Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

ဖုန်းအဖြစ် သုံးနိုင်သည့် ကမ္ဘာ့ပထမဆုံး လက်သည်းတု ...!

Image



 ဗြိတိန်အခြေစိုက် မိုဘိုင်းအော်ပရေတာ O2 က ဖုန်းအဖြစ်လည်း အသုံးပြုနိုင်သည့် ကမ္ဘာ့ပထမဆုံးလက်သည်းတု ကို ထုတ်ဖော်ပြသခဲ့သည်ဟု သိရသည်။ သိပ္ပံပညာရှင်ရှိန်းမိုင်စ်နှင့် လက်သည်းတု ကုမ္ပဏီ Nails တို့ ပူးပေါင်း လုပ်ဆောင်ခြင်း ဖြစ်ပြီး မိုဘိုင်းလက်သည်းတု၏ နမူနာပုံစံတွင် တယ်လီဖုန်း၏ စကားပြောခွက် အဖြစ် လုပ်ဆောင်နိုင်သော နည်းပညာကို

ထည့်သွင်းထားသည်။ မိုဘိုင်း လက်သည်းတုကြောင့် အသုံးပြုသူများသည် လက်ချောင်းတစ်ချောင်းကို မျက်နှာအနားသို့ ကပ်လိုက်ရုံနှင့် ဖုန်းပြောနိုင်မည် ဖြစ်သည်။

မို်ဘိုင်းဖုန်းတစ်လုံးနှင့် ချိတ်ဆက်ထားသော Bluetooth ချစ်ပြားလေးကို ထည့်သွင်းထားသောကြောင့် ဖုန်းဖြေကြားခြင်း ၊ သီချင်းဖွင့်ခြင်း ၊ ၀င်ထားသည့် ဖုန်းနံပါတ်အား ဖုန်းပြန်ဆက်ခြင်း တို့်ကို လက်သည်းထဲရှိ

ခလုတ်လေးတစ်ခုကို နှိပ်ရုံနှင့် လုပ်ဆောင်နိုင်မည် ဖြစ်သည်။ O2 မှ တာ၀န်ရှိသူတစ်ဦးဖြစ်သည့် နီနာ ဘီဘီက " ဖက်ရှင်နဲ့ နည်းပညာကို ပေါင်းစပ်နိုင်ဖို့ ကြိုးစားနေတာပါ။

ဖုန်းဆိုတာ လူတွေ အသုံးပြုလာတာ နှစ်ပေါင်းများစွာကြာပြီဆိုပေမယ့်

နည်းပညာက ခန္ဓာကိုယ်ရဲ့ အဆင့်တန်ဆာတစ်ခုဖြစ်လာဖို့က နောက်ခြေတစ်လှမ်းပါ " ဟု ဆိုခဲ့သည်။ မို်ဘိုင်း လက်သည်းတုများကို Nails က ဒီဇိုင်းအမျိုးမျိုးဖြင့် အလှဆင်ပေးသွားမည်ဖြစ်သည်။ O2 က ၂၀၄၉ ခုနှစ်တွင် ခန္ဓာကိုယ် အစိတ်အပိုင်းများတွင် စမတ်ဖုန်းများ ထည့်သွင်းသွားနိုင်သည့် အဆင့်အထိ နည်းပညာသစ်များကို တီထွင်ဖန်တီးသွားနိုင်ရန် မျှော်မှန်းထားသည်ဟု သိရသည်။

(DM,23.12.17)

မေဇွန်

ဖိုးသူတော် (www.phothutaw.com)

Credit: Pyi Myanmar

#

Latest Comments

Leave a Comment

Related News