Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

ဘာလို့ အချစ်ရေး ကံမကောင်းတာလဲ ....

Image



★ အချစ်ရေး အိမ်ထောင်ရေးမှာ အကျိုးပေးမကောင်းတာဟာ

အချစ်ရေး အိမ်ထောင်ရေးနဲ့ပတ်သက်တဲ့ မကောင်းကံတွေ

အတိတ်ကပြုခဲ့ဖူးလို့ပါ။ သူတစ်ပါးရဲ့ ချစ်ခြင်းကိုခွဲတဲ့သူ

သူတစ်ပါးအိမ်ထောင်ကို ပြိုကွဲစေခဲ့တဲ့သူဟာ အချစ်ရေး

အိမ်ထောင်ရေးမှာ ဘယ်လိုနည်းနဲ့မှ အကျိုးပေးမကောင်းနိုင်ဘူး။

★ သမီးရည်စားချစ် လင်မယားချစ်တွေကို ဖြိုခွဲမှ အချစ်ကမကောင်းတာ မဟုတ်ပါဘူး။

မေတ္တာချစ် သံယောဇဉ် ချစ်တဲ့ မည်သူကိုမဆို တကွဲတပြားစီ

ေ၀းလွင့်သွားအောင်လုပ်ရင် ဖြစ်ရာဘ၀တိုင်း ကိုယ့်ချစ်တဲ့သူတွေနဲ့

ဆုံနိုင်ခွင့် မှေးမှိန်ပျောက်ကွယ်ပြီး လွမ်းဆွတ်ခွင့် တမ်းတခွင့် တွေသာ

ရှင်သန်ကြီးထွားလာနိုင်ပါတယ်။

★ အောက်ထစ်ဆုံး ငှက်ကလေး ငါးကလေးတွေ

ကြောင်ကလေးတွေ ခွေးကလေးတွေကို

သူတို့မိသားစု သူတို့အသိုက်အမြုံကနေ ခွဲခွာနှုတ်ယူပြီး မွေးမြူသိမ်းပိုက်ထားခဲ့ရင်တောင်

အဲ့ဒီအကုသိုလ်က အကျိုးပေတဲ့ဘ၀မှာ ကာယကံရှင်ကို

အချစ်ကံခေသူ အလွမ်းကေ၀သူဖြစ်အောင်

စွမ်းဆောင်ဖန်တီးနိုင်ပါတယ်။

★ အချစ်ရေး အိမ် ထောင်ရေးကို အရုပ်ဆိုး အကျည်းတန် ကြောက်စရာအကောင်းဆုံးကတော့

ကာမေသုမိစ္ဆာစာရကပါပဲ။ ကာမဂုဏ်ကိစ္စမှာ မှားမှားယွင်းယွင်း ပြုကျင့်ခဲ့တဲ့က လို့ အဓိပ္ပာယ်

ရပါတယ်။ကိုယ့်ရဲ့ ကာမပိုင်မဟုတ်သူတွေနဲ့

ကာမကိစ္စဖောက်ပြန်ရင် ကာမေသုမိစ္ဆာစာရကံ

ထိုက်ပါတယ်။ သူတစ်ပါးသားမယားနဲ့ဖောက်ပြန်ရင်တော့

“ပရဒါရကံ” ထိုက်တယ်လို့လည်းခေါ်ပါတယ်။

အတိ်တ်ဘ၀တွေက ကာမကိစ္စ ဖောက်ပြန်ခဲ့တဲ့ သူဟာ ကာမကိစ္စတစ်စိတ်တစ်ပိုင်းပါ၀င်တဲ့

အချစ်ရေး အိမ်ထောင်ရေးတွေမှာ ကံဆိုးတတ်ပါတယ်။ကိုယ့်ရဲ့အိမ်ထောင်ဘက်က

ကိုယ့်အပေါ် သစ္စာမဲ့တာဟာ ကိုယ့်ရဲ့အတိတ်က သစ္စာမဲ့ကံ

ကကိုယ့်ကို အကျိုးပေးတာပါပဲ။

★ ကိုယ့်ရဲ့နှလုံးသားလမ်းကြောင်းမှာ ခံနေတဲ့ကျွန်းဟာ ကိုယ်ကိုယ်တိုင်ဖွဲ့စည်းတည်ဆောက်တည်ခဲ့တဲ့ကျွန်းပါ။

ဘယ်သူမပြုမိမိမှုပေါ့နော်။ “နှလုံးသားလမ်းကြောင်းမှာကျွန်းခံနေတယ်”လို့

ဟစ်အော်ကြွေးကြော်တာဟာ “အတိတ်ဘ၀က အချစ်ရေး အိမ်ထောင်ရေးတွေမှာသစ္စာယွင်းပျက်ခဲ့ပါတယ်

ကိုယ်ကျင့်ဖောက်ပြန်ခဲ့ပါတယ်လို့” ထုတ်ဖော်၀န်ခံနေတာပဲ။

ဖိုးသူတော် (www.phothutaw.com)

Credit: {အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)}

Latest Comments

Leave a Comment

Related News