Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

မပေါ့ဆသင့်တဲ့ ကျန်းမာရေးဆိုင်ရာ အရေးပေါ်သုံးအယူအဆလွဲများ

Image



စျေးသုံးလည်းမလွယ်နဲ့ ရှေးထုံးလည်းမပယ်နဲ့ဆိုတဲ့ စကားအတိုင်း ရှေးလူကြီးသူမ စကားတွေ ကိုနားထောင်တာကောင်းပေမယ့် တစ်ခါတလေမှာ အဘိုးအဘွား၊ အဖေတို့ အမေတို့ခေတ်တုန်းက ခေတ်ကာလအခြေအနေအရကျင့်သုံးလာခဲ့တဲ့ တချို့နည်းတွေ ဟာ ဒီဘက်ခေတ်မှာ အံဝင်ဂွင် ကျမဖြစ်တော့တာတွေရှိပါတယ်။

ဟိုးယခင်ကာလတွေတုန်းက  အရာ ရာမှာ ခေတ်မီပစ္စည်းတွေမပေါ်သလို ရောဂါဘယဆိုတာလည်း သိပ်ပြီးမထူပြောတဲ့ အတွက် ဒါဖြစ်ရင် ဒီလိုလုပ်ရတယ်ဆိုတာမျိုးက အသုံး ဝင်ပါတယ်။ ဒါပေမဲ့ ဒီဘက်ခေတ် မှာတော့ ဒါဖြစ်ရင် ဒီလိုလုပ်ပေမယ့် အဆင်ပြေချင်မှပြေတာပါ။ အထူးသဖြင့် ကျန်းမာရေးနဲ့ပတ်သက်ပြီး ရှေးဦးသူနာပြုနည်းတွေနဲ့ပတ်သက်ရင် မပေါ့ဆ သင့်ပါဘူး။ ဒါကြောင့်  အများစုလွဲမှားနေတဲ့ အချက်လေးတွေကိုသိရအောင် မြန်မာ့ ပလက်ဖောင်းပရိသတ်တွေ အတွက် ဖော်ပြပေးလိုက်ပါတယ်။

ကားအက်ဆီးဒင့်ဖြစ်ရင် ရုတ်တရက်ပွေ့ထူတာ

ကားအက်ဆီးဒင့်ဖြစ်တယ် ဒါမှမဟုတ် ယာဉ်မတော် တဆဖြစ်မှုတွေဆိုရင်လူနာကို ရုတ်တရက်ထူ မတ်ပေးတာ၊ မချီတာမျိုးတွေမလုပ်သင့်ပါဘူး။ လူနာရဲ့ခန္ဓာကိုယ်မှာ ဒဏ်ရာကြီးကြီးမားမားမတွေ့ ရဘူးဆိုရင်တောင် ကျောရိုးနဲ့အရိုးအဆစ်ထိခိုက် တာတွေဖြစ်တတ်တာကြောင့် လူနာကို ဘာလှုပ်ရှား မှုမှမဖြစ်စေသင့်ပါဘူး။ အဲဒီအစား သက်ဆိုင်ရာ ကိုဆေးခန်း၊ ဆေးရုံတို့ကိုအကြောင်းကြားပြီး ဆေးရုံကား လာတဲ့အချိန် ကျွမ်းကျင်သူတွေလာတဲ့ အချိန်အထိစောင့်သင့်ပါတယ်။

လိုလိုမယ်မယ်ဆေးသောက်တာ

ရောဂါတစ်ခုခုဖြစ်ပြီဆိုရင် လူတစ်ဦးချင်းစီဟာ ဆေးသောက်ရတာခြင်းတူရင်တောင် အမျိုးအစားတူချင် မှတူပါတယ်။ တချို့က ဓာတ်မတည့်တာကြုံရသလို တချို့ကျတော့ ဆေးမတိုးတာတွေကြုံရတတ်ပါတယ်။ ဒါကြောင့် ဆေးကိုမလိုအပ်ဘဲ သောက်တာမျိုးမလုပ်သင့်ပါဘူး။ ဆရာဝန်ညွှန်ကြားမှုကိုရယူပြီးမှ ဆေးသောက်သင့်ပါတယ်။

