Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

မန်မာသံစဉ်နှင့် ခေတ်ပေါ်သံစဉ် ရသနှစ်မျိုးခံစားနိုင်မည့် April Kings & April Queen တေးစီးရီး မိတ်ဆက်

Image

တေးရေးဆရာ ကိုစိုးလင်း စီစဉ်သော April Kings & April Queen တေးစီးရီးမိတ်ဆပ်ပွဲကို ရန်ကုန်မြို့ရှိ Orchid
Hotel တွင် ၉ ရက်နေ့ နေ့လယ် ၁၁ နာရီချိန်၌ ကျင်းပခဲ့သည်။


" April Kings ကတော့ ကျွန်တော်လုပ်နေကျပုံစံလေး မဟုတ်ပါဘူး။ မြန်မာဆန်တဲ့ သင်္ကြန်အမြူးတွေပါ။ မြန်မာဆန်တဲ့ သင်္ကြန်သီချင်းတွေ အထွက်နည်းတဲ့အတွက်ကြောင့် အဲ့လိုမျိုးသီချင်းလေးတွေ ကြိုက်တဲ့ပရိတ်အတွက်လည်း ရည်ရွယ်ပါ တယ်။ အဲ့လို သီချင်းမျိုးတွေကြိုက်တဲ့ ပရိသတ်တွေလည်း အခါခါခံစားလို့ရအောင် တက်နိုင်သလောက်ဖန်တီးထားပါတယ်။ ဒီအခွေက သင်္ကြန်ခွေဆိုပေမယ့် ဆယ်နှစ်ရာသီလုံးဆိုလို့ရမယ့် စာသားလေးတွေ ရေးထားပါတယ်။ အခုအခွေမှာဆိုရင် သီချင်းအသစ် ၁၂ ပုဒ်၊ နောက်ပေါက်ပြီးသားသီချင်း ၁၂ ပုဒ်ကို Remix ပြန်လုပ်ထားပါတယ်။ DVD ခွေကိုတော့ ၁၈ ရက်နေ့မှာ ထွက်မှာဖြစ်ပါတယ် "ဟုု တေးရေး ဆရာကိုစိုးလင်းက ပြောကြားခဲ့သည်။


Image

ဆရာကိုစိုးလင်း၏ ပရိသတ်အားပေးမှုရရှိထားသော သင်္ကြန်သီချင်းခွေ April Kings & April Queen သီချင်းခွေတွင် ထွက်ရှိပြီးသော ပုံစံတွေနဲ့ မတူအောင် မြန်မာသံစဉ်များလည်းပါ၀င်ပြီး အဆိုတော်အသစ်လေးများလည်းပါ၀င် သီဆို ထားသည်။


Image

၅ နှစ်ကျော် အခွေဆက်မထွက်ဘဲ ယခုနှစ် ၂၀၁၇ မှ ပရိသတ်ရင်ထဲကို ပြန်လည်ရောက်ရှိလာသော April Kings & April Queen တေးစီးရီးမှာလည်း ယခင်နှစ်တွေနှင့် မတူသော ရသများခံစားနိုင်ရန် တေးသံရှင်အသစ်များပါ အားဖြည့် သီဆိုထားသည်။ April Kings & April Queen အခွေတွင် " မင်္ဂလာ " အမည်ဖြင့်သီဆိုထားသော တေးသံရှင် Dယံ ကလည်း ယခုလို ပြောကြားခဲ့သည်။" အဓိက အခြေခံထားတာကတော့ မင်္ဂလာ ပါဆိုတာ နူတ်ခွန်ဆက်သတဲ့ အကြောင်း အရာပါပဲ။ မြန်မာယဉ်ကျေးမှု တစ်ခုဖြစ်တဲ့ သင်္ကြန်မှာ မင်္ဂလာပါဆိုပြီး နှုတ်ဆက်ထားတဲ့ သဘောလေးပါပဲ။ ဒီအခွေထဲမှာ ဆိုရင် မြန်မာသံစဉ်လည်းပါသလို ခေတ်ပေါ်လည်းပါပါတယ်။ လူငယ်တွေအကြိုက်ကြီးပဲလည်း မဟုတ်ဘဲ လူကြီးတွေပါ ကြိုက်နှစ်သက်အောင် ခံစားလို့ရအောင် ဆရာကိုစိုးလင်းက ဖန်တီးထားတာပါ " လို့ Dယံက ပြောပြခဲ့သည်။



ထို့နောက် ပါ၀င်သီဆိုကြသော တေးသံရှင်များကလည်း တစ်ဦးချင်းနှုတ်ခွန်ဆက် အမှတ်တရစကားများ ပြောကြားခဲ့ပြီး အမှတ်တရ ဓါတ်ပုံရိုက်ကူးခဲ့သည်။


Tags:
  • ,

Latest Comments

Leave a Comment