Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

ဗုဒ္ဓဘာသာဝင်မှန်လျှင် ပုတီးစိပ်ရမည်လော

Image



ယနေ ့ခေတ်အခါတွင် သာသနာတော်မြတ်သည် "ပရိယတ္တိ" ရော "ပဋိပတ္တိ" ပါ ဘက်စုံ

တိုးတက်ဖွံ့ဖြိုးလျက် ရှိပါ၏ ။ ပရိယတ္တိဝန်ဆောင် သံဃာတော်အရှင်သူမြတ်များက

ပရိယတ္တိတာဝန်ကို ရွပ်ရွပ်ချွံချွံ ဆောင်နေသကဲ့သို့ ပဋိပတ္တိဝန်ဆောင်

အရှင်မြတ်များကလည်း ဝိပဿနာစခန်း ဖွင့်လှစ်ပြီး ယောဂီတို့အား တရားပြ

ပို့ချလျက်ရှိပါ၏ ။ ဘာသာရေးစာပေများကို မြတ်နိုးတနာ လေ့လာဖတ်ရှူသူများ

ပေါများလာသကဲ့သို့ ဝိပဿနာဘာဝနာမှုကိုပြုသူများလည်း များပြားလှပါ၏။ ထေရဝါဒ

ပိဋကတ်တော်များတွင် ဝိပဿနာရှုနည်း၊ ထိုင်နည်းများကို ဖော်ပြထားရာ

ဝိပဿနာစခန်းဝင်သူတို့သည် ဘုရားရှင်က တိုက်ရိုက် ညွှန်ကြားခဲ့သည့်အတိုင်း

လိုက်နာကျင့်ကြံကြခြင်း ဖြစ်ပါ၏။

အချို့သော စာစောင်မဂ္ဂဇင်းများတွင်

ဝိပဿနာမှုထက် 'ပုတီးစိပ်မှု' ကို  ရှေ့တန်းတင် ရေးသားထားသည်ကို ဖတ်ရှုရ၏။

ဗုဒ္ဓဘာသာဝင်မှန်လျှင် ပုတီးစိပ်ရမည်ဟူသောသဘောမျိုး ရေးသားကြ၏။ အထူးသဖြင့်

နက္ခတ၊ ဝေဒ၊ ရောင်ပြန်၊ ဂမ္ဘီရ စသော မဂ္ဂဇင်းများတွင် "ပုတီးစိပ်ခြင်း" ကို

အသားပေး ဖော်ပြတတ်ကြ၏ ။ ကောင်းပြီ။ စိပ်ပုတီးသည် ထေရဝါဒ

ပိဋိကတ်တော်များတွင် ပါဝင်ပါ၏လော။  ဘုရားရှင်က ဗုဒ္ဓဘာသာဝင်တို့အား

ပုတီးစိပ်ရန် ညွှန်ကြားခဲ့ပါ၏လော။ ဘုရားရှင် ရွှေလက်ထက်တော်က

ရဟန္တာအရှင်မြတ်များ ဗုဒ္ဓဘာသာဝင် သူတော်စင်များ၊ ပုတီးစိပ်ခဲ့ကြပါသလော။

စိပ်ပုတီး၏ အရင်းမှုလသည် အဘယ်ဘာသာနည်း။ အဘယ်အယူရှိသော လူမျိုးများက စတင်

သုံးစွဲခဲ့သနည်း။ ဤသည်နှင့်စပ်လျဉ်း၍ ကျေးဇူးတော်ရှင် ထီးချိုင့်မြို့

တည်တောဆရာတော်ဘုရားကြီး ၏ ဩဝါဒတော်ကို အလေးအနက် ဆင်ခြင်မှတ်သားအပ်ပါ၏။

- စိပ်ပုတီး၏ မှုလ -

 "ပုတီးဟာ

မှုလက ထေရဝါဒရဲ့ အသုံးမဟုတ်ဘူးကွဲ့။ ဟိန္ဒူတို့ရဲ့ အသုံးဖြစ်တယ်။

ဟိန္ဒူဝါဒထဲမှာလည်း တန္တရ၊ မန္တရ ဂိုဏ်းသားများရဲ့ အသုံးဖြစ်တယ်။ တန္တရ၊ မန္တရ

ဂိုဏ်းသားများဟာ ဂါထာမန္တန်များကို ပုတီးစိပ်ရတယ်။ ဒီနေရာမှာ 

"စိပ်ဆိုတာ"

