Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

ဘုရားရှင်၏ သြ၀ါဒတော်

Image



“ရဟန်းတို့ ၊ သူတစ်ပါးတို့သည် ငါ၏ အပြစ်ကိုဖြစ်စေ တရား၏ အပြစ်ကိုဖြစ်စေ၊ သံဃာ၏ အပြစ်ကို ဖြစ်စေ ပြောကြလျှင် ထို(ပြောကြရာ)၌ သင်တို့သည် ရန်ငြိုးထားခြင်း နှလုံးမသာခြင်း၊ စိတ်မကျေချမ်းခြင်း မဖြစ်စေသင့်။

“ရဟန်းတို့၊ သူတစ်ပါးတို့သည် ငါ၏ အပြစ်ကိုဖြစ်စေ၊ တရား၏ အပြစ်ကိုဖြစ်စေ၊ သံဃာ၏ အပြစ်ကိုဖြစ်စေ ပြောကြရာ၌ သင်တို့သည် အမျက်ထွက်ကြလျှင်၊နှလုံးမသာကြလျှင် သင်တို့အားသာလျှင် အန္တရာယ်ဖြစ်ရာ၏။

“ရဟန်းတို့ ၊ သူတစ်ပါးတို့သည် ငါ၏ အပြစ်ကိုဖြစ်စေ၊ တရား၏ အပြစ်ကိုဖြစ်စေ၊ သံဃာ၏ အပြစ်ကိုဖြစ်စေ ပြောကြရာ၌ သင်တို့သည် အမျက်ထွက်ကြလျှင်၊ နှလုံးမသာကြလျှင် သင်တို့သည် သူတစ်ပါးတို့၏ စကားဆိုးကို သိနိုင်ပါမည်လော”

“မသိနိုင်ကြပါ အရှင်ဘုရား”

“ရဟန်းတို့ ၊ သူတစ်ပါးတို့သည် ငါ၏ အပြစ်ကိုဖြစ်စေ တရား၏ အပြစ်ကိုဖြစ်စေ သံဃာ၏ အပြစ်ကိုဖြစ်စေ ပြောကြရာ၌ ‘ဤစကားသည် ဤအကြောင်းကြောင့်လည်း မဟုတ်၊ ၌အကြောင်းကြောင့်လည်း မမှန်၊ စင်စစ်အားဖြင့် ဤအပြစ်သည် ငါတို့၌ ထင်ရှားမရှိ’ ဟု မဟုတ်သည်ကို မဟုတ်သည့်အတိုင်း သင်တို့ဖြေရှင်းရမည်။ ” (ဒီ၊ မြန်၊ ၁၊ ၁၁။)

“သင်သည် သီလမရှိ၊ သင်၏ ဆရာသည် အကျင့်မကောင်း၊ သင်သည် ဤမည်ဤမည်သော အမှုကို ပြုအပ်၏။ သင်၏ဆရာသည် ဤအမှု ဤအမှုကို ပြုအပ်၏” ဟု ဆိုအပ်သည်ရှိသော် ဆိတ်ဆိတ်နေလျက် သည်းခံအပ်၏။ စိတ်ဆိုးဒေါသ မထွက်ကြဘဲ ကဲ့ရဲစကားကို ဖြေရှင်းအပ်၏။

“သင်သည် မြည်းလိုကောင်၊ နွားလိုလူ”စသည်ဖြင့် ဆဲရေးသော ပုဂ္ဂိုလ်ကိုလျစ်လျူရှု၍ သည်းခံခြင်းကို သာပြုအပ်၏။ (ဒီ၊ ဋ္ဌ၊ ၁၊ ၅၃။)

ဗုဒ္ဓဟောခဲ့တဲ့အတိုင်း ကျွန်တော်တို့အားလုံး ကျင့်ကြံကြပါစို့ ၊

ဖိုးသူတော် (www.phothutaw.com)

Credit: မျိုးမြန်မာ

Latest Comments

Leave a Comment

Related News