ဆီပူလောင်ရင် ဆီလိမ်းတာ

တချို့သံဆူးရင် သံကိုသွေးလိမ်းရတယ်တဲ့။ အခုလည်း ဆီပူလောင်ရင် ဆီလိမ်းရတယ်ဆိုတဲ့ အယူအဆ ဟာ မှားယွင်းနေတယ်ဆိုတာ နှစ်ပေါင်းတော်တော်ကြာမှ ဆရာဝန်တွေသိခဲ့ရပါတယ်။ လူကြီးသူမတွေ ကတော့ ဒါကို ကတ်ကင်းရိုက်တယ်လို့ပြောကြတယ်။

ဆီကဆီပူလောင်ကိုပျောက်အောင်မလုပ်ပေးနိုင်သလို ပိုပြီးလည်းဆိုးစေပါတယ်။ တကယ်လို့ဆီပူလောင် ခဲ့ရင် ရေအေးအေးထဲမှာ မိနစ်နှစ်ဆယ်ခန့်စိမ်ထားပြီး ခြောက်အောင်သုတ်ပြီးမှဆေးလိမ်းပေးရမှာဖြစ် ပါတယ်။

အရက်ကိုမေ့ဆေး၊ထုံဆေးအဖြစ်သုံးတာ

အရက်ကို ထုံဆေး၊ မေ့ဆေးအနေနဲ့ သုံးလို့ရတယ်ဆိုတဲ့ အယူအဆမှားတစ်ခုလည်းရှိပါတယ်။ သွေးထွက်သံယိုဖြစ်နေတဲ့အချိန်မှာ အရက်သောက်မိရင် သွေးကိုပိုထွက်စေပါတယ်။ အထူးသဖြင့် ကိုယ်ခံအားနည်းနေတဲ့အချိန် အရက်သောက်ရင် ခန္ဓာကိုယ်အတွက် အဆိပ်အတောက်ဖြစ်စေပါတယ်။ ဒါ့အပြင် ဒဏ်ရာရထားပြီး အရက်ပါသောက်ထားတဲ့ လူအတွက် ဆေးဝါးကုသတဲ့အချိန်မှာ ထိရောက်မှု လည်းနည်းစေပါတယ်။ ဒါကြောက့် ဒီအယူအဆဟာ စွန့်လွှတ်ရမယ့်အယူအဆတစ်ခုပဲဖြစ်ပါတယ်။

ဒဏ်ရာရသူကို ဘာမှမကူညီနိုင်ရင်

တစ်နေရာရာမှာ အက်ဆီးဒင့်ဒါမှမဟုတ် ယာဉ်တိုက်မှုတို့ဖြစ်ပြီဆိုရင် သင့်အနေနဲ့ ဘာမှမကူညီနိုင်ရင် ခပ်ဝေးဝေးမှာနေသင့်ပါတယ်။ ပေါက်ကွဲမှု၊ မီးလောင်မှု စသဖြင့် ရုန်းရင်းဆန်ခတ်အခြေအနေတွေမှာ သင့်ကိုပါအန္တရာယ်ဖြစ်စေ နိုင်ပါတယ်။ ဒါကြောင့် သင်ကိုယ်တိုင်လုံခြုံတဲ့နေရာမှာအရင်နေပြီးမှ သက် ဆိုင်ရာကိုအကြောင်းကြားပြီးအကူအညီတောင်းသင့်ပါတယ်။ ကူညီမယ့်သူဟာ ဒုတိယလူနာ မဖြစ်ရေး ဟာ အဓိကအရေးကြီးပါတယ်။

ဖိုးသူတော် (www.phothutaw.com)

Credit: myanmaplatform

#

Tags:
  • ,

Latest Comments

Leave a Comment