Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

မနက် ၁၁ နာရီ မတိုင်ခင် ကိုယ့်ကိုယ်ကို သတိပေးသင့်တဲ့ စကား ၁၁ ခွန်း

Image



နေ့သစ်တိုင်းကို ဘယ်လိုအစပြုလဲ ဆိုတာက ကျွန်မတို့တွေ သတိထားမိသည် ဖြစ်စေ၊ မထားမိသည် ဖြစ်စေ တစ်နေ့လုံး ဖြတ်သန်းတဲ့ လုပ်ဆောင်မှုတွေမှာထိ အကျိုး သက်ရောက် စေတတ်ပါတယ်။ မိုးလင်းလာရင် နာရီအချက်ပေးစက်မြည်တယ်၊ အိပ်ရာထတယ်၊ ပြီးတော့ လူအများစုကတော့ မိုးလင်းကနေ မိုးချုပ် အိပ်ယာဝင်တဲ့ အထိ ခြေကုန်လက်ပန်း ကျအောင်ကို အလုပ်တွေ လုပ်ကြရတယ်။ အဓိကကတော့ ကောင်းမွန်တဲ့ ဘဝမှာ နေထိုင်ချင်ရင် ကိုယ်တိုင် အပြင်းအထန် ကြိုးစား ပုံဖော်ရမှာပါ။ ဒါပေမယ့် ခက်ခဲစွာ ကြိုးစားနေရုံနဲ့ ဘဝရဲ့ အချိန်အားလုံး ကုန်ဆုံးစေလို့တော့ မဖြစ်ပါဘူး။ ဘဝရဲ့ ကြည်နူးစရာ အချိန်ခဏတိုင်းကိုလည်း ခံစားသက်ဝင်သွားနိုင်ကြဖို့တော့ လိုပါတယ်။

ကျွန်မတို့ လုပ်ဆောင်သင့်တာက နေ့သစ်တစ်နေ့ စပြီ ဆိုတာနဲ့ ရည်မှန်းချက် တွေထားရှိပြီး အဲ့ဒီနေ့သစ်ကို အဓိပ္ပါယ်ရှိစွာ ပုံဖော်နိုင်ဖို့ပါ။ ပြီးတော့ ကိုယ့်ကိုယ်ကို သတိပေးနေရမှာက စိတ်ရောကိုယ်ပါ လက်ရှိအချိန်တွေမှာပဲ အာရုံစိုက်နေစေဖို့ပါ။ ဘဝမှာ ပျော်ရွှင်နေကြတဲ့ လူတိုင်းဟာ ဒီနေ့ဟာ သူတို့အတွက် အကောင်းဆုံးနေ့ ဆိုတဲ့ စိတ်နဲ့ပဲ နေ့သစ်တိုင်းကို စခဲ့ကြတာပါ။

အောက်ဖက်မှာတော့ ပရိတ်သတ်တွေ နေ့သစ်တိုင်းကို အကောင်းဆုံး စတင်နိုင်ဖို့ အသုံးဝင်မယ့် ကိုယ့်ကိုယ်ကို သတိပေးသင့်တဲ့ စကားလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

၁။ ဒီနေ့က အကောင်းဆုံး နေ့ရက်ပါ။

ဘဝဆိုတာကြီးက သင့်ကို စိန်ခေါ်မှုတွေနဲ့ပဲ ကြုံစေရင်တောင် အဲ့ဒါတွေကို ဖြတ်ကျော်လိုက်ပါ။ အဲ့ဒီ အခက်အခဲတွေကနေ အတွေ့အကြုံတွေ ယူလိုက်ပါ။ သင့်အတွက် ကောင်းခြင်းတွေ များစွာ ယူလာပေးနိုင်တဲ့ နေ့သစ်လေးကို အလေးနက်ထား ဖြတ်သန်းလိုက်ပါ။

၂။ ဘဝရဲ့ အချိန်ခဏတိုင်းမှာ ပျော်မွေ့ပါ။

အရမ်းကောင်းတဲ့ အချိန်မျိုး ဖြစ်မှသာ ပျော်ရတာမှ မဟုတ်ဘူးလေ။ နည်းနည်းတော့

အားထုတ်မှု လိုတာပေါ့။ တစ်နေကုန် ကိုယ့်ရဲ့ လှုပ်ရှားမှုတွေ၊ နေ့တစ်နေ့ကို

ကိုယ်ဘယ်လို ကိုင်တွယ်ဖြေရှင်းလဲဆိုတဲ့ အရာတွေကနေပဲ ပျော်ရွှင်မှုတွေ

ရှာဖွေယူရမှာပါ။

၃။ မနေ့ကဆိုတာကို ပြောင်းလဲချင်လို့မှ မရတော့တာ၊ ဒါပေမယ့် ဒီနေ့နဲ့ မနက်ဖြန် ဆိုတာကတော့ မိမိလက်ခုပ်ထဲက ရေပါ။

