Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

ဗြိတိန်မှာ လူကြိုက်အများဆုံးဖြစ်နေတဲ့ တေလာဆွဖ်ရဲ့ သီချင်းသစ် ...!

Image



အဆိုတော်တေ လာဆွဖ်၏ နောက်ဆုံးထွက်ရှိလာသော သီချင်းသစ်သည် ဗြိတိန်၏ လူကြိုက်အများဆုံးသီချင်းစာရင်း တွင် ထိပ်ဆုံးမှ ရပ်တည်နေသည်။

အသက်(၂၇)နှစ်အရွယ် တေလာဆွဖ်သည် ‘Look What You Made Me Do’ သီချင်းကို ဩဂုတ် ၂၄ ရက်က စတင်ဖြန့်ချိ သည်။

ထို့အပြင် ၎င်း၏ခြောက်ခု မြောက်အယ်လ်ဘမ် ‘Reputation’ ကိုလည်း နို၀င်ဘာတွင် ထုတ်ေ၀မည်ဖြစ်သည်။

‘Look What You Made Me Do’ သီချင်းသည် ထွက်ရှိပြီး မကြာမီ ယူကျုဘ်တွင် ကြည့်ရှုမှု နှုန်းတစ်ရှိန်ထိုးမြင့်တက်ပြီး ပရိသတ်များအကြား အလွန်ရေပန်းစား နေသည်။

အဆိုပါ လူကြိုက်အများဆုံး သီချင်းစာရင်းတွင် ဂျူလီပါ၏ ‘New Rules’ သီချင်းက ဒုတိယ နေရာတွင်လည်းကောင်း၊ ပင့်ခ် ၏ ‘What About Us’ သီချင်းက တတိယနေရာတွင်လည်းကောင်း အသီးသီးရပ်တည်နေသည်။

Ref : BBC

ဖိုးသူတော် (www.phothutaw.com)

Credit: 7Day Daily

Latest Comments

Leave a Comment

Related News