Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

မနက်စာကို ဘယ်ချိန်စားတာ အသင့်တော်ဆုံးလဲ

Image



မနက်အိပ်ရာထတဲ့

အချိန်မှာ သွေးထဲသကြားဓာတ်ပါဝင်မှုပမာဏက သဘာဝအလျောက် လျော့နေပါတယ်။ ဒီတော့

အိပ်ရာထပြီး တစ်နာရီအတွင်း မနက်စာသုံးဆောင်ခြင်းကို အကြံပြုထားပါတယ်။

ဒီအချက်က သကြားဓာတ် ရုတ်တရက် ထိုးကျခြင်းကို တားဆီးပေးပါတယ်။

တရားဝင်အသုံးမှတ်ပြု

အာဟာရဗေဒပညာရှင်တစ်ဦးဖြစ်တဲ့ Chloe Miles နဲ့ British Dietetic

Association ရဲ့ ပြောရေးဆိုခွင့်ရှိသူများက

မနက်စာကောင်းကောင်းသုံးဆောင်ခြင်းရဲ့ အရေးပါမှုနဲ့ ပတ်သက်ပြီး Independent

ကို ပြောပြခဲ့ကြပါတယ်။ မနက်စာက အရေးကြီးတဲ့ အစာသုံးဆောင်မှုတစ်ခု ဖြစ်ပါတယ်။

သို့သော် အများစုက မနက်စာ ရှောင်ကြတယ်လို့ သူမက ဆိုပါတယ်။

မနက်စာပုံမှန်

သုံးဆောင်သူတွေဟာ မသုံးဆောင်သူများထက် ခန္ဓာကိုယ် ပိုမိုကျစ်လစ်သေးသွယ်ပြီး

အစားအသောက် မျှတမှုပိုရှိကြကြောင်း သုတေသတနက ဖော်ပြထားပါတယ်။ မနက်စာ

မသုံးဆောင်ခြင်းက အားအင်နဲ့ အာရုံစူးစိုက်မှုကိုလည်း ထိခိုက်စေနိုင်ပါတယ်။

ဒါ့ကြောင့် ကလေးတွေကို မနက်စာ သုံးဆောင်ဖို့ တိုက်တွန်းခြင်းက မဖြစ်မနေ

လိုအပ်ပါတယ်။

 ဖိုးသူတော် (www.phothutaw.com)

Credit:Original

Latest Comments

Leave a Comment

Related News