Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

ဗိုက်မြန်မြန်ချပ်အောင် ဘာတွေသောက်သင့်လဲ

Image



ကိုယ်အလေးချိန် လျှော့ချဖို့  ဆုံးဖြတ် ထားသူတွေအနေ နဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေ စားရုံသာမက လေ့ကျင့်ခန်းလည်း ပုံမှန်လုပ်ပေးဖို့     လိုအပ် တယ်ဆိုတာ သိထားကြပါတယ်။ အစာစားရုံ၊ လေ့ကျင့်ခန်းလုပ်ရုံသာမက အဆီတွေကို   မြန်မြန်လောင်ကျွမ်းစေနိုင်တဲ့ သောက်စရာတွေ မှန်ကန်စွာရွေးချယ်နိုင် ဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်။

ရေခဲရေ

ရေခဲရေဟာ ခန္ဓာကိုယ်တွင်း ဇီဝဖြစ်စဉ်လုပ်ငန်းစဉ်များကို မြှင့် တင်ပေးနိုင်တာကြောင့် ကယ်လို ရီပမာဏများနေတာတွေကို ဖယ်ရှားပေးပါတယ်။ နေ့တိုင်းရေခဲ ရေအနည်းဆုံး ၁၆ အောင်စ လောက်သောက်ရင် ထူးခြားတဲ့ ရလဒ်တွေ့ရမှာပါ။

အုန်းရည်

အခြားသောဖျော်ရည်တွေ ထက် လျှပ်လိုက်ရည် (အီလက် ထရိုလိုက်)များများပါဝင်တာကြောင့် ရေဓာတ်အမြဲပြည့်ဝနေ စေပါတယ်။ အုန်းရည်ထဲကို သကြားနဲ့ အခြားအရသာတုတွေ မထည့်ဘဲ သောက်သင့်ပြီး ခန္ဓာကိုယ်တွင်းလုပ်ငန်းစဉ်တွေနဲ့ စွမ်းအင်ပြည့် ဝနေဖို့ထောက်ကူပါတယ်။

အဆီထုတ်နွားနို့

ခန္ဓာကိုယ်ထဲကအဆီတွေ မြန်မြန်ချေဖျက်ရာမှာ အကျိုးပြု တာကြောင့် အဆီထုတ်နွားနို့ ပုံမှန်သောက်ပြီး ဘာတွေထူးခြား လဲ စောင့်ကြည့်နိုင်ပါတယ်။

ဟင်းသီးဟင်းရွက်ဖျော်ရည်

ကျန်းမာရေးအတွက် ကောင်းကျိုးပြုရုံသာမက ကယ် လိုရီပမာဏများနေတာတွေကို လည်း လျှော့ချပေးနိုင်ပါတယ်။

အာဟာရဖျော်ရည်

ဈေးကွက်ထဲမှာ အသင့် ရောင်းချတဲ့ အာဟာရဖျော်ရည် တွေကတော့ ပုံမှန်အားဖြင့် ကျန်း မာရေးအတွက် အထောက်အကူ ပြုပေမယ့် ကိုယ်ရွေးချယ်သောက် တဲ့ဖျော်ရည်က သင့်လျော်မှုရှိ၊ မရှိကိုတော့ ဆရာဝန်နဲ့ တိုင်ပင် သင့်ပါတယ်။

လက်ဖက်စိမ်းနှင့်

နို့မပါလက်ဖက်ရည်

အဆီဓာတ်ကို ၄၃ ရာခိုင် နှုန်းဖယ်ရှားပေးတာကြောင့် ပိန် ပိန်ပါးပါးဖြစ်လိုသူတွေကတော့ ပုံမှန်သောက်သင့်ပါတယ်။

ဖရဲသီးဖျော်ရည်

ဗိုက်ချပ်ဖို့အတွက်ဆိုရင် သကြားမထည့်ဘဲ သဘာဝ အတိုင်းသောက်ဖို့တော့လိုပါ တယ်။ ကယ်လိုရီကိုလျော့ကျစေ ပြီး ရေဓာတ်ကိုအမြဲပြည့်ဝနေစေ ပါတယ်။ Ref: stethnews.com

ဖိုးသူတော် (www.phothutaw.com)

Credit: 7day daily

Tags:
  • ,

Latest Comments

Leave a Comment