Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

ဗိုက်သားအဆီတက်ခြင်း ကင်းေ၀စေဖို့ အဆီဓာတ် ပျော်ဝင်သွားစေနိုင်တဲ့ အစားအစာတစ်ချို့ စားပေးဖို့လိုအပ်

Image



ကိုယ့်ကိုကိုယ် အစားနည်းတယ်လို့ ထင်ရပေမယ့် အလေးချိန် တက်မြဲတက်နေပါသလား။ ဒါဆန်းတော့ မဆန်းပါဘူး။ သင်ဘယ်လို ကယ်လိုရီးမျိုးတွေ စားသုံးနေသလဲဆိုတဲ့ ကိစ္စနဲ့ပဲ သက်ဆိုင်ပါတယ်။ အလေးချိန်လျော့ကျအောင် ထိန်းသိမ်းတဲ့ လျို့ဝှက်ချက်က အထူးသဖြင့် ဝမ်းဗိုက်ပိုင်းဆိုင်ရာမှာ ခန္ဓာကိုယ် ပုံမှန်လှုပ်ရှားပေးခြင်း၊ ပုံမှန် အိပ်စက်စားသောက်ခြင်းနဲ့ မှန်ကန်တဲ့ အစားအစာရွေးချယ်စားသုံးမှုတို့နဲ့ သက်ဆိုင်ပါတယ်။

အိပ်ချိန်ကို ထိန်းသိမ်းတတ်ခြင်းက ဗိုက်သားအဆီတက်ခြင်းနဲ့ ကင်းဝေးစေနိုင်ပါတယ်။ နောက်ပြီး ပိုမိုကောင်းမွန်စွာ အိပ်စက်နိုင်ဖို့နဲ့ တစ်ချိန်တည်း အဆီပိုများကျစေဖို့ ဒီအစားအစာများ စားသုံးပေးပါ။

ငါး

အိုမီဂါ-၃ အဆီအက်ဆစ်နဲ့ အသားဓာတ် ပေါကြွယ်ဝပါတယ်။ အိုမီဂါ-၃အဆီအက်ဆစ် ချို့တဲ့သူတွေဟာ ညအချိန်မှာ ကောင်းစွာ အိပ်မရဖြစ်တတ်ပြီး ကျန်းမာရေးနဲ့ မညီညွတ်တဲ့ စားသောက်မှုများ ဖြစ်စေပါတယ်။

သစ်ကြားသီး

သစ်ကြားသီးက မက်ဂနီစီယမ်ပမာဏကို တိုးမြင့်ပေးပါတယ်။ အိုမီဂါ-၃ အဆီ အက်ဆစ်လည်း ကြွယ်ဝစွာပါတယ်။ ကောင်းမွန်စွာ အိပ်စက်စေမှာဖြစ်ပြီး နှလုံးရောဂါ၊ ကင်ဆာနဲ့ ဆီးချိုရောဂါအန္တရာယ်လျော့ကျစေမှာလည်းဖြစ်ပါတယ်။

နို့

နို့မှာ ကယ်လ်စီယမ်ဓာတ် ကြွယ်ဝစွာ ပါဝင်ပါတယ်။ ကယ်လ်စီယမ်ကြွယ်ဝစွာပါတဲ့ အစားအစာတွေ စားသုံးတဲ့ သွေးမဆုံးသေးတဲ့ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်အဆီ သိသိသာသာကျဆင်းနေကြောင်း ၂၀၁၀မှာ ပြုလုပ်ခဲ့တဲ့ သုတေသနက ဖော်ပြထားပါတယ်။ ဒီ့အပြင် အဆီအနှစ်တွေ လျော့ချရာမှာ အကူအညီဖြစ်စေကာ  ကယ်လ်စီယမ်ကြောင့် နှစ်ခြိုက်စွာ အိပ်ပျော်စေပါတယ်။

ချယ်ရီသီးများ

ချယ်ရီးသီးတွေ စားပေးပါ။ အထူးသဖြင့် ထမင်းမစားမီ တစ်နာရီကြိုစားပါ။ ဘာလို့လဲဆိုတော့ အိပ်ပျော်စေတဲ့ဟော်မုန်း(melatonin)ရဲ့ မူလအရင်းအမြစ်တစ်ခုဖြစ်လို့ပါပဲ။ နောက်ပြီး ကိုယ်အလေးချိန်ကျစေတဲ့ အင်တီအောက်ဆီဒင်း ပမာဏကြွယ်ဝပါတယ်။

ဖိုးသူတော် (www.phothutaw.com)

Credit:  healthyfoodteam

Latest Comments

Leave a Comment

Related News