ဖို့မလိုပါဘူး။

တကယ်တော့ သင့်ရင်သားများထဲတွင် ကိုယ်၀န်စရှိစဉ်လောက်ကတည်းက နို့ရည်များအမြဲတမ်း ရှိပါသည်။ နို့ရည်ထွက်နှုန်းကတော့ သင့်ကလေးဘယ်လောက်စို့သလဲပေါ်တွင် မူတည်ပါသည်။ သင့်ကလေး နို့များများစို့လေလေ၊ နို့ရည်များများ ထုတ်လုပ်နို်င်လေလေပဲဖြစ်ပါသည်။နို့စို့ပြီးသောအချိန်တွင် သင့်ကလေး ဗိုက်ဆာနေပုံပေါ်ပါက သင့်ကလေးကိုနို့ဆက်တိုက်လို့ရပါသည်။နို့ရည်သည် သင့့်ကလေး လုံလောက်အောင်စို့ဖို့အတွက် အမြဲတမ်းအဆင်သင့်ရှိနေပါသည်။

ဖိုးသူတော် (www.phothutaw.com)

Credit: htoomyatlinn

Latest Comments

Leave a Comment

Related News