Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

မင်္ဂလာဆောင်ခါနီး ဖြစ်တတ်တဲ့ စိတ်ဆင်းရဲမှုတွေကို အနိုင်ယူဖို့

Image



စိတ်ပင်ပန်း၊ လူပင်ပန်းမှုတွေကြောင့် စိတ်ဖိစီးတာတွေ၊ ပူပန်သောကတွေကို ခံစားရလေ့ရှိပြီး မင်္ဂလာပွဲနီးလေလေ စိတ်ဆင်းရဲ စိတ်ရှုပ်လေလေ ဖြစ်တတ်ပါတယ်

ဘဝရဲ့ အကြီးမားဆုံး အရေးပါဆုံး အပြောင်းအလဲ ဖြစ်တဲ့ မင်္ဂလာပွဲလို အချိန်မျိုးမှာ ပွဲနားနီးလေလေ သတို့သားလောင်း၊ သတို့သမီးလောင်းလေးတို့က စိတ်ပင်ပန်း၊ လူပင်ပန်းမှုတွေကြောင့် စိတ်ဖိစီးတာတွေ၊ ပူပန်သောကတွေကို ခံစားရလေ့ရှိပြီး မင်္ဂလာပွဲနီးလေလေ စိတ်ဆင်းရဲ စိတ်ရှုပ်လေလေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် မင်္ဂလာဆောင်ခါနီးမှာ ကြုံရတတ်တဲ့ စိိတ်ဆင်းရဲမှုတွေကို အနိုင်ယူနိုင်မယ့် နည်းလမ်းကောင်းတွေကို Marry က ဝေမျှပေးချင်ပါတယ်။

ကောင်းတဲ့မှတ်ချက်တွေကို မှတ်သားပါ

မင်္ဂလာပွဲ အတွက် ကြိုတင် စီစဉ်နေတဲ့ အချိန်မျိုးမှာ စီစဉ်သင့်တာတွေ မကျန်ခဲ့စေဖို့ နေ့စဉ် မှတ်တမ်းသဘောမျိုး ရေးမှတ်ထားသင့်ပါတယ်။ အဲ့လို နေစဉ်မှတ်တမ်း လုပ်တဲ့အခါမှာတော့ တစ်နေ့တာ စီစဉ်ခဲ့သမျှရဲ့ ကောင်းတာတွေကိုပဲ ဂရုစိုက် မှတ်တမ်းတင်စေချင်ပါတယ်။ ဆိုလိုတာကတော့ အဆင်ပြေတာရော၊ မပြေတာပါ ကြုံရနိုင်ပေမယ့် အဆင်ပြေကျေနပ်ခဲ့ရတာတွေကိုပဲ မှတ်သားထားစေချင်ပါတယ်။

သာယာငြိမ့်ညောင်းတဲ့ တေးဂီတကို နားဆင်ပါ

တေးဂီတကလည်း လူ့စိတ်ကို ပြောင်းလဲစေတဲ့ အရာပါပဲ။ စိတ်ညစ်ညူး အားငယ်နေတဲ့ အချိန်မျိုးမှာ ဝမ်းနည်းစရာကောင်းတဲ့ တေးသီချင်းမျိုး နားဆင်တာ၊ စိတ်ရှုပ်ထွေး ဒေါသထွက်နေချိန်မျိုးမှာ ပေါက်ကွဲတဲ့ သီချင်းမျိုးတွေကို နားထောင်တာက စိတ်ခံစားချက်တွေကို ပိုပြီး ဆိုးဝါးစေတာကြောင့် စိတ်ကို ပျော်ရအောင် ကြည်နူးမှု ဖြစ်စေတဲ့ တေးသီချင်းမျိုးတွေကိုပဲ နားထောင်ပေးပါ။

ကောင်းတာတွေပဲ တွေးပါ၊ ကောင်းတာတွေပဲ လုပ်ပါ

တစ်ပါးသူအပေါ်မှာထားတဲ့ ကိုယ့်ရဲ့ စိတ်ကောင်း နှလုံးကောင်းလေးက ကိုယ့်ကို  ပိုပြီး စိတ်ချမ်းသာစေပါတယ်။ အတွင်းစိတ်ရဲ့ ကောင်းမွန်မှု မှန်သမျှက ကိုယ်ခံစားရသမျှကိုလည်း ကောင်းမွန်တဲ့ ခံစားချက်တွေ ဖြစ်စေပါတယ်။ ဒါကြောင့်မို့ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိတဲ့စိတ်တွေ၊ အတွေးအကြံကောင်းတွေကို ကြံစည်တွေးတောတာနဲ့ ကိုယ့်ဘဝကိုယ် ကျေနပ်တဲ့စိတ်တွေက သတို့သမီးလေးတို့ကို ပိုပြီးစိတ်ချမ်းသာစေမယ့် အရာတွေပဲ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)

Credit: Marry

Tags:
  • ,

Latest Comments

Leave a Comment