Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

ဘယ်သီချင်းအဆိုပြိုင်ပွဲမှာမှ ကျနော့်သီချင်း မသုံးကြပါနဲ့လို့ဆိုလိုက်တဲ့ ဆောင်းဦးလှိုုင်

Image



တေးသီချင်းကောင်း မြောက်များစွာမွေးထုတ်ခဲ့တဲ့အပြင် ကိုယ်တိုင်လည်း အောင်မြင်တဲ့ တေးသီချင်းများစွာကို သီဆိုခဲ့တဲ့ ဆောင်းဦးလှိုင်က သူ့သီချင်းတွေကို အဆိုပြိုင်ပွဲတွေမှာ လုံးဝ အသုံးမပြုဖို့ ပြောဆိုလိုက်ပါတယ်။  အကြောင်းရင်းကတော့ သူ့အနေနဲ့ ဒိုင်တချို့ Coach တချို့က အခြေခံဂီတပညာကြေညက်ခြင်းမရှိဘဲ ပြိုင်ပွဲဝင် တွေကိုဆရာလုပ်တာ ကျင့်ဝတ်နဲ့မညီဖူးထင်လို့ပဲ ဖြစ်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ ရေပန်းစားနေတဲ့ The Voice Myanmar ပြိုင်ပွဲကနေ သူ့သီချင်းကို ဆိုခွင့်တောင်းခဲ့ရာမှာ သူက အခုလို ထုတ်ပြောလိုက်တာပါ။

“ပြီးခဲ့တဲ့ ၂ ရက်လောက်က channel တစ်ခုရဲ့ဝန်ထမ်းကဆက်သွယ်ပြီး အဆိုပြိုင်ပွဲသီချင်းသုံးခွင့်တောင်းလာတယ်။သူနဲ့မရတော့ ကျားပေါက်ကဆက်သွယ်လာတယ်။ကျားပေါက်က ကျနော့်အခြေအနေကိုမသိဘဲ ကျနော်ရေး Zaw W Htut ဆိုတဲ့သီချင်းကိုသုံးထားတယ်။ကျားပေါက်တို့က အရည်အချင်းရှိတဲ့ဒိုင်ဖြစ်သင့်တဲ့လူတွေပါ။ကျားပေါက်ကဒီနှစ်မှဒိုင်လုပ်တာ၊ကျနော့်သီချင်းတွေပေးမသုံးတာမသိရှာ။

ကျားပေါက်ထက် သူ့အဖေကိုရင်ဂိုဟာ ကျနော်ချစ်ခင်တဲ့မိတ်ဆွေကြီးတစ်ဦး။ဒီတော့ကျနော်ခွင့်ပြုလိုက်ရတယ်။

အခမဲ့ခွင့်ပြုလိုက်တယ်။Channel ဝန်ထမ်းကပြောပြတယ်။သီချင်းရေးဆရာအတော်များများဟာ တစ်ပုဒ်ကို ငွေကျပ်သုံးသောင်းခွဲ (၃၅၀၀၀)နဲ့ သီချင်းတွေပေးသုံးကြတာတဲ့။ကျနော်ပြောလိုက်တယ်။အဲဒါ ရေးသူ၊တီးသူ၊ဆိုသူ၊ဖန်တီးသူ အားလုံးကိုစော်ကားတာ၊ တခြားတေးရေးတွေလည်းဒါကိုအရမ်းကျေနပ်နေမယ်ကျနော်မထင်ဖူး၊အခြေအနေတစ်ခုကြောင့်ဖြစ်လိမ့်မယ်လို့။ဒါ့ကြောင့် သုံးသောင်းခွဲမပေးနဲ့အလကားသာယူ ဆိုတော့ လာယူသွားကြတယ်” ဆိုပြီး သူက သူ့အကောင့်မှာ တင်ထားခဲ့ပါတယ်။

လက်ရှိ အချိန်မှာဆိုရင်တော့ သီချင်းဆို ပြိုင်ပွဲတွေက မျိုးစုံ ကျင်းပနေတာ ဖြစ်ပြီး အောင်မြင်ပြီးသား တေးသီချင်းတွေကို ပုံစံပြောင်းသီဆိုနေတာတွေလည်း အမြဲ တွေ့နေရတာပါ။ အဲ့လို သီဆိုမှုအတွက် တေးရေးဆရာတွေကို တစ်ပုဒ်ကို သုံးသောင်းခွဲနှုန်းနဲ့ သတ်မှတ်ပြီး ပေးချေနေတာ ဖြစ်ပါတယ်။

အဲ့လို ပေးချေမှုအပေါ် ဆောင်းဦးလှိုင်ကတော့ ခံယူချက်ကြောင့်ပေးမသုံးတာငွေသုံးသောင်းခွဲပေးဖို့လာကြိုးစားနေတယ် ဆိုပြီး ဝေဖန်ထားပါတယ်။ ဒါ့ပြင် မည်သည့် အဆိုပြိုင်ပွဲမှာမှ သူ့သီချင်းတွေ အသုံးမပြုဖို့ကိုလည်း ပြင်းပြင်းထန်ထန် တားမြစ်လိုက်တာပါ။ အနုပညာသမားတွေဟာ အနှိမ်ခံ ငွေနောက်လိုက် ခံယူချက်မရှိတဲ့လူစားတွေမဟုတ်ဘူး လို့လည်း သူက ခိုင်ခိုင်မာမာပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

ကိုယ်ရေးတဲ့ သီချင်းတွေအပေါ် တန်ဖိုးထားစိတ်အပြည့်ရှိပြီး အနုပညာမာန အပြည့်ရှိတဲ့ ဆောင်းဦးလှိုင်က သူအခုလို ရေးသားလိုက်တာကို မျှဝေပေးကြဖို့လည်း တောင်းဆိုလိုက်ပါတယ်။ ကဲ.ပြောချင်လွန်းလို့ စာဖတ်သူတွေလည်း ဒါလေး ဖတ်ပြီး ရှဲပေးကြပါဦးနော်။

Source- Saung Oo Hlaing

ဖိုးသူတော် (www.phothutaw.com)

Credit: Hlataw

Latest Comments

Leave a Comment

Related News