Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

ဘဝလက်တွဲဖော်အဖြစ် ယောက်ျားလေးတွေလက်တွဲချင်တဲ့ မိန်းကလေး

Image



ကျွန်တော်တို့ပတ်ဝန်းကျင်မှာ မိန်းကလေးတွေက ဘယ်လိုယောက်ျားလေးကိုသဘောကျတာ၊ ဘယ်လိုနေ တဲ့ယောက်ျားလေးတွေဆိုရင်မိန်းကလေးတွေကြွေတာ အဲဒီလိုစကားတွေပဲကြားနေရတယ်။ အံမာ ဒီမှာအမိတို့ ကျုပ်တို့အမျိုးသားတွေလည်း ဘယ်လိုအမျိုးသမီးလေးတွေဆိုသဘောကျတာ၊ ဘယ်လိုမိန်းကလေးတွေဆို ဘဝလက်တွဲဖော်အဖြစ်အနားမှာ တစ်ဖဝါးမခွာခေါ်ထားချင်တာဆိုတာလည်း ပြောပါရစေဦး။ ကျုပ်တို့အမျိုး သားတွေရဲ့အချစ်ကို လိုချင်ရင်၊ အလိုလိုက်တာ၊ ဂရုစိုက်တာခံချင်ရင် ဒီလိုပုံစံမျိုးတွေနဲ့ကိုက်ညီဖို့တော့လိုတယ်နော်။

နားထောင်တတ်တဲ့မိန်းကလေး

ယောက်ျားလေးတွေက ဘယ်ကိစ္စမဆို ရှေ့ကနေဦးဆောင်ရတဲ့အတွက် တခါတလေသူတို့ရဲ့ခံစားချက်၊ အခက် အခဲတွေကို ဘေးဖယ်ထားရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တခြားသူရဲ့ကိစ္စကိုနားထောင်ပေးနေရလို့ပါ။ ဒါပေမဲ့ သူတို့လည်း တခါတလေ သူတို့ရဲ့ခံစားချက်တွေ၊ ပြဿနာတွေကိုရင်ဖွင့်ချင်ကြတယ်။ သူတို့ရဲ့ခံစားချက်ကို ရှေ့တန်းတင်ပြီး တစ်ဖက်လူက ဂရုတစိုက်နားထောင်ပေးတာကိုလိုချင်ကြတယ်။ အဲဒီအတွက် သူတို့စကားကို အာရုံစိုက်ပြီးနားထောင်ပေးမယ့်လူမျိုးကိုရှာပါတယ်။ သူတို့ပြောတဲ့ စကားကို အာရုံစိုက်နားထောင်ပြီး ပြောတဲ့ အကြောင်းအရာအပေါ်မှာ ဆိုးသည်၊ ကောင်းသည်မဆုံးဖြတ်ပေးနိုင်ပေမယ့် ထင်မြင်ယူဆချက်တို့၊ အကြံဉာဏ် တို့ပေးနိုင်တဲ့မိန်းကလေးမျိုးကို ဘဝလက်တွဲဖော်အဖြစ်ရွေးချယ်လေ့ရှိကြပါတယ်။

အဲဒါကြောင့် တချို့ယောက်ျားလေးတွေ သူတို့ရွေးလိုက်တဲ့မိန်းကလေးက သိပ်ချောလှနေတာမဟုတ်ပေမယ့် အရမ်းချစ်ကြပြီး လက်မလွှတ်နိုင်ဖြစ်နေတာ သူတို့ခံစားချက်နဲ့ပတ်သက်ရင် လွတ်လွတ်လပ်လပ်ပွင့်ပွင့် လင်းလင်းဆွေးနွေးပေးနိုင်တဲ့မိန်းကလေးဖြစ်လို့ပါပဲ။

ပုဂ္ဂလိကလွတ်လပ်ခွင့်ကိုလေးစားတဲ့မိန်းကလေး

ယောက်ျားလေးတွေက တခြားလူကိုသာချုပ်ချယ်ချင်ချုပ်ချယ်မယ်၊ သူတို့ကိုချုပ်ချယ်တာမျိုးတော့သဘောမကျပါဘူး။ သူတို့မှာအပေါင်း အသင်းကဏ္ဍရှိတယ်၊ လူမှုရေးဆိုတာရှိတယ်၊ လုပ်ငန်းသဘောအရတွေ့ ဆုံရတာရှိတယ် စသဖြင့်သူတို့မှာ ကိစ္စတွေများပါတယ်။ ဒီလိုအခြေအနေ တွေကို နားလည်ပေးနိုင်တဲ့မိန်းကလေးမျိုး၊ နောက်တစ်ခုက တစ်ယောက် နဲ့တစ်ယောက် ကိုယ်ပိုင်လွတ်လပ်ခွင့်တွေကို အပြန်အလှန်လေးစားမှုရှိတဲ့ မိန်းကလေးမျိုးကိုသဘော ကျလေ့ရှိပါတယ်။

