Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

မနက်စောစော အိပ်ယာထတာနဲ့ ရေနွေးသောက်ပေးခြင်းရဲ့ကောင်းကျိုး (၇) ခု

Image



လူတစ်ယောက်ရဲ့ကျနး်မာရေးဟာ သူတစ်နေ့တာသောက်သုံးနေတဲ့ ရေပမာဏအပေါ်လည်းမူတည်နေပါတယ်။ အိပ်ယာထပြီးတာနဲ့ ရေနှစ်ခွက်ပုံမှန်သောက်ပေးခြင်းဖြင့် ခန္ဓာကိုယ်ကျန်းမာရေးကို အထူးကောင်းမွန်စေတယ်ဆိုတာကို ကြားဖူးကြမှာပါ။ ဒီအတိုင်းဆို လူကြီးတွေမကြာခဏပြောလေ့ရှိတဲ့ မနက်စောစော ရေနွေးသောက်ပေးခြင်းရဲ့ကောင်းကျိုးတွေက ဘာတွေများဖြစ်မလဲနော်။ ဆက်ဖတ်ကြည့်လိုက်ပါဦး။

၁။အရွယ်မတိုင်မီအိုမင်းရင့်ရော်ခြင်းမှကာကွယ်ပေးပါတယ်။

ဘယ်သူကမှ အသက်အရွယ်ငယ်ငယ်နဲ့ ရုပ်ရင့်တာမျိုးကို လိုလားကြမှာမဟုတ်ပါဘူး။ ခန္ဓာကိုယ်မှာရှိတဲ့ အဆိပ်အတောက်တွေကြောင့် ရှိရင်းစွဲအသက်ထက် ပိုပြီး ရုပ်ရင့်လာစေပါတယ်။ ရေနွေးသောက်ပေးခြင်းဖြင့် ခန္ဓာကိုယ်က အဆိပ်အတောက်တွေကို ဖယ်ရှားပေးတာကြောင့် မျက်နှာပြင်လေးကို တင်းရင်းဝင်းပစေခြင်းဖြင့်နုပျိုစေပါတယ်။

woman-drinks-water

၂။နာကျင်ကိုက်ခဲမှုတွေကိုပြေပျောက်စေပါတယ်။

အမျိုးသမီးတွေ ရာသီလာတဲ့အခါ ဗိုက်နာတစ်ဝိုက်နာကျင်မှုကိုခံစားကြရပါတယ်။ အိပ်ယာထထချင်း ရေနွေးသောက်ပေးလိုက်တဲ့အခါ အဲ့ဒီ့နာကျင်မှုတွေကို တော်တော်ကြီးသက်သာစေပါတယ်။ ဒီ့အပြင် အခြားသော ကြွက်သားပိုင်းဆိုင်ရာနာကျင်မှုတွေအတွက်လည်းသက်သာစေပါတယ်။

၃။ဝိတ်ကျစေတယ်။

မနက်စောစောရေနွေးတစ်ခွက် ပုံမှန်သောက်ပေးရင် ဝိတ်ကျစေတယ်ဆိုတာ မှန်တဲ့အချက်ဖြစ်ပါတယ်။ ရေနွေးသောက်ပေးခြင်းက ခန္ဓာကိုယ်အပူချိန်ကိုတိုးမြှင့်လာစေတာကြောင့် ဇီဝကမ္မဖြစ်နှုန်းကိုလည်းမြင့်တက်လာစေပါတယ်။ ဇီဝဖြစ်နှုန်းမြင့်တက်လာခြင်းဖြင့် ခန္ဓာကိုယ်တွင်းအဆီတွေကိုလောင်ကျွမ်းစေပါတယ်။

၄။အစာချေစနစ်ကိုကောင်းစေတယ်။

မနက်စောစောရေနွေးသောက်ပေးခြင်းက ခန္ဓာကိုယ်တွငး်အစာချေစနစ်ကိုကောင်းမွန်စေပြီး အစာတွေချေဖျက်ရာမှာလွယ်ကူစေပါတယ်။ အစာစားပြီးတိုင်းရေနွေးသောက်ပေးခြင်းကတော့ သူနဲ့ပြောင်းပြန်ပါ။ အစာထဲက အဆီတွေကို ခဲစေတာကြောင့် အစာချေဖျက်ရာမှာ ခက်ခဲစေပါတယ်။ ဒါကြောင့် ရေအေးအစား ရေနွေးလေးသောက်ပေးပါ။

၅။သွေးလည်ပတ်မှုကို ကောင်းစေပါတယ်။

ရေနွေးသောက်ပေးခြင်းဖြင့် ခန္ဓာကိုယ်တွင်းအဆိပ်အတောက်ကိုဖယ်ရှားပေးပါတယ်။ဒါကြောင့်မို့လည်း သွေးလည်ပတ်နှုန်းကိုအားကောင်းစေပါတယ်။ အဲ့ဒီ့အပြင် ကြွက်သားတွေကိုပြေလျော့စေကာ သွေးစီးဆင်းမှုကို ထောက်ပံ့ပေးပါတယ်။

၆။ဝမ်းချုပ်ခြင်းကို သက်သာစေတယ်။

ဝမ်းချုပ်ရခြင်းရဲ့ အဓိကအကြောင်းအရင်းကတော့ ခန္ဓာကိုယ်မှာ ရေဓာတ်နည်းလို့ပါ။ အိပ်ယာထထချင်း ဘာအစာမှမစားသေးပဲ ရေနွေးသောက်ပေးလိုက်တဲ့အခါမှာတော့ အူမကြီးရဲ့လှုပ်ရှားမှုကို တိုးတက်စေတာကြောင့် ဝမ်းချုပ်ခြင်းကို သက်သာစေပါတယ်။

၇။အိပ်ပျော်စေတယ်။

အစာစားပြီးတိုင်း၊ အထူးသဖြင့်ညစာစားပြီးတိုင်း၊ အိပ်ယာမဝင်ခင်တိုင်းမှာ ရေနွေးသောက်ပေးလိုက်မယ်ဆိုရင်အညောင်းအညာပြေစေပြီး အာရုံကြောတွေကိုလည်းပြေလျော့စေတာကြောင့် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေပါတယ်။ နောက်တစ်နေ့နိုးတဲ့အခါမှာလည်းလန်းဆန်းစေပါတယ်။

ဖိုးသူတော် (www.phothutaw.com)

Credit: myhealthmyanmar

Latest Comments

Leave a Comment

Related News