Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

ဗုဒ္ဓဘာသာ၀င်နှင့် ဆုတောင်းခြင်း အလေ့အထ

Image



ဆုတောင်းတယ်ဆိုတာ ဗုဒ္ဓဘာသာမှာလည်း တော်တော်လေး တွင်ကျယ်တဲ့ ဓလေ့ တစ်ခု ဖြစ်ပါတယ်။

သို့ပေမဲ့ ဆုတောင်းတဲ့အခါမှာ ဗုဒ္ဓဘာသာဝင်တို့ ဘယ်လိုစိတ်ထားရမယ်ဆိုတာ သေချာ မသိသူတွေများပါ

တယ်။

လောဘနဲ့ဆုတောင်းခြင်းကတော့ တော်တော်တွင်ကျယ်ပါတယ်။ ယင်းလောဘနဲ့ဆုတောင်းခြင်းကြောင့်

လည်း နတ်ကိုးကွယ်တဲ့ ယဉ်ကျေးမှု ဖြစ်တည်လာခြင်း ဖြစ်ပါတယ်။ ကြောက်စိတ်ကြောင့်ဆုတောင်းခြင်း

လည်း ပါပါတယ်။

ဗုဒ္ဓဘာသာဝင်တို့ဆုတောင်းတယ်ဆိုတာ ကုသိုလ်အလုပ် ကောင်းကျိုးအလုပ်တွေလုပ် ရာမှာ အန္တရယ်အ

နှောင့်အယှက်ကင်းစေဖို့နဲ့ ပိုမိုကောင်းမွန်လာစေဖို့ ဖြစ်ပါတယ်။ အခြား ရည်ရွယ်ချက်လည်း ရှိပါသေး

တယ်။ အသေးစိတ်ရှင်းလင်းပါ့မယ်။

ဥပမာ- ညတိုင်းသြကာသကန့်တော့ကျိုးရှိခိုးတဲ့အခါမှ ဤသို့ ကန်တော့ရသော အကျိုး အားကြောင့် အပါယ်

လေးပါး နဲ့စပြီး----------------- နိဗ္ဗာန်ချမ်းသာ တရားတော်မြတ်ကို ရပါလို၏ အရှင်ဘုရား နဲ့ အဆုံးသတ်

တဲ့ ဆုတောင်းကန်တော့ကျိုးလေးဖြစ်ပါတယ်။

ရည်ရွယ်ချက်ကတော့ နိဗ္ဗာန်မရောက်သေးသဖြင့် ကြိုးစားပွားများ ကျင့်ကြံနေ ပါသေးသောကြောင့် ဘေး

အန္တရာယ် အခက်အခဲများ မတွေ့ပါစေလို ဘုရား လို့ အဓိပ္ပါယ်ရ ပါတယ်။ ဒါကို မသိတဲ့သူတွေက နိဗ္ဗာန်စု

သက်သက်တောင်းတယ်၊ ဘေးအန္တရာယ် မကြုံအောင် သက်သက်တောင်းတယ်လို့ ထင်ကြပါတယ်။

အခြားခြားသော ဘုရှားရှိခိုး ဆုတောင်းအမျိုးမျိုးလည်း ထိုနည်းတူစွာပါပဲ အလှူပွဲ တစ်ခုလုပ်ပြီး အမျှဝေတဲ့

အခါမှာ လူဖြစ်လျှင်လည်း လူချမ်းသာ နတ်ဖြစ်လျှင်လည်း နတ်ချမ်းသာဆိုတာက နိဗ္ဗာန်မရောက်နိုင်သေး

လျှင်တောင် ဒုက္ခနည်းပြီး တရားကျင့်ကြံရန် အခွင့်ရေး ရှိသော ထိုလူ၊နတ် စသည်ဘုံတို့တွင် ချမ်းချမ်းသာ

သာရှိပါစေ ဆိုတာမျိုး ဖြစ်ပါတယ်။

ဒါကို နားမလည်တဲ့သူတို့ကလည်း နိဗ္ဗာန်ဆုတောင်းတယ်။ အပိုဆုတောင်းတဲ့ အနေနဲ့ လူချမ်းသာ နတ်ချမ်း

