Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

ဖေ့စ်ဘုတ် ရဲ့ ရာသက်ပန်အကောင့်ပိတ်တာမခံချင်ရင် ဒါတွေလုပ်ထားပါ

Image



Facebook ရဲ့ ရာသက်ပန် Disabled ကျနော့် မယ် ၂၀၁၀ ခုနှစ်လောက်ထဲကသုံးတဲ့ အကောင့် ၂ ခု ရှိတယ်တစ်ခုကတော့ 2016 လောက်မှာဝင်လို့ ကြည့်လို့ပဲ ရပြီး ဘာမှ လုပ်ခွင့်မရတဲ့Lock ကျသွားခဲ့တယ် သက်တမ်းပြည့်မယ့်ရက်က

၄၅ နှစ်ပါတဲ့….

၄၅ နှစ် စောင့်မယ် ဆိုပါသော်လဲ အဲ့ဒီ အကောင့် ဟာတစ်နှစ်ပြည့်တော့ ရာသက်ပန် Disabled ဖြစ်ပြီးFacebook ကနေ ပျောက်ကွယ်သွားပါတော့တယ်…

ဒီလိုနဲ့ နောက် တစ်ခုကိုတော့ 2017 မှာ စွန့်လွှတ်လိုက်ရပါတယ်အာ့တာတွေက ဘာဖြစ်လို့လဲ ဆိုတော့MTV နဲ့ Youtube က Video အတိုအစလေးတွေကိုမြန်မာဘာသာပြန်ပြီး တင်မိလို့ပါပဲ…

သူတို့မှာ Copy Right Law ရှိပါတယ်…ဘယ်သူမှ Report တင်စရာမလိုပဲ Auto မိပြီးကိုကျပါတယ် အချိန် နှေးတာနဲ့ မြန်တာပဲ ရှိပါမယ်စတင်ပြီဆိုကတည်းက သတိပေးပါတယ်

သင့် Video ကို တင်ခွင့်မပေးပါဘူး လို့ဆိုပြီး Noti မှာ ပေါ်လာပါတယ်ဒါကိုမှ ဆက်လုပ်ချင်တယ်ဆိုလဲနာမည် ဖုန်းနံပါတ် နဲ့ ရေးပြီး Approve လုပ်ပေးပါတယ်Facebook က ဆက်လက်ပြီး စစ်ဆေးတဲ့ အခါသင်ယူထားတဲ့ Video က အသံပိုင်းဆိုင်ရာ တူညီတာပဲဖြစ်ပြီး Cover Song ဘာညာဆိုရင် ခွင့်ပြုမှာဖြစ်ပြီးလုံး၀ တိုက်ရိုက်ကူးယူ တင်ချထားတာဆိုရင်တော့အရေးယူမှာဖြစ်ပါတယ်…

ဒါကို Facebook က ခွင့်ပြုတယ်ဟ အရေးမယူဘူးဟ ဆိုပြီး

ကျနော် ဆက်တင်ပါတယ်3 ရက် အကောင့်ပိတ်ပါတယ်

နောက်လတွေမှာလဲ ၇ ရက်တွေ ဘာတွေ အသုံးပြုခွင့်ပိတ်ပါတယ်နောက်ဆုံးမှာတော့ ကျနော့် Account တွေကို အပြီးအသက်Facebook က ဖယ်ရှားသွားပါပြီ

ဘယ်လိုမှ အသနား ခံလို့မရပါ ဘယ် ID မှလဲ လက်မခံပါ

ကျနော်တို့ အဲ့ဒီ မြန်မာစာတန်းထိုး ရုပ်ရှင်တွေ MTV တွေ

တင်လို့ ဘာတွေ ပေးဆပ်လိုက်ရလဲ ဆိုတော့ ကျနော်တို့

သူငယ်ချင်းတွေ ရှိနေတဲ့ Facebook နဲ့

ကျနော်တို့ အမှတ်တရ တွေ အများကြီးရှိနေတဲ့ ၈ နှစ်တာလောက်သုံးလာတဲ့ Account က ဘယ်တော့မှ ပြန်မရနိုင်အောင်ရာသက်ပန် Disabled ကျသွားပါပြီ…

ခု Channel Myanmar လို မြန်မာစာတန်းထိုး ရုပ်ရှင်တွေ

Facebook မှာ ပြန်တင်နေကြတာတွေ့ပါတယ်Auto Report က အနှေးနဲ့ အမြန်ရောက်လာမှာပါFacebook က ကိုယ်ပိုင်ဖန်တီးတဲ့ Video တွေကလွဲရင်

နိုင်ငံတကာ ရုပ်ရှင်တွေ ဇတ်လမ်းတွဲတွေ အစီအစဉ်တွေ

Talk Show တွေ နဲ့ The Voice လို သီချင်းဆိုပြိုင်ပွဲက

Video တွေ ယူတင်ဖို့ဆို မလုပ်ခင် ကြိုစဉ်းစားပါ

တင်မိလို့ သူတို့ ဖျက်လိုက်ပြီ သတိပေးလာရင်လဲNoti ကနေ တဆင့်ဝင်ပြီး သေချာ Remove လုပ်ပါ၃ ခါထက် မနည်း သတိပေးပြီးရင် သင်မလိုက်နာတာသေချာပြီ လို့ Facebook က မှတ်ယူပြီး ပယ်ဖျက်သွားပါလိမ့်မယ်နောက်ပိုင်း အဲ့ဒီနာမည်နဲ့ Facebook သုံးလို့မရအောင်ထိFacebook ကနေ ပယ်ဖျက်သွားပါမယ် ၁ နာရီကနေတစ်ရက်အတွင်း ကို ထပ်ခါ ထပ်ခါ Disabled တွေ ကျပါမယ်

ဒါကြောင့် ဒီပိုစ် ဖတ်မိတယ်ဆိုရင် မိမိ နဲ့ သက်ဆိုင်တဲ့

Video တွေကို ပဲ ထားပါ Facebook ထဲက Photo ကို ဝင်ပါ

Album ကိုသွားပါ Video Album ထဲ ဝင်ပြီး မဆိုင်တာတွေကိုဖျက်ပစ်လိုက်ပါ ဒါဆိုရင် မှီပါသေးတယ်Facebook ကနေ ဖျက်ပစ်ဖို့ အချိန်အလုံအလောက်ပေးထားပြီးသားပါ

လိုက်နာရမှာ သင့်တာဝန်ပဲဖြစ်ပါတယ်….နောက်ပိုင်း မြန်မာသီချင်းတွေကိုပါ Copy Right ထားလာပါပြီဒါကြောင့် သီချင်းတင်တဲ့ ကိစ္စတွေ မြန်မာစာတန်းထိုးရုပ်ရှင်တွေတင်တဲ့ ကိစ္စတွေကို အတက်နိုင်ဆုံး ရှောင်ပြီး

ကိုယ့် Facebook Account ကို သံယောဇဉ်ရှိတယ်ဆိုရင်Facebook က ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေလိုက်နာနိုင်ပါစေ…

ဖိုးသူတော် (www.phothutaw.com)

Credit: Thit San Khant

#

Latest Comments

Leave a Comment

Related News