Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

ဖြူချောလေးတွေနဲ့ လိုက်ဖက်မှုရှိတဲ့ လက်သည်းအရောင်(၁၀)မျိုး

Image



လက်သည်းအရောင်တွေကို ရွေးချယ်တဲ့အခါမှာ ကိုယ့်အသားအရေ အရောင်နဲ့ လိုက်ဖက်မှုရှိတဲ့ အရောင်ကို ရွေးချယ်တတ်ဖို့ လိုပါတယ်။ အသားဖြူတဲ့ သူတွေကလည်း အသားဖြူတဲ့ အလျောက် လိုက်ဖက်တဲ့ အရောင်ရှိ သလို၊ အသားညိုတဲ့သူကလည်း အသားအရောင်နဲ့ လိုက်ဖက်မှုရှိတာကို ရွေးချယ်သင့်ပါတယ်။ ဒီတစ်ခါမှာတော့… အသားဖြူတဲ့ကောင်မလေးတွေနဲ့ လိုက်ဖက်မှုရှိမယ့် လက်သည်းအရောင်(၁၀)မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

(၁) Nude color

အရောင်ဖျော့ဖျော့လေးနဲ့ လိုက်ဖက်မှုရှိတာကို တွေ့ရပါတယ်။ ခဲရောင်ဖျော့ဖျော့၊ မီးခိုးရောင်နဲ့ nude color လိုမျိုးက အသားဖြူတဲ့သူတွေနဲ့ ဆိုရင် အရောင်ပိုမိုပေါ်လွင်မှုရှိတာကြောင့် ရွေးချယ်သင့်တဲ့ အရောင်တစ်မျိုးပါပဲနော်။

(၂) ပုဇွန်ဆီရောင်

အခုလိုနွေရာသီမှာ အရောင်တောက်တောက်လေးတွေ ဆိုးတာက နေရောင်အောက်မှာ လက်သည်းလေးတွေက ပြောင်ပြောင်လက်လက် ကလေးနဲ့ တစ်မျိုး ဆွဲဆောင်မှုရှိပါတယ်။ အသားဖြူတဲ့သူတွေက လိမ္မော်ရောင်နဲ့ လိမ္မော်ရောင်ဘက်သမ်းတဲ့ ပုဇွန်ဆီရောင်နဲ့လည်း လိုက်ဖက်မှုရှိပါတယ်။

(၃) သန္တာရောင်

လူအများစုနဲ့ လိုက်ဖက်မှုမရှိလို့ သိပ်မဆိုးဖြစ်ကြတဲ့ သန္တာရောင်က အသားဖြူတဲ့သူတွေနဲ့တော့ လိုက်ဖက်မှုရှိနေ ပါတယ်။ သန္တာရောင်ကိုမှ ပန်းနုရောင်လေးသမ်းနေတာမျိုးက အသားဖြူတဲ့သူ အသက်အရွယ်မရွေး ဆိုးလို့ အဆင်ပြေတဲ့ အရောင်တစ်မျိုးပါပဲ။

(၄) အနီရောင်

ညဘက်ပါတီပွဲ၊ သူငယ်ချင်းတွေနဲ့ နိုက်အောက်ထွက်တဲ့အခါမျိုးမှာ အနီရောင်တောက်တောက်ကို ဆိုးလိုက်ပါ။ ရဲရင့်သွက်လက်တဲ့ ကောင်မလေးတစ်ယောက်အသွင် ဖြစ်သွားပြီး တကယ့်ကို ဆွဲဆောင်မှု ရှိလှပါတယ်။

(၅) လာဗင်ဒါအရောင်

လာဗင်ဒါအရောင်ဖြစ်တဲ့ ခရမ်းဖျော့ရောင်လေးကလည်း အသားဖြူတဲ့သူတွေနဲ့ တစ်မျိုး ကြည့်ကောင်းနေပြန် ပါတယ်။ အရောင်ဖျော့လွန်းတာကြောင့် အရောင်သိပ်မပေါ်လွင်ဘူး လို့ ထင်ရပေမယ့် အသားအရောင်နဲ့ ထင်ဟပ်သွားပြီး ဆွဲဆောင်မှုရှိတဲ့ ကာလာတစ်မျိုးပါပဲ။

(၆) ပန်းဆီရောင်

ပန်းရောင်အုပ်စုထဲမှာမှ ပန်းဆီရောင်ပြောင်ပြောင် လက်လက်လေးကို ရွေးချယ်နိုင်ပါတယ်။ ပန်းဆီရောင်က လူကြီး၊ လူငယ်မရွေး လိုက်ဖက်တဲ့အရောင်ဖြစ်တာကြောင့် အသားဖြူတဲ့သူတိုင်း အတွက် အဆင်ပြေပါတယ်။

(၇) ပန်းနုရောင်

အရောင်ငြိမ်တဲ့ဘက်ကို သွားချင်တယ်ဆိုရင်တော့ ပန်းနုရောင်ကို ရွေးချယ်လိုက်ပါ။ ပန်းနုရောင်က မိန်းကလေးဆန်ပြီး ချစ်စရာကောင်းတဲ့ အသွင်ဆောင်လို့ ချစ်သူနဲ့ ဒိတ်လုပ်တဲ့အခါ ကိုယ့်ရဲ့ လက်သည်းလေး တွေကို ပန်းနုရောင်နဲ့ အလှဆင်လိုက်ပါ။

(၈) ကြက်သွေးရောင်

Dark Shades လိုမျိုး ခပ်မှောင်မှောင်အရောင်တွေကို ကြိုက်နှစ်သက်တယ် ဆိုရင်တော့ ကြက်သွေးရောင်ပုပ်ပုပ်ကို ရွေးချယ်လိုက်ပါ။ ဆွဲဆောင်မှုရှိစေပြီး ညဘက်ရှိုးပွဲ၊ ဒင်နာပါတီပွဲတွေနဲ့ လိုက်ဖက်မှုရှိစေမှာပါ။

(၉) ခဲရောင်

ခဲရောင်ကလည်း အသားအရောင်ရွေးတဲ့ ကာလာဖြစ်တာကြောင့် တွေ့ရခဲတဲ့ အရောင်တစ်မျိုးပါပဲ။ ဒါပေမယ့် အသားဖြူတဲ့သူတွေကတော့ ခဲရောင်ကို စိတ်ကြိုက်ရွေးချယ်နိုင်ပါတယ်။ ခဲရောင်ကလည်း ဆွဲဆောင်မှုှရှိတဲ့ အရောင်တစ်မျိုးပါပဲ။

(၁၀) ဝိုင်နီရောင်

အနီရောင်အုပ်စုထဲက အရောင်တစ်မျိုးဖြစ်တဲ့ ဝိုုင်နီရောင်ကလည်း အသားဖြူတဲ့သူတွေ ရွေးချယ်သင့်တဲ့ ကာလာပါပဲ။ ရဲရင့်ထက်မြတ်တဲ့ မိန်းကလေးတစ်ယောက်အသွင် ဆွဲဆောင်မှု ရှိချင်တယ် ဆိုရင်တော့ ဝိုင်နီရောင်ကို ရွေးချယ်လိုက်ပါ။

ဖိုးသူတော် (www.phothutaw.com)

Credit: myanmaplatform

#

Tags:

Latest Comments

Leave a Comment

Related News