သာ ကိုတောင် ထပ်တောင်းတယ်လို့ အထင်မြင်မှားစရာ ရှိပါတယ်။

ဒါဆို နိဗ္ဗာန်ဆုတောင်းခြင်း ကရော မြတ်စွာဘုရားမှ ဖြည့် ဆည်းပေးနိုင်ပါသလား။ ပြီးတော့ ဘေးအန္တရာယ်

မတွေ့ပါစေနဲ့လို့ ဆုတောင်းတာကော ဘုရားက ဖြည့်ဆည်းပေးနိုင်လား။

မဖြည့်ဆည်းပေးနိုင်ပါ။ လူ့ဘဝ လူဖန်တီးသည်။ ပြုပြင်ယူမရပါ။ ဒါဆို ဘာလို့ ဆုတောင်းကြလဲ။

မိမိတို့၏ ဆုတောင်းမှုကို မြတ်စွာဘုရားမှ မဖြည့်ဆည်းပေးနိုင်သော်လည်း နတ်ကောင်းနတ်မြတ်များက

ဖန်တီး ဖြည့်ဆည်းပေးပါတယ်။ ဘာကြောင့်လဲ။

နတ်တို့သည်လည်း ၃၁ ဘုံသားဖြစ်တဲ့အတွက် သံသရာမှာ ရှိနေပါသေးတယ်။ ကုသိုလ်အလုပ်လုပ်တဲ့သူ

တွေကို အားပေးထောက်ပံ့မှုဟာ ကုသိုလ်ရတဲ့အလုပ်မို့ နိဗ္ဗာန်ရောက်လိုတဲ့ နတ်သကြားတို့လည်း ကု

သိုလ်လုပ်ပါတယ်။ ဒါကတော့ ဆုတောင်းတဲ့ ကုသိုလ်ပြုသူတွေကို ကူညီမ,စ ပေးမှု ဖြစ်ပါတယ်။

အဲလိုမ,စ နိုင်လားဆိုတော့ ယင်းကဲ့သို့ အကျိုးပြုစရာ ကံရှိနေလျှင် / ရှိနေသေးလျှင် ဖြစ်ပေါ်လာရန် စောင်

ကြဉ်းပေးသည်။ ဥပမာ- မကောင်းသည့် အန္တရာယ်များကြုံခါနီးတွင် လွတ်သွားခြင်း ကောင်းရန်အကြောင်း

ဖန်လာခြင်း တို့ ဖြစ်ပါတယ်။ နတ်တို့၏ ကယ်တင်စောင့်မ ခြင်းဖြစ်ပါတယ်။ လွတ်ဖို့ကံပါလို့ လွတ်တာလဲ

ဖြစ်ပါတယ်။

ဒါဆို ဆုတောင်းတာဟာ လုပ်သင့်တဲ့အလုပ်ဖြစ်ပါတယ်လို့ ဆိုလို့ရပါတယ်။ အဘယ်ကြောင့် ဆိုသော် မိမိ

တွင် ဖြစ်ပေါ်လာရန် ခက်ခဲနေသော ကုသိုလ်ကံအကျိုးကို ပေးစွမ်းပြီး ဖြစ်ပေါ် လာနိုင်သည့် အကုသိုလ်ကံ

ကို ပျောက် /လျော့နည်းစေသည်။

သို့ပေမဲ့ လောဘ နဲ့ ဆုတောင်းရင်တော့ အကုသိုလ်ပင် ထပ်ဖြစ်အုံးမည်။

ပြီးတော့ ကုသိုလ်အမှုတစ်ခုခု ပြုပြီးမှ ဆုတောင်းရပါတယ်။ ဂါထာအမျိုးမျိုးလည်း ထိုနည်းတူစွာပါဘဲ။ လော

ဘစိတ်နဲ့ ရွတ်ဖတ်ပြီး ဆုတောင်းရင်တော့ မှားယွင်းနေအုံးမှာ ဖြစ်ပါတယ်။

မှန်ကန်သော ကုသိုလ်ကိုပြုကြပြီး မှန်ကန်သော ဆုတောင်းနည်းနဲ့ ဆုတောင်းနိုင်ကြပါစေ။

သင်ကြားလေ့လာမိသော အဘိဓမ္မာကျမ်းမှ မှတ်သား ပြန်လည် ရေးသား မျှဝေ သည်။

ဖိုးသူတော် (www.phothutaw.com)

Credit: အောင်ခမ်း ( ရိုးရာလေး )

Latest Comments

Leave a Comment

Related News