မနေ့က သင် လုပ်ခဲ့တဲ့ အမှားတွေအတွက် သင့်ကိုယ်သင် ခွင့်လွှတ်ပေးပါ။ ပြီိးတော့ ဒီနေ့ကို အကောင်းဆုံး ဖြတ်သန်းလိုက်ပါ။ သတိချပ်ရမှာကတော့ ဒီနေ့ နဲ့ မနက်ဖြန်ဆိုတာ အတွက်တော့ ကျွန်မတို့က စင်ပေါ်က လူတွေ ဆိုတာပါပဲ။

၄။ ဖြေရှင်းလို့မရတဲ့ ပြဿနာ ဆိုတာမရှိပါ။

သင့်ရဲ့ ဘဝလမ်းမှာ တွေ့လာနိုင်တဲ့ အနှောင့်အယှက် အတားအဆီးမှန်သမျှ သင်ဖြေရှင်းနိုင်တယ် ဆိုတာ ကိုယ့်ကိုယ်ကို သတိပေးပြီး ဘဝကို ဖြတ်သန်းပါ။

၅။ သင့်အနားမှာ လူဖြောင့်၊ လူမှန်တွေပဲ ဝန်းရံနေအောင် ရွေးချယ်ပေါင်းသင်းပါ။

သင့်ဘဝပြောင်းလဲနိုင်ဖို့ ဖြောင့်မှန်တဲ့ လူတွေ သင့် အနားမှာ ရှိနေဖို့ လိုပါတယ်။ သင့်အနားက လူတွေကလည်း သင့်တစ်နေ့တာရဲ့ ကောင်းခြင်း၊ ဆိုးခြင်းတွေမှာ တစ်စိတ်တစ်ဒေသကနေ အရေးပါနေပါတယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၆။ အရာရာတိုင်းဟာ သူ့အချိန်နဲ့သူ ဖြစ်လာမှာပါ။

ကိုယ်ကိုယ်တိုင်ရဲ့ စိတ်မရှည်မှုတွေကြောင့်ပဲ ကျွန်မတို့တွေဟာ ပြီးစလွယ် ဘဝအခြေအနေမျိုးကို ရတတ်ကြတယ်။ ဒီတော့ အရမ်းကြီး လောဘတက်မနေဘဲ သူ့အချိန်နဲ့သူ ရောက်လာတာကို ခဏတော့ စောင့်ကြတာပေါ့။ ကောင်းခြင်းတိုင်းဟာ စိတ်ရှည်သည်းခံ လမ်းကြောင်းမှန် ဆိုတဲ့ သူတွေအဖို့ အချိန်မှီတော့ ရောက်လာမှာပါ။

၇။ သင့်အတွက် အရေးပါတဲ့ သူတွေကို တန်ဖိုးထားတတ်ပါ။

သင့်အတွက် အရေးပါတဲ့သူတွေကို ဂရုတစိုက်နဲ့ တန်ဖိုးထားပေးပါ။ တွေ့ဆုံဖြစ်၊ စကားပြောဖြစ်တယ် ဆိုလည်း အဆုံးသတ်မှာ မေတ္တာတွေနဲ့ပဲ လမ်းခွဲနိုင်ပါစေ။ ဘာလို့လဲ ဆိုတော့ အဲ့ဒီစကားပြောတာ၊ တွေ့ဆုံတာက နောက်ဆုံးအကြိမ်လား ဆိုတာ ဘယ်သူမှ ကြိုမသိနိုင်ဘူးလေ။