ဇမ္ဗနပုဒ်ရင်း။ ဇပ်က ဇိပ်၊ ဇိပ်က စိပ် ဖြစ်လာတယ်။ ဇမ္ဗနဆိုတာ ပွါးများခြင်း

အနက်ကို ဟောတယ်။ ပွါးများတယ်ဆိုတာ အဖန်တလဲလဲ ရွတ်ဆိုခြင်းဖြစ်တယ်။

တန္တရ၊

မန္တရ ပုဂ္ဂိုလ်များဟာ အင်း၊ အိုင်၊ ခါးလှည့်၊ လက်ဖွဲ ့၊ မန္တန်များကို

အသုံးပြုကြတဲ့ အထက်ဂိုဏ်း၊ အောက်ဂိုဏ်း၊ ဂိုဏ်းပုဂ္ဂိုလ်များဖြစ်ကြတယ်။

သူတို့ဟာ ဆေးကို ဖျော်ပြီးတော့လည်း ဂါထာ၊ မန္တန် မန်းမှုတ်တတ်ကြတယ်။

ယုတ်စွအဆုံး လက်ခုပ်၌သော်လည်း ဂါထာမန္တန်၊ မန်းမှုတ်တတ်ကြတယ်။

သူတို့မန်းမှုတ်တဲ့ ဂါထာ၊ မန္တန်ကလည်း ခုနစ်ခေါက် မန်းရမယ်၊ အကြိမ်တစ်ထောင်

မန်းရမယ် စသောအားဖြင့် ဂါထာအရေအတွက်ကို ပိုင်းခြားထားတယ်။ ပိုင်းခြားထားတဲ့

မန္တန်အောက် ယုတ်လျော့သော်လည်းကောင်း၊ ပိုင်းခြားထားသည်ထက်

ပိုလွန်သော်လည်းကောင်း ရွတ်ဆိုခဲ့လျှင် အကျိုးမရဘူး။ ဒါကြောင့် ရှေးက

ရွတ်ပြီးသားမန္တန်များကို ချေဖျက်ပြီး အသစ်ထပ်မံ ရွတ်ဖတ်ရတယ်။ မန်းမှုတ်ရတယ်။

အဲဒါကြောင့် ဂါထာအရေအတွက် မတိုးမလျော့ရအောင် စိပ်ပုတီးနှင့် မှတ်ကြရတယ်။

အဲဒီလို မန်းမှုတ်ရာက စိပ်ပုတီးဟာ ဘာသာရေးအတွင်းဝင်ရောက်လာပြီး ရှေးဦးစွာ

ဟိန္ဒူများက စိပ်ကျတယ်။ အဲဒီနောက် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ မဟာမေဒင်စတဲ့

ဘာသာပေါင်းစုံအတွင်းဝင်ရောက်လာတယ်။ ဒါကြောင့် ပုတီးဟာ မှုလက ဗုဒ္ဓဘာသာတို့ရဲ့

အဆောင်အယောင်မဟုတ်ဘူး"

.................

- မြန်မာနိုင်ငံသို့ စိပ်ပုတီးစတင်ပေါ်ပေါက်လာပုံ -

"မြန်မာနိုင်ငံမှာ

စိပ်ပုတီးစတင်ပေါ်ပေါက်လာတဲ့ အချိန်ကတော့ ဂါထာမန္တန်စတဲ့၊ လောကီကိစ္စတွေ

အလွန်ထွန်းကားလာခဲ့တဲ့ ဒုတိယ အင်းဝခေတ်ခေါ်တဲ့ ညောင်ရမ်းခေတ်မှာ

ဖြစ်လိမ့်မယ်လို့ ယူဆရပါတယ်။ ညောင်ရမ်းမင်းတရားကြီးဟာ လောကီပညာအရာ

ထင်ရှားကျော်ကြားတော်မှုတဲ့ ဗားမဲ့ဆရာတော်ဘုရားကြီးကို ကိုးကွယ်သလို

ရမည်းသင်းမင်းကလဲ ရေနဲနတ်စက်ရောင်ဆရာတော်ကို ကိုးကွယ်ခဲ့ပါတယ်။

အဲဒီခေတ်မှာဂါထာမန္တန်တွေစတဲ့ လောကီပညာတွေ အလွန်ခေတ်စားလာတဲ့အတွက်

ဂါထာမန္တန်တွေကို ၃၇ အုပ်ရွတ်ဆိုမှု၊ အကြိမ်တစ်ထောင်ရွတ်ဆိုမှုတွေမှာ

ဗြဟ္မဏနှင့် မဟာယာနတို့ရဲ့ လုပ်ထုံးလုပ်နည်းကို အတုယူပြီး စိပ်ပုတီးကို

စတင်သုံးစွဲ လာတယ်လို့ ယူဆရပါတယ်။ "

(ဆရာကြီး ဓမ္မာစရိယဦးအေးနိုင် <ဘီအေ> )

ဖိုးသူတော် (www.phothutaw.com)

Credit: world of widsom

Latest Comments

Leave a Comment

Related News