ကိုယ်ပိုင်ဟန်၊ကိုယ်ပိုင်ပုံစံရှိတဲ့မိန်းကလေး

စကားပြောရင် ဟန်ဆောင်မှုကင်းပြီးပွင့်ပွင့်လင်းလင်းပြောတဲ့မိန်းကလေးတွေရှိသလို၊ ဖက်ရှင်နဲ့ပတ်သက်ရင် ဝင့်ဝင့်ကြွားကြွားရှိနေတတ်တဲ့မိန်းကလေးတွေလည်းရှိပါတယ်။ အလုပ်နဲ့ ပတ်သက်ရင် စည်းကမ်းကြီးတာ ဒါမှမဟုတ် ပေးထားပြီးသား ကတိကိုတည်အောင်ကြိုးစားတာ စသဖြင့် Personalityနဲ့ပတ်သက်ပြီး တစ်ခုခုပေါ့၊ ကိုယ်ပိုင်ပုံစံရှိ တဲ့မိန်းကလေးတွေကိုသဘောကျလေ့ရှိကြတယ်။ ယောက်ျားလေးတွေအနေနဲ့ အဲ့ဒီလိုပုံစံမျိုးထဲက မိန်းကလေးနဲ့ချစ်သူတော်ထားရတယ်ဆိုရင်လည်း သူငယ်ချင်းအပေါင်းအသင်းတွေကြား၊ မိသားစုဝင်တွေကြားမှာ ကျွန်တော့်ကောင်မလေးက စကားပြောရင်ပြတ်ရင် ဒါမှမဟုတ် သူကအမြဲတမ်းကတိတည်တယ် စသဖြင့် ဂုဏ်ယူပြီး ထုတ်ပြောတတ်ကြပါတယ်။

ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိတဲ့မိန်းကလေးမျိုး

အခုခေတ်က မိန်းကလေးတွေလည်း အရင်လိုမသွားရဲမလာရဲ၊ မပြောရဲမဆိုရဲနဲ့ အိမ်တွင်းမပုန်းကြတော့ပါဘူး။ ဒါပေမဲ့ ဘယ်နေရာမဆို ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိရှိနဲ့ရပ်တည်တာ၊ ဆုံးဖြတ်ချက်ချတာမျိုးလုပ်နိုင်တဲ့မိန်းကလေး မျိုးကိုတော့ယောက်ျားလေးတွေသဘောကျလေ့ရှိပါတယ်။ကိုယ့်ကိုယ်ကိုယ်ဘဝမြင့်ပြီးစိတ်ကြီးဝင်နေတာမျိုးတော့မဟုတ်ဘူးပေါ့။ ဒါ့အပြင် အခုခေတ်က ကျားရော၊ မ ရော လူ့အဖွဲ့အစည်းမှာ ရင်ဘောင်းတန်းပြီးရပ်တည်ကြ ရ တာဖြစ်တဲ့အတွက် သိပ်ပြီးတုံးလွန်း၊ အ လွန်းတဲ့မိန်းကလေးဖြစ်နေပြန်ရင်လည်း အဆင်မပြေပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အောင်မြင်နေတဲ့ယောက်ျားတွေရဲ့နောက်ကွယ်မှာ၊ အစစအရာရာကူညီပံ့ပိုးပေးနိုင်တဲ့မိန်းမတွေ ရှိနေ ကြတာကိုး။

ယောက်ျားလေးတွေဆိုတာကလည်း အဲဒီလို သူတို့အတွက် ကူဖော်လောင်ဖက်ရတဲ့မိန်းကလေး မျိုးကိုပဲလို ချင်ကြတာခင်ဗျ။

အခုဖော်ပြခဲ့တဲ့အချက်တွေကတော့ သိပ်ပြီး ဇီဇာမကြောင်တဲ့အမျိုးသားတွေအတွက် နည်းနည်းလေးလော ဘကြီးမိ တဲ့အချက်တွေပါပဲ။ အင်မတန်မှ ချေးများပြီး ဇီဇာကြောင် လွန်းတဲ့ ပုရိသအမျိုးသားတွေဆိုရင်တော့ ဒီထက်မကတဲ့ အရည်အချင်းတွေလိုချင်ကောင်းလိုချင်ကြမှာပါ။ ဒါပေမဲ့ အခုဖော်ပြခဲ့သလောက်အချက်တွေကတော့ ယောက်ျားလေးတွေ လိုချင်တဲ့ မိန်းကလေး တစ်ယောက်ရဲ့အရည်အချင်းက လုံလောက်ပါတယ်ခင်ဗျာ။

ဖိုးသူတော် (www.phothutaw.com)

Credit: myanmaplatform

#

Latest Comments

Leave a Comment

Related News