၈။ အသစ် အသစ်တွေကို ရှာဖွေ သင်ယူပါ။

ကျွန်မတို့တတွေ ဘဝတစ်လျှောက် သင်ယူမှုတွေ နဲဲ့့ပဲ ရှင်သန်လာတဲ့ အခါမှာ အသက်အရွယ် ကြိီးရင့်လာတာနဲ့ အမျှ ကိုယ့်ကိုယ်ကို မြင်တဲ့ အမြင်တွေ၊ သူများတွေကို မြင်တဲ့ အမြင်တွေ ပိုပြီး ကောင်းမွန်လာသလို ဆက်ပြီးလည်း တိုးတက်လာဖို့ပဲ ရှိပါတယ်။ ကျွန်မတို့မှာ ရွေးချယ်စရာရှိတာက အခုလက်ရှိ အခြေအနေနဲ့ပဲ ရောင့်ရဲ တင်းတိမ်နေမလား၊ ဘဝကို စိန်ခေါ်ပြီး အောင်မြင်တဲ့ ဘဝကို ယူမလား ဆိုတာပါပဲ။ ပျော်ရွှင်ခြင်းအတိ ဘဝဆိုတာ ဘဝရဲ့ စိန်ခေါ်မှုတွေကို ဖြတ်ကျော်ပြီးမှ ရဖို့ ပိုပြီး သေချာတာပါ။

၉။ အောင်မြင်မှုဆိုတာ ထိုင်ရာက မထဘဲ ရောက်မလာတတ်ပါ။

အောင်မြင်မှုရဲ့ ဝိသေသကတော့ လူတိုင်းအတွက် မတူညီနိုင်ပါဘူး။ ဒါပေမယ့် အားလုံးအတွက် ယျေဘုယကျနေတာကတော့ လုပ်ဆောင်မှုပါ။ သင်သာ သင့်တစ်နေ့တာကို ရင်ဆိုင်ဖြတ်သန်းဖို့ အဆင်သင့်ပဲ ဆိုရင် အရင်ပုံစံကို ပြောင်းလဲပြီး အားကြိုးမာန်တက် လုပ်ဆောင်မယ် ဆိုတဲ့ ဆုံးဖြတ်ချက်ကို ရဲရဲကြီးသာ ချလိုက်ပါ။

၁ဝ။ တစ်ခြားသူတွေ သင့်ကို ဘာထင်လဲ ဆိုတာက အရေးမကြီးပါ။

ကျွန်မတို့သာ ကိုယ့်တစ်နေ့တာမှာ ကောင်းတာတွေပဲ လုပ်ဖို့ ရည်စူးထားမယ်၊ ဘဝကို အကောင်းဆုံး ဖန်တီးပြီး နေထိုင်သွားမယ် ဆိုရင် တစ်ခြားသူတွေ ကိုယ့်ကို ဘာထင်လဲ ဆိုတာက ဖွဲနဲ့ဆန်ကွဲ ဖြစ်သွားမှာပါ။ လူတိုင်း စိတ်ကျေနပ်အောင်တော့ လိုက်နေပေးဖို့ မဖြစ်နိုင်ဘူး မလား။ ပြီးတော့ ကိုယ့်ဘဝရဲ့ ရည်မှန်းချက်တွေလည်း အမှန်ဖြစ်လာအောင် လုပ်ရဦးမယ် ဆိုတော့ သူများ အထင်အမြင်တွေကို ဂရုစိုက်နေတတ်တာတွေ ရပ်ပြီး ကိုယ့်အတွက် အကျိုးရှိမယ့် ဆုံးဖြတ်ချက်တွေ ချနိုင်ဖို့ကိုပဲ အာရုံစိုက်ကြစို့လေ။

၁၁။ သင်ဒါတွေ လုပ်ကို လုပ်နိုင်မှာပါ။

ကျွန်မတို့ အမြဲ ကိုယ့်ကိုယ်ကို သတိပေးနေသင့်တာကတော့ ဘယ်လို အခက်အခဲမျိုးပဲ ကြုံပါစေ ကိုယ်လုပ်နိုင်တယ် ဆိုတာပါပဲ။ ကျွန်မတို့ဟာ ထက်မြက်ကြတယ်၊ အတွေးအခေါ်ကောင်းတယ်၊ ကြင်နာကြတယ်လေ။ ပြီးတော့ ကျွန်မတို့အားလုံး ဒီနေ့လေးကို ဘဝရဲ့ အကောင်းဆုံး နေ့လေးအဖြစ် ဖန်တီးနိုင်ဖို့ ပြင်ဆင်ထားကြပြီးသား မလား။ ပရိတ်တွေရော…

သဘောကျနှစ်သက်တယ် ဆိုရင် သူငယ်ချင်းတွေလည်း သိနိုင်အောင် Share ပါ။

ဖိုးသူတော် (www.phothutaw.com)

Credit: gandawin

Latest Comments

Leave a Comment

Related News