Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

ဘုရားပန်းအိုးတွေ လဲတဲ့အခါ…

Image



ကြာခဲ့ပါပြီ။ နွေရာသီ မနက်ခင်းတစ်ခုတွင် ဖြစ်၏။ ထိုနေ့က အဘနှင့်ကျနော် ရွာထိပ်လက်ဖက်ရည်ဆိုင်သို့ လမ်းလျှောက်ထွက်ခဲ့၏။

ထိုစဉ် အိမ်ငှါးတန်းတစ်ခုရှေ့မှအဖြတ် “လူလေး ဟိုးမှာကြည့်စမ်း”ဟု အဘက ပြော၍ လှမ်းကြည့်ရာ အိမ်အတက်အဆင်း ပြုလုပ်ရာ ဖိနပ်ခုံတွင် ဘုရားပန်းအိုးများ တန်းစီချ၍ ပန်းအိုး လဲနေသော အမျိုးသမီးတစ်ဦးကို တွေ့ရ၏။

“အဲ့ဒီအိမ်မှာ သားသမီးရှိခဲ့ရင် မိုက်ရိုင်းတဲ့ သားသမီးမျိုး ဖြစ်လိမ့်မယ်ကွ “ဟု ပြော၏။ “နောက်ပြီး မိသားစုအချင်းချင်း စိတ်၀မ်းကွဲမှုတွေ မကြာခဏ ကြုံရတတ်တယ်” ဟုပြောရာ ကျွန်ုပ်လည်း မှတ်ထားလိုက်၏။

ဤသို့နှင့် အပြန်တွင် ထိုအိမ်ရှင်၏ သမီးဖြစ်ဟန်တူသူက “အမေတို့က ဘာနားလည်လို့လဲ လုပ်လိုက်ရင် အလွဲလွဲ အချော်ချော်နဲ့ နောက်နားမလည်ရင် ဘာမှမပြောနဲ့…” စသဖြင့် မကြား၀ံ့မနာသာ စကားမျိုးတို့ဖြင့် အမေဖြစ်သူကို ဆဲဆိုကြိမ်းမောင်းနေတော့၏။

အထက်ပါအဖြစ်အပျက်နှင့် ပတ်သက်၍  အဘယ့်ကြောင့် ထိုသို့ ဖြစ်ရသနည်းဟု အဘကို မေးမြန်းရာ အဘက

“ဘုရားပန်းဆိုတာ မြင့်မြတ်တဲ့ သဘော လူကလေးရာ။ ပန်းနဲ့ ပန်းအိုးဟာ နိမ့်ကျတဲ့ ဖိနပ်ချွတ်မှာ မထားအပ်၊ မလဲအပ်ဘူးကွ။ အဲ့ဒါ မြဲမြဲ မှတ်ထား။ မိဘဆိုတာ ဥယျာဉ်မှူးသဖွယ် တင်စားကြတယ်။ သားသမီးလေးတွေဟာ ပန်းပွင့်လေးတွေနဲ့ တူတယ်လေ။”

“ဒီတော့ ကောင်းမြတ်တဲ့ပန်းကို မကောင်းတဲ့နေရာ ဖိနပ်ချွတ်မှာ လဲပြီ ဆိုကတည်းက သားသမီး ရိုင်းမယ်လို့ အဘပြောခဲ့တာပေါ့ကွ။ နောက်တစ်ခုက ပန်းဆိုတဲ့ သဘောဟာ တစ်ပွင့်တည်း ပွင့်ခဲတယ်ကွ။ စုစည်းညီညွတ်စွာ ပွင့်ကြတယ်။ သူတို့ရဲ့လုပ်ရပ်က စိတ်၀မ်းကွဲမှုတွေ ဖြစ်တည်စေတဲ့ သဘောပေါ့ကွာ..”ဟု ရှင်းပြလေ၏။

ကျွန်တော်လည်း အသေအချာ မှတ်သားခဲ့ဖူးပါ၏။

ဤတွင် ဘုရားပန်းအိုးအား နိမ့်ကျသောနေရာတွင် လဲလှယ်ခြင်းမှ ဆင်ခြင်၍ သားကောင်းသမီးကောင်းများ ပိုင်ဆိုင်ပြီး ပျော်ရွှင်ဖွယ် မိသားစုများ ပိုင်ဆိုင်နိုင်ကြရန် ဆန္ဒပြုလိုက်ရပါ၏။

ဖိုးသူတော် (www.phothutaw.com)

Credit: ဆရာလင်းဝေအောင် (ဗေဒင်ပညာသုတေသီ)

Latest Comments

Leave a Comment

Related News