Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

မချစ်တဲ့သူက ချစ်ခွင့်ပန်လာရင် ဘယ်လိုငြင်းရမလဲ

Image



မိန်းမသားတို့ဘဝမှာ ချစ်စကားဆိုခံရတာ အနည်းနဲ့အများတော့ ကြုံဖူးရမှာပါ။ ကိုယ်နှစ်လိုတဲ့သူက ချစ်ရေးဆိုလာရင် တိုးတိုးတိတ်တိတ် ကြိတ်ပျော်ရပေမယ့် သဘောမတွေ့တဲ့သူက ဖွင့်ပြောလာခဲ့ရင် ဘယ်လိုများငြင်းဆန်ရပါ့မလဲ။ ဘယ်လိုပဲ လက်မခံပါဘူးဆိုဆို တွယ်ကပ်နေတဲ့သူကိုရော ဘယ်လိုခွာထုတ်ရင်ကောင်းမလဲ။ ကိုယ့်ကို သဘောကျနေတဲ့သူတွေ သူ့အလိုလို တပ်ခေါက်ပြန်သွားနိုင်မယ့် နည်းလမ်းလေးတွေကတော့ ဒီမှာပါ။

၁။သူငယ်ချင်းလေးပါပဲ။

ဒါက မိန်းကလေးအတော်များများ သုံးတတ်ပါတယ်။ ငါကနင့်ကိုသူငယ်ချင်းလိုပဲ ခင်တာပါ။ ငါတို့နှစ်ယောက်က bff တွေလေ ဆိုတာမျိုး။ ဒီနည်းက တော်ရုံအလုပ်ဖြစ်ပေမယ့် ဇွဲကောင်းတဲ့ကိုကိုမျိုးနဲ့တွေ့ရင် သိပ်မဟန်ပါဘူး။ ဒီတော့ နောက်တစ်ဆင့်ပေါ့။

၂။ ကိုကြီး ကိုကြီး။

အစ်ကိုလို၊မောင်လိုပဲ ခံစားလို့ရပါတယ်။ နင်က ငါ့အတွက်အစ်ကို တစ်ယောက်လိုပါပဲဟာ။ ဒါမှမဟုတ် နင်သာ ငါ့မောင်လေးဖြစ်ရင် သိပ်ကောင်းမှာပဲ။ မရမကကို ကိုယ့်အစ်ကို တော်ပစ်လိုက်ပါ။ သူငယ်ချင်းဆိုတဲ့စည်းထက် သူက နည်းနည်းပိုပြင်းပါတယ်။

၃။မိန်းကလေးမပီသပါစေနဲ့။

လမ်းလျှောက်ရင် ကျော်လွှားသွားတာ။ သမ်းရင် ပါးစပ်မပိတ်တာ။ သပ်သပ်ရပ်ရပ်မရှိဘဲ ဘိုသီဘတ်သီနေတာ။ စကားပြော မနူးညံ့တာ။ မိန်းကလေးအတော်များများမှာရှိတဲ့ သိမ်မွေ့တဲ့ အမူအကျင့်တွေကို ချစ်ခွင့်ပန်သူရှေ့ရောက်ရင် ရှောင်ပါ။ တခြားအချိန်မှာ မိမိပုံစံအတိုင်း နေနိုင်ပါတယ်။ ယောက်ျားလေးတွေဟာ မိန်းကလေး မဆန်တဲ့ မိန်းကလေးမျိုးကို သိပ်သဘောတွေ့လေ့မရှိပါဘူး။

၄။ ရှောင်နေပါ။

လိုင်းပေါ်မှာ လာ hi ရင် reply မပြန်တာ။ ချက်ချင်း လိုင်းပေါ်က ဆင်းသွားတာ။ ဖုန်းခေါ်ရင် missed call အဖြစ်ခံတာ။ မျက်နှာချင်းဆိုင်တွေ့ရင် စကားနည်းနည်းပဲ ပြောပြီး လစ်ထွက်သွားတာ စတာမျိုးတွေ လုပ်ပါ။ ကိုယ့်ဘက်က ရှောင်နေရင်း ကြာရင် သူ့ကို မလိုလားဘူးဆိုတာ အလိုလို သိလာပါလိမ့်မယ်။

၅။ ကိုယ်ဖြစ်ချင်တာကို ပြောပါ။

ငါက ဘယ်လိုလူမျိုးကို သဘောကျတာ။ နင်က ငါလိုချင်တဲ့ type မျိုးမဟုတ်ဘူးဆိုတာကို ရှင်းပြပါ။ သူ့ဘက်က ပြောင်းလဲလာသည့်တိုင် ကိုယ်သဘောမကျရင် လက်မခံဘဲ နေလို့ရပါတယ်။

ဒီအချက်လေးတွေလိုက်နာရင် သာမန်အလိုက်သိတဲ့သူကတော့ ရှောင်ပေးမှာပါပဲ။ ဒါပေမယ့် ယောင်းတစ်ခုသိထားရမှာက ယောင်းဘက်ကပြတ်သားရပါမယ်။ ကြိုက်သလိုလို မကြိုက်သလိုလိုဆွဲထားတာက သူ့အတွက်ရော၊ ယောင်းအတွက်ရောမကောင်းပါဘူး။ ကိုယ့်ဘက်က ပြတ်ပြတ်သားသားနဲ့ငြင်းပြီးတာတောင် အိမ်မြှောင်လိုလိုက်ကပ်နေရင်တော့ ဂရုကိုမစိုက်ပါနဲ့တော့။ ကိုယ့်ကို တကယ်ချစ်တဲ့သူတစ်ယောက်က ကိုယ့်ခံစားချက်ကို တန်ဖိုးထားပေးပါလိမ့်မယ်။ အချစ်နဲ့ပတ်သတ်ရင် အားနာခြင်းမှ ကင်းဝေးကြပါစေ ယောင်းတို့။

ဖိုးသူတော် (www.phothutaw.com)

Credit: Christina (For Her Myanmar)

Latest Comments

Leave a Comment

Related News