Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

ဘီယာကိုစွဲမြဲစွာသောက်သုံးနေသူတစ်ယောက်ဟာ အဘယ့်ကြောင့် ဝမ်းဗိုက်ပူလာရသလဲ

Image



အရင်ရက်က မေးထားတာလေးတွေကိုပြန်ဖြေပေးပါ့မယ်။

သူတို့မေးထားတာက ဘီယာကိုစွဲမြဲစွာသောက်သုံးနေသူတစ်ယောက်ဟာ အဘယ့်ကြောင့် ဝမ်းဗိုက်ပူလာရသလဲလို့ မေးထားကြပါတယ်။

ဟုတ်ကဲ့ပါ…ဘီယာဗိုက်ကို”(Beer Belly)လို့ ခေါ်တယ်။

ဘီယာဟာ အရက်ချက်လုပ်ပုံနှင့်မတူညီသလို ပါဝင်မှုကုန်ကြမ်း(Raw Materials)တွေလည်းကွဲပြားပါတယ်။

ဘီယာချက်လုပ်တဲ့နေရာမှာ အဓိက ကုန်ကြမ်း(၅)မျိုးရှိတယ်။

(၁)သန့်ရှင်းစင်ကြယ်သောရေ(Water)

(၂)မုယောစပါး(ခေါ်)ဘာလီစပါးစေ့အညှောင့်(Barley malt)

(၃)တဆေးနွယ်အဖူခြောက်(ခေါ်)ဗျစ်ပွင့်(Hops)

(၄)ဂျုံစပါး(wheat)

(၅)မှိုတစ်မျိုးမှရရှိသော ကစော်ဖောက်သည့် တဆေး(Yeast)တို့ ပါဝင်ပါတယ်။

ဘီယာဟာ ဗီတာမင် B (vitamins b)ရိုင်ဗိုဖလေဗင်ဓာတ်(Riboflavin)ဗီတာမင်ဘီ ကွန်ပလက် အုပ်စုဝင် ဗီတာမင်တစ်မျိုးဖြစ်သည့် နိုက်အေစင်း(niacin)ဖော့လစ်အက်ဆစ်(Folic acid)ဓာတ်များပါဝင်ပါတယ်။

ဘီယာ(၁၀၀)ဂရမ်မှာ ကယ်လိုရီ(Calories)ဓာတ် (၄၃)ရာခိုင်နှုန်းပါဝင်ပါတယ်။

ဒါ့ကြောင့် ဘီယာသောက်သုံးတာနည်းရင် ဗိုက်ပူတာ မသိသာပေမဲ့ ဘီယာသောက်သုံးမှုပမာဏ များပြားရင်တော့ ဝမ်းတွင်း ကယ်လိုရီဓာတ်အလွန်များလာပြီး ဝမ်းဗိုက်အဆီးဖုံး၍ ဘီယာဗိုက်(Beer Belly)အသွင်ဖြစ်ပေါ်လာပါလိမ့်မည်။

လေးစားစွာဖြင့်..

ဖိုးသူတော် (www.phothutaw.com)

Credit: ဘဝခါးခါး✏

Tags:
  • ,

Latest Comments

Leave a Comment